Zawgyi

Apple Device ေတြျဖစ္တဲ့ iPhone နဲ႔ MacBook လိုမ်ိဳး Apple Ecosystem ထဲမွာရွိတဲ့ Device ေတြကို အသုံးျပဳေနတယ္ဆိုရင္ iPhone မွာ ဖုန္းဝင္လာတယ္ဆိုရင္ MacBook ေပၚမွာပါ ဖုန္းအဝင္ကို သိရတာလိုမ်ိဳး Device အခ်င္းခ်င္း Synchronization လုပ္ႏိုင္တာက အားသာခ်က္တစ္ခုလို႔ ေျပာလို႔ရပါတယ္။ Android နဲ႔ Windows Device ေတြမွာေတာ့ Apple လိုမ်ိဳး Device အခ်င္းခ်င္းခ်ိတ္ဆက္ႏိုင္မႈမွာ အခုအခ်ိန္အထိ အားနည္းေနေသးတာျဖစ္ပါတယ္။

ဒါေပမယ့္ Microsoft ကေန Android Device ေတြနဲ႔ Windows PC ကို ခ်ိတ္ဆက္ႏိုင္တဲ့ Your Phone App ကို ႀကီးမားတဲ့ Upgrade တစ္ခုလုပ္ေပးလိုက္ပါတယ္။ ယခင္တုန္းက Your Phone App ဟာ Android Device ကို ခ်ိတ္ဆက္ထားတယ္ဆိုရင္ Notification Mirroring ၊ Text Messages ေတြနဲ႔ Recent Photo ေတြကိုပဲ Synchronize ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ဖုန္းအဝင္ Call ေတြကိုပါ လက္ခံႏိုင္ၿပီျဖစ္ပါတယ္။

အခု Android Device ေတြက ဖုန္းအဝင္ကို လက္ခံဖို႔ကေတာ့ ေလာေလာဆယ္မွာ Windows 10 Insider Preview Program ကို ဝင္ေရာက္ထားတဲ့သူေတြပဲ ရရွိေနဦးမွာျဖစ္ၿပီးေတာ့ မၾကာခင္မွာေတာ့ Stable Windows 10 Update နဲ႔အတူ ရရွိလာေတာ့မွာျဖစ္ပါတယ္။

ဒီလိုမ်ိဳး Android Device ကေန အလြယ္တကူဖုန္းလက္ခံႏိုင္ဖို႔အတြက္ကေတာ့ Android Device ေပၚမွာ Your Phone App ကို သြင္းထားဖို႔ လိုအပ္မွာျဖစ္ၿပီးေတာ့ ဖုန္းေျပာဆိုမႈကိုလည္း Android Device နဲ႔ Windows PC ၾကားမွာ အလြယ္တကူလႊဲေျပာင္းႏိုင္ဦးမွာျဖစ္ပါတယ္။ ဒါမွမဟုတ္ မကိုင္ခ်င္ဘူးဆိုရင္လည္း Windows PC ကေနပဲ SMS Text Message နဲ႔ Reject ျပဳလုပ္ႏိုင္ဦးမွာပါ။

အခုေလာေလာဆယ္မွာေတာ့ အဆိုပါ Feature ကို အသုံးျပဳဖို႔အတြက္ Android Version 7.0 နဲ႔အထက္ရွိတဲ့ Android Device နဲ႔ Windows 10 PC build 18362.356 နဲ႔ ေနာက္ပိုင္းရွိတဲ့ PC တစ္ခုရွိဖို႔ လိုအပ္မွာျဖစ္ပါတယ္။ ေနာက္ၿပီး အဆိုပါ Device ၂ ခုစလုံးမွာလည္း Bluetooth ခ်ိတ္ဆက္ထားဖို႔ လိုအပ္မွာပါ။

