Zawgyi

Microsoft ကေန Surface Tablet ေတြကို ထုတ္လုပ္လာတာ အခုဆိုရင္ Surface Pro 7 အထိကို ေရာက္ရွိေနၿပီျဖစ္ပါတယ္။ အဆိုပါ Surface Tablet ေတြဟာ Windows OS သုံး Tablet တျဖစ္လဲ Convertible PC ေတြအေနနဲ႔ ေအာင္ျမင္ခဲ့ေပမယ့္ ယခင္တုန္းကအထိ ျပန္လည္ျပင္ဆင္ႏိုင္စြမ္းမွာ အားနည္းေနခဲ့ပါတယ္။ အခုအခ်ိန္မွာေတာ့ Microsoft ကေန အဆိုပါ အားနည္းခ်က္ကို Surface Pro X Tablet အသစ္နဲ႔ ျပင္ဆင္ႏိုင္ခဲ့တဲ့ပုံစံပါပဲ။

ဘာေၾကာင့္လဲဆိုရင္ လက္ရွိ Teardown Website ေတြထဲမွာ နာမည္ႀကီးျဖစ္တဲ့ iFixit ကေန Microsoft Surface Pro X Tablet ကို Teardown ျပဳလုပ္ခဲ့ၿပီးေတာ့ လက္ရွိေရာင္းခ်ေနတဲ့ Tablet ေတြထဲမွာ ျပင္ဆင္ရအလြယ္ကူဆုံး Tablet တစ္ခုအျဖစ္ သတ္မွတ္လိုက္တာေၾကာင့္ပဲျဖစ္ပါတယ္။

Surface Pro X ဟာ SSD Storage ကိုလည္း Tablet ရဲ႕ ေနာက္ေက်ာဘက္မွာ ျဖဳတ္ရလြယ္ေအာင္ တပ္ဆင္ေပးထားၿပီးေတာ့ Storage တိုးခ်င္တာ ဒါမွမဟုတ္ SSD ကို လဲလွယ္ဖို႔အတြက္က Screw တစ္ခုပဲ လိုမွာျဖစ္ပါတယ္။ ဒ့ါအျပင္ SIM Slot ကလည္း အေနာက္မွာပဲ အလြယ္ရွိေနပါတယ္။ Display ကို ခြာဖို႔အတြက္ကလည္း အပူေပးစရာ ဒါမွမဟုတ္ ေဖ်ာ္ရည္တစ္ခုခုအသုံးျပဳစရာမလိုဘဲ အလြယ္တကူျပဳလုပ္ႏိုင္တာျဖစ္ပါတယ္။ ဒီအခ်က္က တျခားေသာ ၿပိဳင္ဘက္ကုမၸဏီေတြနဲ႔ ယွဥ္ရင္ အားသာခ်က္တစ္ခုျဖစ္လာပါတယ္။

ေနာက္ထပ္ အားသာခ်က္တစ္ခုကလည္း Tablet အတြက္က Screw ေတြအားလုံးအတြက္ တူညီတဲ့ Torx Screwdriver တစ္ခုပဲ လိုအပ္တာျဖစ္ပါတယ္။ Tablet ရဲ႕ USB-C Port ၂ ခုအပါအဝင္ အစိတ္အပိုင္းအကုန္လုံးကလည္း ျဖဳတ္ရလြယ္ကူတယ္လို႔သိရပါတယ္။ iFixit ကေတာ့ Microsoft က ဒီႏွစ္မိတ္ဆက္ထားတဲ့ Surface Laptop 3 နဲ႔ အခု Pro X Tablet ၂ ခုစလုံးကို ျပင္ဆင္ရလြယ္ကူဖို႔စိတ္ကူးနဲ႔ ျပဳလုပ္ထားတာျဖစ္တယ္လို႔ေတာင္ ေျပာၾကားသြားခဲ့တာပါ။

အဲ့ဒီအတြက္ Microsoft Surface Pro X ဟာ iFixit ရဲ႕ Repairability Score မွာ 6 out of 10 ရရွိခဲ့ၿပီး တျခား iPad Pro လိုမ်ိဳး Repairability Score 3 out of 10 ပဲ ရရွိထားတဲ့ Tablet ေတြနဲ႔ယွဥ္ရင္ သိသိသာသာကို တိုးတက္လာတာျဖစ္ပါတယ္။

