Microsoft ဟာ Apple Siri , Google Assistant တို့နဲ့အပြိုင် AI Assistant တစ်ခုဖြစ်တဲ့ Cortana ကို မိတ်ဆက်ခဲ့တာအချိန်အတော်ကြာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Cortana ကို Windows PC တွေကလွဲရင် ဆက်ပြီးအသုံးပြုနိုင်ဖွယ်ရှိတော့မှာမဟုတ်တဲ့ပုံစံပါပဲ။

ဘာကြောင့်လဲဆိုရင် Microsoft ကနေ လာမယ့် ၂၀၂၁ အစောပိုင်းမှာ iOS နဲ့ Android အတွက် Cortana App ကို ပိတ်သိမ်းတော့မှာဖြစ်တယ်လို့ ကြေညာလိုက်တာကြောင့်ဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Third-party Cortana Skill တွေကိုလည်း လာမယ့် စက်တင်ဘာလ ၇ ရက်နေ့ ၂၀၂၀ ခုနှစ်မှာ ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။

နောက်ထပ်လည်း Microsoft ကနေ ထုတ်လုပ်ထားတဲ့ First Generation Surface Headphones မှာလည်း Cortana Assistant Feature ကို ဖယ်ရှားသွားမယ်လို့ သိရပါတယ်။ ၂၀၂၁ အစောပိုင်းမှာ Harman Kardon Invoke Speaker အတွက် Cortana Integration ကိုလည်း ဖြုတ်ချသွားမှာပါ။ အဲ့ဒီအတွက် Smart Speaker တွေကို ပုံမှန် Bluetooth Speaker တွေအဖြစ်ပြောင်းလဲသွားမယ့် Firmware Update ကိုလည်း ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

Microsoft ကတော့ Cortana ကိုအခုလိုမျိုး ပြောင်းလဲမှုတွေပြုလုပ်သွားမှာဖြစ်ပေမယ့်လည်း အပြီးတိုင်သတ်ပစ်တာမျိုးတော့ ပြုလုပ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ နောက်ပိုင်းမှာ Cortana ဟာ တခြားသော Microsoft App တွေဖြစ်တဲ့ Outlook နဲ့ Teams တွေကို Support ပြုလုပ်သွားမယ့် Feature တစ်ခုဖြစ်လာမယ်လို့ သိရပါတယ်။

Ref – Engadget