Microsoft ဟာ လာမယ့် ဇွန်လ ၂၄ ရက်နေ့မှာ Windows 11 လို့ ယူဆရတဲ့ OS အသစ်ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ အဆိုပါ Windows 11 ဟာ Feature ပိုင်းအရရော Design ပိုင်းအရပါ လက်ရှိ Windows 10 ထက် သိသိသာသာပြောင်းလဲလာမယ်ဆိုပြီး ခန့်မှန်းနေကြတာဖြစ်ပါတယ်။

အခုအချိန်အထိတော့ Windows 11 နဲ့ ပတ်သက်ပြီး သတင်းပေါက်ကြားတာမျိုးမရှိသေးပေမယ့် Microsoft ကနေ Windows 10 နဲ့ ပတ်သက်တဲ့သတင်းတစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ ဒါကတော့ လာမယ့် အောက်တိုဘာလ ၁၄ ရက်နေ့၊ ၂၀၂၅ အထိပဲ Windows 10 ကို Support ပြုလုပ်သွားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် Microsoft ဟာ လာမယ့် ၄ နှစ်အတွင်းမှာ Windows 10 ကနေ Windows 11 ကိုလူတိုင်းပြောင်းလဲအသုံးပြုဖို့အတွက် ခန့်မှန်းထားတယ်လို့ ယူဆရပါတယ်။ ဒီ ၄ နှစ်ဆိုတဲ့အချိန်ဟာ ယခင် Windows 7 ကနေ Windows 10 ကို ပြောင်းလဲဖို့ပေးထားတဲ့အချိန်နဲ့ ယှဥ်ရင် တော်တော်လေးကို တိုးတောင်းနေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Microsoft ဟာ Windows 10 ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့၊ ၂၀၁၅ တုန်းက မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Microsoft အနေနဲ့ စုစုပေါင်း သက်တမ်း ၁၀ နှစ်ကျော်အထိ Windows 10 ကို Support ပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

Ref – Engadget