Microsoft က ကွန်ပျူတာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တဲ့ PC Manager App ကို ဖန်တီးနေပါတယ်။ CCleaner လိုပဲ Microsoft PC Manager မှာ Storage ကို စီမံခန့်ခွဲတာ၊ အလုပ်တွေကို လျှင်မြန်စွာ ပိတ်တာနဲ့ Windows စတက်တဲ့အခါ Run တဲ့ App တွေကို ထိန်းချုပ်တာတွေ ပြုလုပ်နိုင်မှာပါ။

A screenshot of Microsoft’s new PC Manager app

အဲဒီ လုပ်ဆောင်ချက်တွေထဲက တော်တော်များများဟာ Windows မှာ ပါပြီးသား ဖြစ်ပေမယ့် PC Manager App မှာ အဲဒီလုပ်ဆောင်ချက် အားလုံးကို တစ်နေရာထဲကနေ အသုံးပြုနိုင်မှာပါ။ Default Browser ကို လွယ်ကူစွာ ပြောင်းနိုင်တဲ့ Browser Protection Section ၁ ခုလည်း ပါလာမှာပါ။

You can easily switch default browsers with this app.

Storage Manager လုပ်ဆောင်ချက်မှာ App တွေကို စီမံခန့်ခွဲနိုင်မှာ ဖြစ်ပြီး အသုံးနည်းတဲ့ App တွေကို ဖျက်ပစ်နိုင်ပါတယ်။ Full Cleanup Scan ပါသလို အရွယ်အစား ကြီးမားတဲ့ ဖိုင်တွေကို ရှာဖွေနိုင်မှာပါ။ Process Management လုပ်ဆောင်ချက်က Task Manager ကို ရှင်းလင်းစွာ ပြုလုပ်ထားတဲ့ ဗားရှင်း ဖြစ်ပြီး RAM စားသုံးတဲ့ Process တွေကို လျှင်မြန်စွာ သတ်နိုင်မှာပါ။ Main Boost Button ကို နှိပ်ရင် Temporary ဖိုင်တွေကို ဖျက်နိုင်မှာ ဖြစ်ပြီး Memory ကို ရှင်းလင်းပေးမှာပါ။

PC Manager ရဲ့ Public Beta ကို Official Microsoft Site မှာ တွေ့လာရပြီ ဖြစ်ပေမယ့် တရုတ်က Website မှာ ဖြစ်ပါတယ်။ အဲဒီအတွက် PC Manager App ကို နိုင်ငံတွေအတွက် သီးခြား ထုတ်လုပ်ထားနိုင်ပါတယ်။ App ကို Windows 10 နဲ့ အထက် OS တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး Specs နိမ့်တဲ့ Laptop နဲ့ PC တွေအတွက် အသုံးဝင်မှာပါ။

Ref : theverge