Ref – Engadget

Unicode

Microsoft ကနေ Surface Tablet တွေကို ထုတ်လုပ်လာတာ အခုဆိုရင် Surface Pro 7 အထိကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အဆိုပါ Surface Tablet တွေဟာ Windows OS သုံး Tablet တဖြစ်လဲ Convertible PC တွေအနေနဲ့ အောင်မြင်ခဲ့ပေမယ့် ယခင်တုန်းကအထိ ပြန်လည်ပြင်ဆင်နိုင်စွမ်းမှာ အားနည်းနေခဲ့ပါတယ်။ အခုအချိန်မှာတော့ Microsoft ကနေ အဆိုပါ အားနည်းချက်ကို Surface Pro X Tablet အသစ်နဲ့ ပြင်ဆင်နိုင်ခဲ့တဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် လက်ရှိ Teardown Website တွေထဲမှာ နာမည်ကြီးဖြစ်တဲ့ iFixit ကနေ Microsoft Surface Pro X Tablet ကို Teardown ပြုလုပ်ခဲ့ပြီးတော့ လက်ရှိရောင်းချနေတဲ့ Tablet တွေထဲမှာ ပြင်ဆင်ရအလွယ်ကူဆုံး Tablet တစ်ခုအဖြစ် သတ်မှတ်လိုက်တာကြောင့်ပဲဖြစ်ပါတယ်။

Surface Pro X ဟာ SSD Storage ကိုလည်း Tablet ရဲ့ နောက်ကျောဘက်မှာ ဖြုတ်ရလွယ်အောင် တပ်ဆင်ပေးထားပြီးတော့ Storage တိုးချင်တာ ဒါမှမဟုတ် SSD ကို လဲလှယ်ဖို့အတွက်က Screw တစ်ခုပဲ လိုမှာဖြစ်ပါတယ်။ ဒ့ါအပြင် SIM Slot ကလည်း အနောက်မှာပဲ အလွယ်ရှိနေပါတယ်။ Display ကို ခွာဖို့အတွက်ကလည်း အပူပေးစရာ ဒါမှမဟုတ် ဖျော်ရည်တစ်ခုခုအသုံးပြုစရာမလိုဘဲ အလွယ်တကူပြုလုပ်နိုင်တာဖြစ်ပါတယ်။ ဒီအချက်က တခြားသော ပြိုင်ဘက်ကုမ္ပဏီတွေနဲ့ ယှဥ်ရင် အားသာချက်တစ်ခုဖြစ်လာပါတယ်။

နောက်ထပ် အားသာချက်တစ်ခုကလည်း Tablet အတွက်က Screw တွေအားလုံးအတွက် တူညီတဲ့ Torx Screwdriver တစ်ခုပဲ လိုအပ်တာဖြစ်ပါတယ်။ Tablet ရဲ့ USB-C Port ၂ ခုအပါအဝင် အစိတ်အပိုင်းအကုန်လုံးကလည်း ဖြုတ်ရလွယ်ကူတယ်လို့သိရပါတယ်။ iFixit ကတော့ Microsoft က ဒီနှစ်မိတ်ဆက်ထားတဲ့ Surface Laptop 3 နဲ့ အခု Pro X Tablet ၂ ခုစလုံးကို ပြင်ဆင်ရလွယ်ကူဖို့စိတ်ကူးနဲ့ ပြုလုပ်ထားတာဖြစ်တယ်လို့တောင် ပြောကြားသွားခဲ့တာပါ။

အဲ့ဒီအတွက် Microsoft Surface Pro X ဟာ iFixit ရဲ့ Repairability Score မှာ 6 out of 10 ရရှိခဲ့ပြီး တခြား iPad Pro လိုမျိုး Repairability Score 3 out of 10 ပဲ ရရှိထားတဲ့ Tablet တွေနဲ့ယှဥ်ရင် သိသိသာသာကို တိုးတက်လာတာဖြစ်ပါတယ်။

Ref – Engadget