[Unicode]

Microsoft က Windows နဲ့ Mac အတွက် Edge Web Browser အသစ်ကို Download လုပ်နိုင်ပြီလို့ ကြေညာလိုက်ပါတယ်။ Edge Browser အသစ်ဟာ Google Chrome လိုပဲ Chromium Open Source Project ကို အခြေပြုတည်ဆောက်ထားတာ ဖြစ်ပါတယ်။ Microsoft က ကိုယ်ပိုင် Browser Engine ကို သုံးထားတဲ့ Edge ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှာ စတင် ဖြန့်ချိပေးခဲ့တာ ဖြစ်ပါတယ်။

အခုတော့ Chromium Codebase ကို ပြောင်းသုံးလိုက်ပြီဖြစ်ပြီး ၁ နှစ်ကျော်ကြာ စမ်းသပ်ပြီးနောက်မှာ အများပြည်သူ အသုံးပြုနိုင်အောင် ဖြန့်ချိပေးလိုက်ပါပြီ။ Windows နဲ့ Mac အတွက် ပထမဆုံး Stable Version ကို ဒီလင့် ကနေ Download ပြုလုပ်နိုင်ပါတယ်။

Windows 10 အသုံးပြုနေသူတွေက လာမယ့်လ အနည်းငယ်အတွင်းမှာ Edge အသစ်ကို Update အနေနဲ့ ရရှိမှာ ဖြစ်ပါတယ်။ Edge ဟာ Passwords, Favorites နဲ့ Settings တွေကို Devices တွေအကြားမှာ Sync ပြုလုပ်ပေးနိုင်ပြီး Bing က Search လုပ်ရာမှာ စွမ်းရည်မြင့်မားပါတယ်။ Edge အသစ်မှာ Collections တွေ ထည့်သွင်းထားသလို Learning နဲ့ Accessibility Tools တွေ ပါလာပါတယ်။

Internet Explorer Mode ထည့်သွင်းထားပါတယ်။ Chromium Version အတိုင်းပဲ ပထမဆုံး Stable Build ကို Microsoft Edge 79 လို့ နာမည်ပေးထားပါတယ်။

Ref : gsmarena

[Zawgyi]

Chromium အခြေပြု Microsoft ရဲ့ Edge Browser အသစ်ကို Download လုပ်နိုင်ပြီ





Ref : gsmarena