[Zawgyi]

စင္ကာပူ ႏိုင္ငံ၏ အႀကီးမားဆုံး အဆင့္ျမင့္ ေရွးဦးကေလးသူငယ္ ဖြံ႕ၿဖိဳးမႈ ျပဳစုပ်ိဳးေထာင္ေရး သင္တန္းေက်ာင္းျဖစ္သည့္ MindChamps သည္ ၎၏ ျမန္မာႏိုင္ငံအတြက္ ပထမဆုံး စာသင္ေက်ာင္းအား ရန္ကုန္ၿမိဳ႕တြင္ တရားဝင္ မိတ္ဆက္ခဲ့သည္။ အဆိုပါေက်ာင္းအား စင္ကာပူရွိ MindChamps ႏွင့္ Master Franchise Agreement ေရးထိုးထားသည့္ ျပည္တြင္းကုမၸဏီတစ္ခုျဖစ္သည့္ Passion Capital Venture မွ စီမံခန႔္ခြဲသြားမည္ ျဖစ္သည္။ အဆိုပါ မိတ္ဆက္ပြဲတြင္ နာမည္ႀကီး တ႐ုတ္႐ိုးရာ နဂါးအက ႏွင့္အတူ အျခား စိတ္ဝင္စားဖြယ္ရာ ေဖ်ာ္ေျဖမႈမ်ား ထည့္သြင္းက်င္းပသြားခဲ့သည္။

ကေလးငယ္မ်ား အနာဂတ္တြင္ ေအာင္ျမင္မႈမ်ား ရရွိေစရန္အတြက္ အျခားေက်ာင္းမ်ားႏွင့္ မတူညီသည့္ ဆန္းသစ္ေသာ 3-Mind သင္ၾကားေရးနည္းလမ္းျဖင့္ ထိထိေရာက္ေရာက္ သင္ၾကားေပးႏိုင္ျခင္းေၾကာင့္ ႏိုင္ငံတကာမွ အသိအမွတ္ျပဳမႈမ်ား အမ်ားအျပားရရွိထားသည့္ MindChamps ေရွးဦးကေလးသူငယ္ ဖြံ႕ၿဖိဳးမႈ ျပဳစုပ်ိဳးေထာင္ေရး သင္တန္းေက်ာင္းသည္ နယ္ပယ္အသီးသီးမွ ခ်ီးျမႇင့္သည့္ ဂုဏ္သိကၡာႀကီးမားလွေသာ ဆုတံဆိပ္မ်ားစြာအား ဆြတ္ခူးရရွိထားၿပီး ျဖစ္သည္။ လက္ရွိအခ်ိန္တြင္ Mindchamps ၏ အဆင့္ျမင့္ ကေလးသူငယ္ ဖြံ႕ၿဖိဳးမႈ ျပဳစုပ်ိဳးေထာင္ေရး စင္တာမ်ားအား ၾသစေတးလ်၊ အဘူဒါဘီ၊ ဒူဘိုင္း၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ ျမန္မာႏွင့္ မေလးရွား ႏိုင္ငံမ်ားတြင္ ဖြင့္လွစ္ထားႏိုင္ခဲ့ၿပီး ႏိုင္ငံတကာတြင္ ဆက္လက္တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ရန္အတြက္ လုပ္ေဆာင္လ်က္ရွိသည္။

“ကြၽန္မတို႔အေနနဲ႔ အေကာင္းဆုံး ေရွးဦးသူငယ္ ပညာေရးစနစ္ကို ျမန္မာႏိုင္ငံကို သယ္ေဆာင္လာဖို႔အတြက္ ရွာေဖြမႈေတြျပဳလုပ္ခဲ့တဲ့အခ်ိန္မွာ Singapore မွာရွိတဲ့ MindChamps မူႀကိဳေက်ာင္းကို ေတြ႕ရွိခဲ့ပါတယ္။ ကမာၻေပၚမွာရွိတဲ့ နာမည္ႀကီး ေက်ာင္းအမ်ားႀကီးထဲက MindChamps ဟာဆိုရင္ လက္ေတြ႕က်တဲ့ ေလ့လာဆန္းသစ္မႈေတြနဲ႔အတူ ကေလးငယ္ေတြရဲ႕ သင္ယူမႈအပိုင္းကို အခ်ိန္တိုင္း တိုးတက္လာေအာင္ လုပ္ေဆာင္ေနတဲ့ ေက်ာင္း အနည္းစုပါဝင္ေနတဲ့ ေက်ာင္းတစ္ေက်ာင္းပဲ ျဖစ္ပါတယ္။ ဒီလို လက္ေတြ႕က်တဲ့ ေလ့လာဆန္းသစ္မႈေတြဟာ ျမန္မာႏိုင္ငံမွာရွိတဲ့ ကေလးငယ္ေတြအတြက္ကေတာ့ အရမ္း အေရးပါ ပါတယ္။ ” ဟု MindChamps Myanmar ၏ Master Franchisor ျဖစ္သူ ေဒၚၾကည္ၾကည္မိုးမွ ေျပာၾကားသည္။

