Microsoft ရဲ့ Windows 10 Operating System ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက အသုံးပြုသူ ၁ ဘီလီယံကို ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Windows and Device Chief ဖြစ်တဲ့ Panos Panay ကနေ သူ့ရဲ့ Instagram Account မှာ Windows 10 ရဲ့ နောက်ပိုင်းဖြစ်လာနိုင်ခြေရှိတဲ့ UI အသစ် Video ကို ထုတ်ပြခဲ့ပါတယ်။

အဆိုပါ Video အရတော့ လက်ရှိ Windows 10 မှာပါဝင်တဲ့ Live Tiles တွေကိုအဓိကပြောင်းလဲသွားမှာဖြစ်ပြီး Interface ကိုလည်း ပိုပြီးရိုးရှင်းအောင် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Start Menu ပိုင်းမှာလည်း ပြောင်းလဲမှု အများအပြားရှိလာမှာပါ။

နောက်ထပ် အဓိကပြောင်းလဲမှုကတော့ လက်ရှိ Windows Explorer ကို လုံးဝခေတ်မှီတဲ့ ဒီဇိုင်းနဲ့ မြင်တွေ့ရမယ့် Files App ပဲဖြစ်ပါတယ်။ ဒီ Video မှာ ဖော်ပြသွားတဲ့အတိုင်းဆိုရင်တော့ Windows Explorer ကို အစားထိုးလာမယ့် Files App ဟာ ပိုပြီး ရိုးရှင်းလာမယ့်အပြင် စမတ်ဖုန်း File Manager App တွေနဲ့ ပိုပြီး ဆင်တူလာမှာပါ။ ဖြစ်နိုင်တာကတော့ Microsoft ကနေ နောက်ပိုင်းမှာ Dual Screen နဲ့ Touch Screen Device တွေအတွက် Windows 10 ကို ပုံစံပြောင်းချင်တဲ့ပုံစံပါပဲ။

အခု Windows 10 UI အသစ်နဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ လာမယ့် မတ်လ ၃၀ ရက်နေ့မှာ Online ကနေ ပြုလုပ်မယ့် Event မှာပြောကြားသွားဖွယ်ရှိနေပါတယ်။ Microsoft ဟာ အဆိုပါ Event မှာ Office ၊ Microsoft Teams ၊ Password Manager နဲ့ တခြားသော Feature တွေကို Microsoft 356 Subscription Service ထဲကို ပေါင်းထည့်သွားမယ့်အကြောင်းကို အဓိက ကြေညာသွားနိုင်ပြီး Surface Book 3 နဲ့ Surface Go 2 လိုမျိုး ကွန်ပျူတာတွေကိုတော့ နောက်ပိုင်းမှ မိတ်ဆက်သွားဖို့များနေပါတယ်။

Ref – The Verge