Microsoft ကနေ ပြီးခဲ့တဲ့လပိုင်းတုန်းက Edge Web Browser ကို Google Chromium Engine အနေနဲ့ ပြောင်းလဲပြီး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုလိုပြောင်းလဲပြီးနောက်ပိုင်းမှာ အသုံးပြုသူတွေတဖြည်းဖြည်းများပြားလာပြီး အခုဆိုရင် ဒုတိယမြောက်ရေပန်းအစားဆုံး Web Browser တစ်ခုလည်းဖြစ်လာပါပြီ။

Micrsoft ကနေ အဆိုပါ Edge Browser ကို ဘယ်လို Operating System တွေမှာ ဆက်ပြီး အသုံးပြုနိုင်မလဲဆိုတာကို Post တစ်ခုတင်ပြီး ကြေညာခဲ့ပါတယ်။ အဆိုပါကြေညာချက်အရ လူသုံးအများဆုံး Windows OS တစ်ခုဖြစ်ခဲ့တဲ့ WIndows 7 နဲ့ Windows Server 2008 R2 တို့က လာမယ့်ဇူလိုင်လ ၁၅ ရက်နေ့ ၂၀၂၁ ခုနှစ်အထိပဲ ဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် Windows 10 Version တွေဖြစ်တဲ့ 1507 ၊ 1511 ၊ 1607 နဲ့ 1703 တို့ကလည်း Support ပြုလုပ်တဲ့ OS Version ထဲမှာပါဝင်ခြင်းမရှိတော့ဘဲ Windows 10 1709 နဲ့ နောက်ပိုင်း Version တွေ၊ Windows Server 2012 နဲ့အထက်၊ Windows 8.1 တွေပဲ ဆက်လက် Support ပြုလုပ်သွားမယ်လို့သိရပါတယ်။

Microsoft အနေနဲ့ Windows 7 ကို End of Life Product အနေနဲ့ ယခုနှစ်စပိုင်းတုန်းက ကြေညာလိုက်ပြီဖြစ်သလို အခုနောက်ပိုင်းမှာလည်း Software Support တွေဆက်လက်ပေးနေခြင်းမရှိတော့တဲ့အတွက် ဒီလိုမျိုး Edge Browser အသုံးပြုနိုင်မှုကိုပါ လာမယ့်နှစ်အထိကန့်သတ်လိုက်တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ ပြောရမှာပါ။

ဘာပဲဖြစ်ဖြစ် အခုအချိန်အထိ Windows 7 ကို အသုံးပြုနေတဲ့သူတွေရှိတယ်ဆိုရင် Windows 10 ကို အခုပဲ Update ပြုလုပ်သင့်ပါပြီ။

Ref – Giz China