[Zawgyi]
Ref : gizmochina
[Unicode]
Microsoft က Laptop/Tablet ၂ မျိုးသုံး Surface Pro 7 ကို ကြေညာ
Microsoft က ဒီဇိုင်းလန်းတဲ့ Surface Pro 7 ကို ကြေညာလိုက်ပါတယ်။ Laptop လိုရော Tablet လိုပါ သုံးနိုင်မှာ ဖြစ်ပါတယ်။ USB-C Port အသစ် ပါလာတဲ့အတွက် အားသွင်းရင် ပိုလန်းသွားမှာပါ။ အရင်မျိုးဆက်တွေလိုပဲ Surface Pro 7 မှာ ၁၂ လက်မ Display ပါပြီး ခေါက်ချိုးနိုင်တဲ့ Kickstand ပါပါတယ်။ ရှုထောင့်မျိုးစုံကနေ ကြည့်နိုင်အောင် Kickstand ကို ချိန်ညှိနိုင်ပါတယ်။
ဒါတင်မကသေးပါဘူး။ ဖြုတ်၊ တပ်နိုင်တဲ့ ကီးဘုတ်လည်း ထည့်ပေးထားပါတယ်။ စာရေးဖို့၊ ပုံဆွဲဖို့၊ မှတ်စုတွေ မှတ်ဖို့ အတွက် Surface Pen Stylus ပါပါတယ်။ Word နဲ့ Excel မှာ Edit လုပ်ရင် Surface Pen က အရမ်းမိုက်ပါတယ်။ လက်နဲ့ရေးတဲ့ စာတွေကို နားလည်တဲ့ စွမ်းရည်လည်း ပါပါတယ်။
10th Gen Intel Core i3 , i5 နဲ့ i7 Chips တွေ ရွေးချယ်နိုင်ပြီး အရင်မျိုးဆက်တွေထက် ပိုစွမ်းရည်မြင့်မားလာပါတယ်။ 128GB SSD or 1TB SSD တွေ ရွေးချယ်နိုင်ပါတယ်။ RAM အပိုင်းမှာတော့ 4GB , 8GB or 16GB တွေ ထုတ်လုပ်ထားပါတယ်။ ၁၂.၃ လက်မ 2736x1824p 267ppi PixelSense Display ဖြစ်ပြီး Surface Pro 6 မှာလို 3:2 Ratio ဖြစ်ပါတယ်။
Surface Pro 7 ကို မကြာခင်မှာ ကြိုတင်မှာယူနိုင်တော့မှာဖြစ်ပြီး ၂၂ ရက်နေ့မှာ ပို့ဆောင်ပေးမှာပါ။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၇၄၉ ဒေါ်လာရှိပြီး မြန်မာငွေ ၁၁ သိန်းကျော်ပါတယ်။
Ref : gizmochina