MindChamps ေရွးဦးကေလးသူငယ္ ဖြံ႕ၿဖိဳးမႈ ျပဳစုပ်ိဳးေထာင္ေရး သင္တန္းေက်ာင္းတြင္ အသက္ ၁၈ လ မွ ၆ ႏွစ္အထိ မည္သည့္ႏိုင္ငံမွ ကေလးငယ္မဆို တက္ေရာက္ပညာသင္ၾကားႏိုင္မည္ျဖစ္သည္။ ေရွးဦးကေလးသူငယ္ ဖြံ႕ၿဖိဳးမႈ ျပဳစုပ်ိဳးေထာင္ေရးႏွင့္ သက္ဆိုင္ေသာ သင္ၾကားမႈနည္းလမ္းမ်ား၊ ကေလးငယ္မ်ား၏ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရးမ်ားႏွင့္ ပတ္သက္၍ ဆယ္စုႏွစ္မ်ားစြာၾကာေအာင္ ျပဳလုပ္ခဲ့ေသာ သုေတသန ေလ့လာခ်က္မ်ားအျပင္ ကေလးငယ္မ်ား အတြက္ ထိေရာက္ေသာ သင္ၾကားေရး နည္းစနစ္မ်ားကို အေျခခံ၍ MindChamps သည္ အနာဂတ္တြင္ ေအာင္ျမင္ ထူးခြၽန္ေသာ ကေလးငယ္မ်ား ေပၚထြက္လာေစေရး အတြက္ အဓိကလိုအပ္သည့္ ခိုင္မာေသာ အေျခခံအုတ္ျမစ္မ်ားအား ပိုင္ဆိုင္ႏိုင္ေစရန္ အေကာင္းမြန္ဆုံး၊ အသင့္ေတာ္ဆုံး ေရွးဦးကေလးသူငယ္ ဖြံ႕ၿဖိဳးမႈ သင္ၾကားေရးစနစ္သစ္မ်ားအား စနစ္တက် ေရးဆြဲထားၿပီးျဖစ္သည္။ ကေလးမ်ား၏ အားသာခ်က္မ်ားႏွင့္ အရည္အခ်င္းေပၚမူတည္၍ ေခတ္မွီဆန္းသစ္ဆုံး သင္ၾကားမႈစနစ္မ်ားႏွင့္ အဖက္ဖက္မွ စုံလင္ေသာ သင္တန္းမ်ားကို MindChamps မွ သင္ၾကားပို႔ခ်လ်က္ရွိၿပီး အရည္အေသြးျမင့္ ပညာသင္ၾကားေရး ဝန္ေဆာင္မႈမ်ားျဖင့္လည္း ကေလးငယ္မ်ား၏ အရည္အခ်င္းမ်ားကို ပိုမိုတိုးတက္ေအာင္ ပံ့ပိုးလုပ္ေဆာင္ေပးလ်က္ ရွိသည္။

