Zawgyi

Huawei ဟာ ယခုႏွစ္ ႏွစ္လယ္ပိုင္းတုန္းက US ကုမၸဏီေတြရဲ႕ ပိတ္ဆို႔မႈေတြကို ခံခဲ့ရၿပီးေတာ့ အဆိုပါ ကုမၸဏီေတြထဲမွာ Microsoft ကလည္း အပါအဝင္ျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Huawei အတြက္ သတင္းေကာင္းတစ္ခုထြက္ေပၚလာၿပီျဖစ္ၿပီး ဒါကေတာ့ Microsoft ကေန Huawei ကို ျပန္လည္ၿပီး Software ေတြ ေရာင္းခ်သြားေတာ့မွာပဲျဖစ္ပါတယ္။

Microsoft က Huawei ဆီကို Mass-market Software ေတြေရာင္းခ်ခြင့္ကို ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၂၀ ရက္ေန႔က US Department of Commerce ကေန ခြင့္ျပဳေပးခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒီအတြက္ Microsoft ရဲ႕ ေျပာေရးဆိုခြင့္ရွိသူကလည္း အခုလိုမ်ိဳး Huawei နဲ႔ ျပန္လည္ကုန္သြယ္ခြင့္ေပးတဲ့အတြက္ ေက်းဇူးတင္ရွိတယ္လို႔လည္း Bloomberg ကို ေျပာၾကားခဲ့ပါတယ္။

Huawei ဟာ ဒီႏွစ္အေစာပိုင္းတုန္းက US ကုမၸဏီေတြရဲ႕ ပိတ္ဆို႔မႈေၾကာင့္ CES မွာ ျပသခဲ့တဲ့ Laptop အသစ္ေတြေရာင္းခ်ဖို႔ကို ရပ္ခိုင္းခဲ့ရသလို Microsoft ဘက္ကလည္း Microsoft Store Website မွာ Huawei Laptop ေတြ ေရာင္းခ်မႈကို ခတၱရပ္ခိုင္းခဲ့တာျဖစ္ပါတယ္။

ဒါတင္မဟုတ္ေသးဘဲ Huawei နဲ႔ Microsoft ဟာ Microsoft ရဲ႕ Azure Stack Hybrid Cloud Solution နဲ႔ Microsoft-certified Huawei Server ေတြကိုပါ အသုံးျပဳေနတဲ့အတြက္ အခုလိုမ်ိဳး Huawei ကို ျပန္လည္ Software ေရာင္းခ်ခြင့္ရရွိတာက Huawei အတြက္ သတင္းေကာင္းျဖစ္လာမွာပါ။

ဘာပဲျဖစ္ျဖစ္ အခုသတင္းေၾကာင့္ မၾကာခင္အခ်ိန္အတြင္းမွာ Microsoft Windows OS သုံး Huawei Laptop အမ်ားအျပားကိုပါ ဆက္လက္ျမင္ေတြ႕ရဖြယ္ရွိေနပါတယ္။ အခုလို Microsoft ကေတာ့ ျပန္လည္ၿပီး Huawei နဲ႔ အဆင္ေျပသြားေပမယ့္လည္း Google ကေတာ့ အခုအခ်ိန္အထိ Huawei ကို ပိတ္ပင္ထားဆဲပါ။

Ref – The Verge

Unicode

Huawei ဟာ ယခုနှစ် နှစ်လယ်ပိုင်းတုန်းက US ကုမ္ပဏီတွေရဲ့ ပိတ်ဆို့မှုတွေကို ခံခဲ့ရပြီးတော့ အဆိုပါ ကုမ္ပဏီတွေထဲမှာ Microsoft ကလည်း အပါအဝင်ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Huawei အတွက် သတင်းကောင်းတစ်ခုထွက်ပေါ်လာပြီဖြစ်ပြီး ဒါကတော့ Microsoft ကနေ Huawei ကို ပြန်လည်ပြီး Software တွေ ရောင်းချသွားတော့မှာပဲဖြစ်ပါတယ်။

Microsoft က Huawei ဆီကို Mass-market Software တွေရောင်းချခွင့်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က US Department of Commerce ကနေ ခွင့်ပြုပေးခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီအတွက် Microsoft ရဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း အခုလိုမျိုး Huawei နဲ့ ပြန်လည်ကုန်သွယ်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ရှိတယ်လို့လည်း Bloomberg ကို ပြောကြားခဲ့ပါတယ်။

Huawei ဟာ ဒီနှစ်အစောပိုင်းတုန်းက US ကုမ္ပဏီတွေရဲ့ ပိတ်ဆို့မှုကြောင့် CES မှာ ပြသခဲ့တဲ့ Laptop အသစ်တွေရောင်းချဖို့ကို ရပ်ခိုင်းခဲ့ရသလို Microsoft ဘက်ကလည်း Microsoft Store Website မှာ Huawei Laptop တွေ ရောင်းချမှုကို ခတ္တရပ်ခိုင်းခဲ့တာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Huawei နဲ့ Microsoft ဟာ Microsoft ရဲ့ Azure Stack Hybrid Cloud Solution နဲ့ Microsoft-certified Huawei Server တွေကိုပါ အသုံးပြုနေတဲ့အတွက် အခုလိုမျိုး Huawei ကို ပြန်လည် Software ရောင်းချခွင့်ရရှိတာက Huawei အတွက် သတင်းကောင်းဖြစ်လာမှာပါ။

ဘာပဲဖြစ်ဖြစ် အခုသတင်းကြောင့် မကြာခင်အချိန်အတွင်းမှာ Microsoft Windows OS သုံး Huawei Laptop အများအပြားကိုပါ ဆက်လက်မြင်တွေ့ရဖွယ်ရှိနေပါတယ်။ အခုလို Microsoft ကတော့ ပြန်လည်ပြီး Huawei နဲ့ အဆင်ပြေသွားပေမယ့်လည်း Google ကတော့ အခုအချိန်အထိ Huawei ကို ပိတ်ပင်ထားဆဲပါ။

Ref – The Verge