[Zawgyi]

သုံးစြဲသူေတြရဲ႕ ကိုယ္ေရးကိုယ္တာဆိုင္ရာ အခ်က္အလက္ေပါက္ၾကားမႈေတြေၾကာင့္ ေဝဖန္ခံေနရတဲ့ Facebook ဟာ ေနာက္ထပ္ ေျပာစရာျဖစ္တဲ့ အမွားတစ္ခုကို ထပ္မံက်ဴးလြန္လိုက္ျပန္ၿပီလို႔ ဆိုရမွာပါ။ အဲဒါကေတာ့ Instagram အေကာင့္ေတြရဲ႕ Login Password ေတြကို Plain Text အေနနဲ႔ သိမ္းထားတာပါပဲ။

ၿပီးခဲ့တဲ့ မတ္လကုန္ပိုင္းေလာက္ကလည္း Facebook အသုံးျပဳသူေတြရဲ႕ Login Password ေတြကို Plain Text အေနနဲ႔ သိမ္းထားတာေၾကာင့္ သန္းေပါင္းရာခ်ီတဲ့ အေကာင့္ေတြကို Facebook ဝန္ထမ္း ႏွစ္ေသာင္းထက္မနည္းက အလြယ္တကူ ဝင္ေရာက္ၾကည့္ရႈႏိုင္တယ္ဆိုတဲ့ သတင္း ထြက္ေပၚခဲ့ပါေသးတယ္။

အခုလည္း Instagram ရဲ႕ သန္းနဲ႔ခ်ီတဲ့ Login Password ေတြကို Plain Text အေနနဲ႔ သိမ္းထားတယ္လို႔ ထပ္ၿပီး သတင္းထြက္ေပၚလာခဲ့ျပန္ပါတယ္။ ဒါေၾကာင့္ အသုံးျပဳသူေတြရဲ႕ Login Password ကို Encrypted Format အေနနဲ႔ မသိမ္းဆည္းဘဲ Plain Text အေနနဲ႔ သိမ္းဆည္းတဲ့ Facebook လုပ္ရပ္ကို ေမးခြန္းထုတ္ရမွာ ျဖစ္ပါတယ္။

မတ္လကုန္ပိုင္းေလာက္တုန္းက Facebook Login Password ျပႆနာျဖစ္ကတည္းက Instagram အသုံးျပဳသူ သိန္းဂဏန္းနီးပါး (၂ေသာင္းကေန ၁ သိန္းၾကား) ရဲ႕ Login Password ေတြလည္း ေပါက္ၾကားေနတယ္လို႔ ေျပာခဲ့ၾကပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ဒီေပါက္ၾကားမႈက သန္းနဲ႔ ခ်ီၿပီး ရွိလာတယ္ဆိုတာကို သိရွိခဲ့ရတာ ျဖစ္ပါတယ္။

Ref: The Verge

[Unicode]

သန်းနဲ့ချီတဲ့ Instagram ရဲ့ Password တွေလည်း Plain Text အနေနဲ့ပဲ ရှိခဲ့တယ်လို့ သတင်းထွက်ပေါ်လာ

သုံးစွဲသူတွေရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ အချက်အလက်ပေါက်ကြားမှုတွေကြောင့် ဝေဖန်ခံနေရတဲ့ Facebook ဟာ နောက်ထပ် ပြောစရာဖြစ်တဲ့ အမှားတစ်ခုကို ထပ်မံကျူးလွန်လိုက်ပြန်ပြီလို့ ဆိုရမှာပါ။ အဲဒါကတော့ Instagram အကောင့်တွေရဲ့ Login Password တွေကို Plain Text အနေနဲ့ သိမ်းထားတာပါပဲ။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းလောက်ကလည်း Facebook အသုံးပြုသူတွေရဲ့ Login Password တွေကို Plain Text အနေနဲ့ သိမ်းထားတာကြောင့် သန်းပေါင်းရာချီတဲ့ အကောင့်တွေကို Facebook ဝန်ထမ်း နှစ်သောင်းထက်မနည်းက အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်တယ်ဆိုတဲ့ သတင်း ထွက်ပေါ်ခဲ့ပါသေးတယ်။

အခုလည်း Instagram ရဲ့ သန်းနဲ့ချီတဲ့ Login Password တွေကို Plain Text အနေနဲ့ သိမ်းထားတယ်လို့ ထပ်ပြီး သတင်းထွက်ပေါ်လာခဲ့ပြန်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေရဲ့ Login Password ကို Encrypted Format အနေနဲ့ မသိမ်းဆည်းဘဲ Plain Text အနေနဲ့ သိမ်းဆည်းတဲ့ Facebook လုပ်ရပ်ကို မေးခွန်းထုတ်ရမှာ ဖြစ်ပါတယ်။

မတ်လကုန်ပိုင်းလောက်တုန်းက Facebook Login Password ပြဿနာဖြစ်ကတည်းက Instagram အသုံးပြုသူ သိန်းဂဏန်းနီးပါး (၂သောင်းကနေ ၁ သိန်းကြား) ရဲ့ Login Password တွေလည်း ပေါက်ကြားနေတယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ဒီပေါက်ကြားမှုက သန်းနဲ့ ချီပြီး ရှိလာတယ်ဆိုတာကို သိရှိခဲ့ရတာ ဖြစ်ပါတယ်။

Ref: The Verge