“ေအာင္ျမင္ဖို႔အတြက္ အတိုင္းအဆမရွိတဲ့ အလားအလာေတြ ကေလးတိုင္းရဲ႕ DNA မွာ ေမြးကတည္းက ပါလာၿပီးသားပါ။ အဲ့ဒီ အလားအလာေတြကို လမ္းဖြင့္ေပးဖို႔အတြက္ ကေလးငယ္ေတြရဲ႕ အနာဂတ္အတြက္ လိုအပ္တဲ့ ကြၽမ္းက်င္မႈေတြကို သင္ၾကားေပးၿပီး သူတို႔ရဲ႕ ေကာင္းမြန္တဲ့ အလားလာေတြကို ေဖာ္ထုတ္ခြင့္ ရႏိုင္မယ့္ အခြင့္အေရးေတြ ေပးႏိုင္မယ့္ သင္ၾကားမႈ Model အသစ္ လိုအပ္ပါတယ္။ ကြၽန္မအေနနဲ႔ MindChamps ရဲ႕ 3-Mind ပညာေရးနည္းစနစ္နဲ႔ဆိုရင္ ကြၽန္မတို႔ေက်ာင္းက ကေလးငယ္ တစ္ဦးခ်င္းစီရဲ႕ အလားအလာေကာင္းေတြကို လမ္းဖြင့္ေပးၿပီး ေနာင္တစ္ခ်ိန္မွာ ႏိုင္ငံရဲ႕ အနာဂတ္ကို ဦးေဆာင္ႏိုင္မယ့္ မ်ိဳးဆက္သစ္ေတြကို ေမြးထုတ္ေပးႏိုင္မယ္လို႔ တစ္ထစ္ခ် ယုံၾကည္ပါတယ္” ဟု သူမမွ ထပ္ေလာင္းေျပာၾကားသြားခဲ့သည္။

[Unicode]

ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး သင်တန်းကျောင်း MindChamps မှ မြန်မာနိုင်ငံသို့ တရားဝင် စတင်ဝင်ရောက်လာ

စင်ကာပူ နိုင်ငံ၏ အကြီးမားဆုံး အဆင့်မြင့် ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းဖြစ်သည့် MindChamps သည် ၎င်း၏ မြန်မာနိုင်ငံအတွက် ပထမဆုံး စာသင်ကျောင်းအား ရန်ကုန်မြို့တွင် တရားဝင် မိတ်ဆက်ခဲ့သည်။ အဆိုပါကျောင်းအား စင်ကာပူရှိ MindChamps နှင့် Master Franchise Agreement ရေးထိုးထားသည့် ပြည်တွင်းကုမ္ပဏီတစ်ခုဖြစ်သည့် Passion Capital Venture မှ စီမံခန့်ခွဲသွားမည် ဖြစ်သည်။ အဆိုပါ မိတ်ဆက်ပွဲတွင် နာမည်ကြီး တရုတ်ရိုးရာ နဂါးအက နှင့်အတူ အခြား စိတ်ဝင်စားဖွယ်ရာ ဖျော်ဖြေမှုများ ထည့်သွင်းကျင်းပသွားခဲ့သည်။

ကလေးငယ်များ အနာဂတ်တွင် အောင်မြင်မှုများ ရရှိစေရန်အတွက် အခြားကျောင်းများနှင့် မတူညီသည့် ဆန်းသစ်သော 3-Mind သင်ကြားရေးနည်းလမ်းဖြင့် ထိထိရောက်ရောက် သင်ကြားပေးနိုင်ခြင်းကြောင့် နိုင်ငံတကာမှ အသိအမှတ်ပြုမှုများ အများအပြားရရှိထားသည့် MindChamps ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းသည် နယ်ပယ်အသီးသီးမှ ချီးမြှင့်သည့် ဂုဏ်သိက္ခာကြီးမားလှသော ဆုတံဆိပ်များစွာအား ဆွတ်ခူးရရှိထားပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် Mindchamps ၏ အဆင့်မြင့် ကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး စင်တာများအား သြစတေးလျ၊ အဘူဒါဘီ၊ ဒူဘိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မြန်မာနှင့် မလေးရှား နိုင်ငံများတွင် ဖွင့်လှစ်ထားနိုင်ခဲ့ပြီး နိုင်ငံတကာတွင် ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် လုပ်ဆောင်လျက်ရှိသည်။

“ကျွန်မတို့အနေနဲ့ အကောင်းဆုံး ရှေးဦးသူငယ် ပညာရေးစနစ်ကို မြန်မာနိုင်ငံကို သယ်ဆောင်လာဖို့အတွက် ရှာဖွေမှုတွေပြုလုပ်ခဲ့တဲ့အချိန်မှာ Singapore မှာရှိတဲ့ MindChamps မူကြိုကျောင်းကို တွေ့ရှိခဲ့ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ နာမည်ကြီး ကျောင်းအများကြီးထဲက MindChamps ဟာဆိုရင် လက်တွေ့ကျတဲ့ လေ့လာဆန်းသစ်မှုတွေနဲ့အတူ ကလေးငယ်တွေရဲ့ သင်ယူမှုအပိုင်းကို အချိန်တိုင်း တိုးတက်လာအောင် လုပ်ဆောင်နေတဲ့ ကျောင်း အနည်းစုပါဝင်နေတဲ့ ကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ်။ ဒီလို လက်တွေ့ကျတဲ့ လေ့လာဆန်းသစ်မှုတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ်တွေအတွက်ကတော့ အရမ်း အရေးပါ ပါတယ်။ ” ဟု MindChamps Myanmar ၏ Master Franchisor ဖြစ်သူ ဒေါ်ကြည်ကြည်မိုးမှ ပြောကြားသည်။

