အခုနောက်ပိုင်းမှာ ကုမ္ပဏီတွေက အိမ်မှာပဲ Work From Home ပြုလုပ်ဖို့ကို ဦးစားပေးလာကြပါတယ်။ အဲ့ဒီအတွက် ပုံမှန် Meeting တွေအစား Video Conferencing App တွေကို အသုံးပြုမှုကလည်း သိသိသာသာများပြားလာပါတယ်။

အဆိုပါ Video Conferencing App တွေထဲမှာ Zoom နဲ့ Google Meet တွေက အသုံးအများဆုံးဖြစ်နေသလို Microsoft ရဲ့ Teams ကလည်း ကုမ္ပဏီကြီးတွေအနေနဲ့ သုံးစွဲမှုမြင့်တက်ခဲ့ပါသေးတယ်။ အခုလည်း Microsoft ကနေ Zoom နဲ့ ယှဥ်ပြိုင်နိုင်ဖို့အတွက် Feature အသစ်တစ်ခုကို ထုတ်ပေးလိုက်ပါပြီ။

ဒါကတော့ Video Call တွေမှာ အနောက်ဖက်က Background ကို စိတ်ကြိုက် ဓါတ်ပုံတွေနဲ့ ပြောင်းလဲခွင့်ပေးလိုက်တာဖြစ်ပါတယ်။ အစောပိုင်းတုန်းက Microsoft Teams မှာ Background Blurring Effect အပြင် Microsoft ကနေ သတ်မှတ်ပေးထားတဲ့ Background ဓါတ်ပုံတွေကိုပဲ ရွေးချယ်နိုင်ခွင့်ရှိခဲ့တာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Microsoft ကနေ Teams ကို အခမဲ့အသုံးပြုနေတဲ့သူတွေအတွက် “Meet Now” Option တင်မဟုတ်ဘဲ Meetings တွေကို Schedule ပြုလုပ်နိုင်တော့မှာဖြစ်သလို Invite တွေကိုလည်း ပေးပို့နိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Live Caption Feature ကိုပါ အသုံးပြုနိုင်မှာပါ။

ဘာပဲဖြစ်ဖြစ် Microsoft Teams ဟာ Zoom နဲ့ Google Meet တို့လောက်တော့ အောင်မြင်ခြင်းမရှိပေမယ့်လည်း အခုလိုမျိုး Feature အသစ်တွေရရှိလာတဲ့အတွက် အသုံးပြုသူပိုပြီး များပြားလာနိုင်ပါတယ်။

Ref – The Verge