Microsoft ဟာဆိုရင် Apple ရဲ့ ကျောင်းသားတွေအတွက် ရည်ရွယ်ထားတဲ့ iPad ကိုယှဉ်ဖို့အတွက် 10-Inch Screen နဲ့ Surface Tablet တစ်ခုကို ထုတ်လုပ်ရောင်းချဖို့ လုပ်နေပါတယ်။ $400 လောက် နဲ့ ရောင်းချမယ်လို့ သတင်းတွေထွက်နေတဲ့ ဒီ Tablet ဟာ လက်ရှိ 12.3-Inch Surface Pro ထက် သယ်ရပိုလွယ် ပြီး 20% လောက်လည်း ပိုပေါ့သွားမယ်လို့ ပြောနေကြပါတယ်။ Size နဲ့ အလေးချိန်နဲ့ လျော့သွားတဲ့ အတွက် Battery သက်တမ်းဟာ Surface Pro ထက် ပိုနည်းမယ်လို့ လည်း ခန့်မှန်းနေကြပါတယ်။

Source: arstechnica.com

ဒီ Microsoft Surface Tablet အသစ်မှာ Intel Processor နဲ့ Integrated Graphics ကိုပဲ ဆက်သုံးမယ်လို့ ပြောနေကြပါတယ်။ ဒါ့အပြင် ဒီ Tablet မှာ Window 10 Pro လည်း run မယ်လို့ ခန့်မှန်းနေကြပါတယ်။ တကယ်လို့ Officially Release ဖြစ်ပြီဆိုရင် Storage ပေါ် မူတည်ပြီး တခြား Model တွေပါ ပါလာမယ်လို့ ပြောနေကြပါတယ်။ USB-C Connectivity နဲ့ Charging မယ်လို့ သတင်းတွေထွက်နေပေမယ့် အရင် ထွက်ပြီးသား Surface Book 2 မှာပါတဲ့ USB 3.1 Type-C ထက် သာပါ့မလားဆိုတာ မပြောတတ်သေးပါဘူး။

ဒီ Microsoft Surface Tablet အသစ်ဟာ တကယ်ရော Apple ရဲ့ iPad ကိုယှဉ်နိုင်မှာလား ဆိုတာတော့ တကယ်ထွက်တဲ့နေ့မှပဲ ကြည့်ကြရမှာပေါ့။