Unicode

Microsoft ရဲ့ မိုဘိုင်း OS အိပ်မက်ကတော့ ရပ်တန့်သွားပါပြီ။ ယနေ့မှာ Windows 10 Mobile ထုတ်ကုန်တွေ အားလုံးအတွက် နည်းပညာ Support ကို ရပ်တန့်လိုက်ပြီဖြစ်တာကြောင့် Security Updates တွေအပါအဝင် ဝန်ဆောင်မှုများ ထပ်မံထုတ်လုပ်ပေးတော့မှာမဟုတ်ပါဘူး။

Windows 10 Mobile ဖုန်းတွေပေါ်က Office Apps တွေကိုတော့ လာမယ့် ၂၀၂၁ ခုနှစ် ဇန္နဝါရီ ၁၂ ရက်နေ့ထိ Support သွားဦးမှာပါ။ ဒါ့ကြောင့် Word, Excel, PowerPoint စတာတွေကတော့ Update နဲ့ Security Patch တွေ ထပ်ရနေဦးမယ့် သဘောပါပဲ။ Microsoft ကတော့ သုံးစွဲသူတွေကို Android သို့ iOS စက်များကို ပြောင်းလဲသုံးစွဲစေဖို့ အကြံပေးထားပါတယ်။

Windows 10 Mobile ဟာ ၂၀၁၅ ခုနှစ်က စတင်ရောက်ရှိလာပြီး Lumia 950, 950 XL နဲ့ 550 ဟန်းဆက်တွေမှာ ပွဲထွက်လာခဲ့တာပါ။ ဒီဖုန်းတွေကို “Windows Phone” တွေလို့ ခေါ်ခဲ့ကြပြီး Windows 10 ရဲ့ ARM ဗားရှင်းများအဖြစ် ထုတ်ဖော်ပြခဲ့ကြပါတယ်။

သူ့ရှေ့က Windows Phone 8.1 ကိုတော့ Windows 10 Mobile ထွက်ပြီး နှစ်အနည်းငယ်အကြာမှာပဲ ရပ်တန့်ပစ်ခဲ့တာပါ။ ဒီလိုနဲ့ ၂၀၁၈ မှာတော့ ဈေးကွက်ထဲမှာ ထုတ်လုပ်ထားတဲ့ Windows Phone တွေရဲ့ ထိုးဖောက်မှု ကုန်ဆုံးသွားခဲ့ပါတယ်။ Windows Phone 8.1 အတွက် App Store ဟာ ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သက်တမ်းကုန်မှာပါ။

Windows 10 Mobile ရဲ့ App Store ကတော့ နောက်ထပ်နှစ်အနည်းငယ် ထပ်မြင်ရဦးမယ့်သဘောပါပဲ။ ဒါပေမယ့် သူလည်း Office App တွေကို ထောက်ပံ့မှုသက်တမ်းကုန်တဲ့အချိန်ကျရင် အပြီးတိုင်ရပ်စဲသွားဦးမှာပါ။

Ref – GSM Arena

Zawgyi

Microsoft ရဲ႕ မုိဘုိင္း OS အိပ္မက္ကေတာ့ ရပ္တန္႔သြားပါၿပီ။ ယေန႔မွာ Windows 10 Mobile ထုတ္ကုန္ေတြ အားလုံးအတြက္ နည္းပညာ Support ကို ရပ္တန္႔လုိက္ၿပီျဖစ္တာေၾကာင့္ Security Updates ေတြအပါအဝင္ ဝန္ေဆာင္မႈမ်ား ထပ္မံထုတ္လုပ္ေပးေတာ့မွာမဟုတ္ပါဘူး။

Windows 10 Mobile ဖုန္းေတြေပၚက Office Apps ေတြကိုေတာ့ လာမယ့္ ၂၀၂၁ ခုႏွစ္ ဇႏၷဝါရီ ၁၂ ရက္ေန႔ထိ Support သြားဦးမွာပါ။ ဒါ့ေၾကာင့္ Word, Excel, PowerPoint စတာေတြကေတာ့ Update နဲ႔ Security Patch ေတြ ထပ္ရေနဦးမယ့္ သေဘာပါပဲ။ Microsoft ကေတာ့ သုံးစြဲသူေတြကို Android သို႔ iOS စက္မ်ားကို ေျပာင္းလဲသုံးစြဲေစဖို႔ အၾကံေပးထားပါတယ္။

Windows 10 Mobile ဟာ ၂၀၁၅ ခုႏွစ္က စတင္ေရာက္ရွိလာၿပီး Lumia 950, 950 XL နဲ႔ 550 ဟန္းဆက္ေတြမွာ ပြဲထြက္လာခဲ့တာပါ။ ဒီဖုန္းေတြကို “Windows Phone” ေတြလို႔ ေခၚခဲ့ၾကၿပီး Windows 10 ရဲ႕ ARM ဗားရွင္းမ်ားအျဖစ္ ထုတ္ေဖာ္ျပခဲ့ၾကပါတယ္။

သူ႕ေရွ႕က Windows Phone 8.1 ကုိေတာ့ Windows 10 Mobile ထြက္ၿပီး ႏွစ္အနည္းငယ္အၾကာမွာပဲ ရပ္တန္႔ပစ္ခဲ့တာပါ။ ဒီလိုနဲ႔ ၂၀၁၈ မွာေတာ့ ေစ်းကြက္ထဲမွာ ထုတ္လုပ္ထားတဲ့ Windows Phone ေတြရဲ႕ ထိုးေဖာက္မႈ ကုန္ဆုံးသြားခဲ့ပါတယ္။ Windows Phone 8.1 အတြက္ App Store ဟာ ဒီဇင္ဘာ ၁၆ ရက္ေန႔မွာ သက္တမ္းကုန္မွာပါ။

Windows 10 Mobile ရဲ႕ App Store ကေတာ့ ေနာက္ထပ္ႏွစ္အနည္းငယ္ ထပ္ျမင္ရဦးမယ့္သေဘာပါပဲ။ ဒါေပမယ့္ သူလည္း Office App ေတြကို ေထာက္ပံ့မႈသက္တမ္းကုန္တဲ့အခ်ိန္က်ရင္ အၿပီးတုိင္ရပ္စဲသြားဦးမွာပါ။

Ref – GSM Arena