ဘာပဲျဖစ္ျဖစ္ ေနာက္ပိုင္းမွာ Windows PC နဲ႔ Android ဖုန္းေတြၾကားက ခ်ိတ္ဆက္မႈက Apple Device ေတြလိုမ်ိဳးပဲ လြယ္ကူလာေတာ့မွာပါ။

Ref – Android Authority

Unicode

Apple Device တွေဖြစ်တဲ့ iPhone နဲ့ MacBook လိုမျိုး Apple Ecosystem ထဲမှာရှိတဲ့ Device တွေကို အသုံးပြုနေတယ်ဆိုရင် iPhone မှာ ဖုန်းဝင်လာတယ်ဆိုရင် MacBook ပေါ်မှာပါ ဖုန်းအဝင်ကို သိရတာလိုမျိုး Device အချင်းချင်း Synchronization လုပ်နိုင်တာက အားသာချက်တစ်ခုလို့ ပြောလို့ရပါတယ်။ Android နဲ့ Windows Device တွေမှာတော့ Apple လိုမျိုး Device အချင်းချင်းချိတ်ဆက်နိုင်မှုမှာ အခုအချိန်အထိ အားနည်းနေသေးတာဖြစ်ပါတယ်။

ဒါပေမယ့် Microsoft ကနေ Android Device တွေနဲ့ Windows PC ကို ချိတ်ဆက်နိုင်တဲ့ Your Phone App ကို ကြီးမားတဲ့ Upgrade တစ်ခုလုပ်ပေးလိုက်ပါတယ်။ ယခင်တုန်းက Your Phone App ဟာ Android Device ကို ချိတ်ဆက်ထားတယ်ဆိုရင် Notification Mirroring ၊ Text Messages တွေနဲ့ Recent Photo တွေကိုပဲ Synchronize ပြုလုပ်နိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ ဖုန်းအဝင် Call တွေကိုပါ လက်ခံနိုင်ပြီဖြစ်ပါတယ်။

အခု Android Device တွေက ဖုန်းအဝင်ကို လက်ခံဖို့ကတော့ လောလောဆယ်မှာ Windows 10 Insider Preview Program ကို ဝင်ရောက်ထားတဲ့သူတွေပဲ ရရှိနေဦးမှာဖြစ်ပြီးတော့ မကြာခင်မှာတော့ Stable Windows 10 Update နဲ့အတူ ရရှိလာတော့မှာဖြစ်ပါတယ်။

ဒီလိုမျိုး Android Device ကနေ အလွယ်တကူဖုန်းလက်ခံနိုင်ဖို့အတွက်ကတော့ Android Device ပေါ်မှာ Your Phone App ကို သွင်းထားဖို့ လိုအပ်မှာဖြစ်ပြီးတော့ ဖုန်းပြောဆိုမှုကိုလည်း Android Device နဲ့ Windows PC ကြားမှာ အလွယ်တကူလွှဲပြောင်းနိုင်ဦးမှာဖြစ်ပါတယ်။ ဒါမှမဟုတ် မကိုင်ချင်ဘူးဆိုရင်လည်း Windows PC ကနေပဲ SMS Text Message နဲ့ Reject ပြုလုပ်နိုင်ဦးမှာပါ။

အခုလောလောဆယ်မှာတော့ အဆိုပါ Feature ကို အသုံးပြုဖို့အတွက် Android Version 7.0 နဲ့အထက်ရှိတဲ့ Android Device နဲ့ Windows 10 PC build 18362.356 နဲ့ နောက်ပိုင်းရှိတဲ့ PC တစ်ခုရှိဖို့ လိုအပ်မှာဖြစ်ပါတယ်။ နောက်ပြီး အဆိုပါ Device ၂ ခုစလုံးမှာလည်း Bluetooth ချိတ်ဆက်ထားဖို့ လိုအပ်မှာပါ။

ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ Windows PC နဲ့ Android ဖုန်းတွေကြားက ချိတ်ဆက်မှုက Apple Device တွေလိုမျိုးပဲ လွယ်ကူလာတော့မှာပါ။

Ref – Android Authority