MindChamps ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းတွင် အသက် ၁၈ လ မှ ၆ နှစ်အထိ မည်သည့်နိုင်ငံမှ ကလေးငယ်မဆို တက်ရောက်ပညာသင်ကြားနိုင်မည်ဖြစ်သည်။ ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေးနှင့် သက်ဆိုင်သော သင်ကြားမှုနည်းလမ်းများ၊ ကလေးငယ်များ၏ ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးများနှင့် ပတ်သက်၍ ဆယ်စုနှစ်များစွာကြာအောင် ပြုလုပ်ခဲ့သော သုတေသန လေ့လာချက်များအပြင် ကလေးငယ်များ အတွက် ထိရောက်သော သင်ကြားရေး နည်းစနစ်များကို အခြေခံ၍ MindChamps သည် အနာဂတ်တွင် အောင်မြင် ထူးချွန်သော ကလေးငယ်များ ပေါ်ထွက်လာစေရေး အတွက် အဓိကလိုအပ်သည့် ခိုင်မာသော အခြေခံအုတ်မြစ်များအား ပိုင်ဆိုင်နိုင်စေရန် အကောင်းမွန်ဆုံး၊ အသင့်တော်ဆုံး ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု သင်ကြားရေးစနစ်သစ်များအား စနစ်တကျ ရေးဆွဲထားပြီးဖြစ်သည်။ ကလေးများ၏ အားသာချက်များနှင့် အရည်အချင်းပေါ်မူတည်၍ ခေတ်မှီဆန်းသစ်ဆုံး သင်ကြားမှုစနစ်များနှင့် အဖက်ဖက်မှ စုံလင်သော သင်တန်းများကို MindChamps မှ သင်ကြားပို့ချလျက်ရှိပြီး အရည်အသွေးမြင့် ပညာသင်ကြားရေး ဝန်ဆောင်မှုများဖြင့်လည်း ကလေးငယ်များ၏ အရည်အချင်းများကို ပိုမိုတိုးတက်အောင် ပံ့ပိုးလုပ်ဆောင်ပေးလျက် ရှိသည်။

“အောင်မြင်ဖို့အတွက် အတိုင်းအဆမရှိတဲ့ အလားအလာတွေ ကလေးတိုင်းရဲ့ DNA မှာ မွေးကတည်းက ပါလာပြီးသားပါ။ အဲ့ဒီ အလားအလာတွေကို လမ်းဖွင့်ပေးဖို့အတွက် ကလေးငယ်တွေရဲ့ အနာဂတ်အတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို သင်ကြားပေးပြီး သူတို့ရဲ့ ကောင်းမွန်တဲ့ အလားလာတွေကို ဖော်ထုတ်ခွင့် ရနိုင်မယ့် အခွင့်အရေးတွေ ပေးနိုင်မယ့် သင်ကြားမှု Model အသစ် လိုအပ်ပါတယ်။ ကျွန်မအနေနဲ့ MindChamps ရဲ့ 3-Mind ပညာရေးနည်းစနစ်နဲ့ဆိုရင် ကျွန်မတို့ကျောင်းက ကလေးငယ် တစ်ဦးချင်းစီရဲ့ အလားအလာကောင်းတွေကို လမ်းဖွင့်ပေးပြီး နောင်တစ်ချိန်မှာ နိုင်ငံရဲ့ အနာဂတ်ကို ဦးဆောင်နိုင်မယ့် မျိုးဆက်သစ်တွေကို မွေးထုတ်ပေးနိုင်မယ်လို့ တစ်ထစ်ချ ယုံကြည်ပါတယ်” ဟု သူမမှ ထပ်လောင်းပြောကြားသွားခဲ့သည်။