အခုအချိန်ဟာ တရုတ်နှစ်သစ်ကူးအချိန်ကို နီးကပ်လာပြီဖြစ်သလို နည်းပညာကုမ္ပဏီတွေကလည်း Limited Edition ပစ္စည်းတွေအများအပြား မိတ်ဆက်နေကြပြီဖြစ်ပါတယ်။ အခုလည်း Microsoft ကနေ တရုတ်နှစ်ကူးအတွက်ရည်ရွယ်ထားတဲ့ Xbox Series S Game Console အသစ်ကို မိတ်ဆက်လိုက်ပါတယ်။

အဆိုပါ Xbox Series S အသစ်ဟာ မကြာမီကျရောက်တော့မယ့် ကျားနှစ် (Year of the Tiger) ကို ကိုယ်စားပြုထားတာဖြစ်ပြီး အနီရောင်ဖြင့် Game Console အပါအဝင် Xbox Controller ကိုပါ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။ အဆိုပါ Custom Xbox Series S Console တွေဟာ ၁၅ မျိုးထွက်ရှိထားတာဖြစ်ပြီး Chinese Cartoon Designer တစ်ဦးဖြစ်တဲ့ Bu2ma နဲ့ ပူးပေါင်းပြီး ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဒါပေမယ့် ထူးခြားချက်တစ်ခုကတော့ အဆိုပါ Custom Xbox Series S Game Console တွေဟာ ရောင်းချသွားမှာမဟုတ်ဘဲ Twitter ၊ Wechat နဲ့ Bilibili Platform တွေပေါ်မှာ Giveaway အနေနဲ့ ပေးအပ်သွားမှာဖြစ်ပါတယ်။

ဒါကြောင့် အဆိုပါ Year of the Tiger Xbox Series S တွေဟာ စုဆောင်းတတ်တဲ့သူတွေကြားမှာ ရေပန်းစားမယ်လို့ ယူဆရပြီးတော့ Design ပိုင်းအရလည်း တစ်ခုနဲ့တစ်ခုမတူအောင် ပြုလုပ်ထားတာက ပိုပြီးဆန်းနေစေမှာပါ။

တရုတ်နှစ်ကူးကာလဟာ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ စတင်မှာဖြစ်ပြီး Microsoft အနေနဲ့ ယခု Custom Xbox Series S Game Console ဘယ်နှစ်ခုကို Giveaway ပေးသွားမလဲဆိုတာကိုတော့ တရားဝင်ပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

Ref – Gizmo China