မိုဘိုင်းဂိမ်းတွေထဲမှာ Clash Royale က ဆော့ကစားမှုများပြာားတဲ့ Card ဂိမ်းတစ်ခုဖြစ်ပြီး အခုအချိန်အထိလည်းဆော့ကစားတဲ့တွေများပြားနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဂိမ်း Developer ဖြစ်တဲ့ Hothead Games ကတော့ Clash Royale ကို ပြိုင်ဆိုင်တော့မယ့် ဂိမ်းတစ်ခုကို ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။

အဆိုပါ ဂိမ်းရဲ့ နာမည်ကိုတော့ Mighty Battles လို့နာမည်ပေးထားပြီး သေနတ်ပစ်ဂိမ်းအများစုလို First Person Mode နဲ့ဆော့ကစားရမှာဖြစ်ပါတယ်။ Clash Royale လိုမျိုးပဲ 1 Vs 1 Batte တွေကို တိုက်ခိုက်ပြီး ရန်သူရဲ့စခန်းကို ဖျက်ဆီးပစ်ရမှာဖြစ်ပါတယ်။

Mighty Battles ဂိမ်းမှာဆိုရင် Rank-and-file Troops, Hulking grenadiers နဲ့ Rocket Troopers တွေပါဝင်မှာဖြစ်ပြီး တင့်ကားတွေနဲ့ ရဟတ်ယာဉ်တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက်ဆော့ကစားရတာ တော်တော်လေးကိုပျော်ဖို့ကောင်းတယ်လို့ ပြောလို့ရပါတယ်။

Mighty Battles ဂိမ်းမှာ အချင်းချင်း Clan လည်းဖွဲ့ထားနိုင်ပြီး အခြားနောက် Clan တစ်ခုနဲ့ တိုက်ခိုက်တာမျိုးကိုပါ ပြုလုပ်နိုင်မှာပါ။ ဒီ Mighty Battles ဂိမ်းကို Google Play Store နဲ့ iOS App Store မှာ Download လုပ်လို့ရနေပြီဆိုတော့ စမ်းဆော့ကြည့်သင့်တဲ့ ဂိမ်းတစ်ခုဖြစ်မှာပါ။