[Zawgyi]

စင္ကာပူ ႏိုင္ငံ၏ အႀကီးမားဆုံး အဆင့္ျမင့္ ေရွးဦးကေလးသူငယ္ ဖြံ႕ၿဖိဳးမႈ ျပဳစုပ်ိဳးေထာင္ေရး သင္တန္းေက်ာင္းျဖစ္သည့္ MindChamps သည္ ၎၏ ျမန္မာႏိုင္ငံအတြက္ ပထမဦးဆုံး စာသင္ေက်ာင္းအား အမွတ္ ၁၄၊ ကမာၻေအးဘုရားလမ္းတြင္ ယေန႔ စတင္ ဖြင့္လစ္ခဲ့ၿပီး ျမန္မာႏိုင္ငံသို႔ အေကာင္းဆုံး ေရွးဦးကေလးသူငယ္ဖြံ႕ၿဖိဳးမႈ ျပဳစုပ်ိဳးေထာင္ေရး စနစ္မ်ားကို ယူေဆာင္လာရန္ အဆင္သင့္ ျဖစ္ေနၿပီ ျဖစ္ေၾကာင္း ေၾကညာခဲ့သည္။

ကေလးငယ္မ်ား အနာဂတ္တြင္ ေအာင္ျမင္မႈမ်ား ရရွိေစရန္အတြက္ အျခားေက်ာင္းမ်ားႏွင့္ မတူညီသည့္ ဆန္းသစ္ေသာ 3-Mind သင္ၾကားေရးနည္းလမ္းျဖင့္ ထိထိေရာက္ေရာက္ သင္ၾကားေပးႏိုင္ျခင္းေၾကာင့္ ႏိုင္ငံတကာမွ အသိအမွတ္ျပဳမႈမ်ား အမ်ားအျပားရရွိထားသည့္ MindChamps ေရွးဦးကေလးသူငယ္ ဖြံ႕ၿဖိဳးမႈ ျပဳစုပ်ိဳးေထာင္ေရး သင္တန္းေက်ာင္းသည္ နယ္ပယ္အသီးသီးမွ ခ်ီးျမႇင့္သည့္ ဂုဏ္သိကၡာႀကီးမားလွေသာ ဆုတံဆိပ္မ်ားစြာအား ဆြတ္ခူးရရွိထားၿပီး ျဖစ္သည္။ လက္ရွိအခ်ိန္တြင္ Mindchamps ၏ အဆင့္ျမင့္ ကေလးသူငယ္ ဖြံ႕ၿဖိဳးမႈ ျပဳစုပ်ိဳးေထာင္ေရး စင္တာမ်ားအား ၾသစေတးလ်၊ အဘူဒါဘီ၊ ဒူဘိုင္း၊ ဖိလစ္ပိုင္၊ ဗီယက္နမ္၊ ျမန္မာႏွင့္ မေလးရွား ႏိုင္ငံမ်ားတြင္ ဖြင့္လွစ္ထားႏိုင္ခဲ့ၿပီး ႏိုင္ငံတကာတြင္ ဆက္လက္တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ရန္အတြက္ လုပ္ေဆာင္လ်က္ရွိသည္။

“ကေလးေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈ အတြက္ သူတို႔ငယ္႐ြယ္စဥ္ အသက္အ႐ြယ္မွာ ပညာသင္ၾကားေပးဖို႔ ရင္းႏွီးျမႇဳပ္ႏွံျခင္းဟာ ႏိုင္ငံတစ္ႏိုင္ငံ လုပ္ေဆာင္ႏိုင္တဲ့ အေကာင္းဆုံးေျခလွမ္း တစ္ရပ္ ျဖစ္ပါတယ္။ အခုဆိုရင္ ျမန္မာႏိုင္ငံမွာရွိတဲ့ မိဘေတြအေနနဲ႔ သူတို႔ရဲ႕ ရင္ေသြးငယ္ေတြကို ကမာၻ႔အဆင့္မွီ ေရွးဦးကေလးသူငယ္ဖြံ႕ၿဖိဳးမႈ ျပဳစုပ်ိဳးေထာင္ေရး သင္တန္းေက်ာင္းမွာ ေက်ာင္းထားႏိုင္ၿပီ ဆိုတာကို MindChamps အေနနဲ႔ ဂုဏ္ယူစြာနဲ႔ ယုံၾကည္မႈရွိရွိ ေျပာၾကားလိုပါတယ္။ MindChamps ရဲ႕ ပညာေရးအစီအစဥ္ေတြကေနတဆင့္ ျမန္မာႏိုင္ငံက မ်ိဳးဆက္သစ္ ကေလးငယ္ေတြရဲ႕ အနာဂတ္ကို အလွပဆုံး ျပဳစုပ်ိဳးေထာင္ေပးသြားႏိုင္ဖို႔ ကူညီေပးသြားမွာ ျဖစ္ၿပီး ႏိုင္ငံတြင္း အလြန္အမင္းဆင္းရဲမြဲေတမႈ ပေပ်ာက္ႏိုင္ဖို႔၊ ႏိုင္ငံတဝန္း ဖြံ႕ၿဖိဳးတိုးတက္လာဖို႔၊ လူေနမႈ အဆင့္အတန္းေတြ ျမင့္မားလာဖို႔နဲ႔ စီးပြားေရးက႑ တစ္ခုလုံး အတိုင္းအတာနဲ႔ ဖြံ႕ၿဖိဳးတိုးတက္လာဖို႔ အတြက္ လိုအပ္တဲ့ လူစြမ္းအင္အရင္းအျမစ္ေတြကို ေမြးထုတ္ေပးသြားႏိုင္လိမ့္မယ္လို႔ ယုံၾကည္ပါတယ္” ဟု MindChamps Myanmar ၏ Master Franchiser ျဖစ္သူ ေဒၚၾကည္ၾကည္မိုးမွ ေျပာၾကားသည္။

MindChamps ေရွးဦးကေလးသူငယ္ ဖြံ႕ၿဖိဳးမႈ ျပဳစုပ်ိဳးေထာင္ေရး သင္တန္းေက်ာင္းတြင္ အသက္ ၁၈ လ မွ ၆ ႏွစ္အထိ မည္သည့္ႏိုင္ငံမွ ကေလးငယ္မဆို တက္ေရာက္ပညာသင္ၾကားႏိုင္မည္ျဖစ္သည္။ ေရွးဦးကေလးသူငယ္ ဖြံ႕ၿဖိဳးမႈ ျပဳစုပ်ိဳးေထာင္ေရးႏွင့္ သက္ဆိုင္ေသာ သင္ၾကားမႈနည္းလမ္းမ်ား၊ ကေလးငယ္မ်ား၏ ဦးေႏွာက္ႏွင့္ အာ႐ုံေၾကာပိုင္းဆိုင္ရာ၊ စိတ္ပိုင္းဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ေရးမ်ားႏွင့္ ပတ္သက္၍ ဆယ္စုႏွစ္မ်ားစြာၾကာေအာင္ ျပဳလုပ္ခဲ့ေသာ သုေတသန ေလ့လာခ်က္မ်ားအျပင္ ကေလးငယ္မ်ား အတြက္ ထိေရာက္ေသာ သင္ၾကားေရး နည္းစနစ္မ်ားကို အေျခခံ၍ MindChamps သည္ အနာဂတ္တြင္ ေအာင္ျမင္ ထူးခြၽန္ေသာ ကေလးငယ္မ်ား ေပၚထြက္လာေစေရး အတြက္ အဓိကလိုအပ္သည့္ ခိုင္မာေသာ အေျခခံအုတ္ျမစ္မ်ားအား ပိုင္ဆိုင္ႏိုင္ေစရန္ အေကာင္းမြန္ဆုံး၊ အသင့္ေတာ္ဆုံး ေရွးဦးကေလးသူငယ္ ဖြံ႕ၿဖိဳးမႈ သင္ၾကားေရးစနစ္သစ္မ်ားအား စနစ္တက် ေရးဆြဲထားၿပီးျဖစ္သည္။ ကေလးမ်ား၏ အားသာခ်က္မ်ားႏွင့္ အရည္အခ်င္းေပၚမူတည္၍ ေခတ္မွီဆန္းသစ္ဆုံး သင္ၾကားမႈစနစ္မ်ားႏွင့္ အဖက္ဖက္မွ စုံလင္ေသာ သင္တန္းမ်ားကို MindChamps မွ သင္ၾကားပို႔ခ်လ်က္ရွိၿပီး အရည္အေသြးျမင့္ ပညာသင္ၾကားေရး ဝန္ေဆာင္မႈမ်ားျဖင့္လည္း ကေလးငယ္မ်ား၏ အရည္အခ်င္းမ်ားကို ပိုမိုတိုးတက္ေအာင္ ပံ့ပိုးလုပ္ေဆာင္ေပးလ်က္ ရွိသည္။

[Unicode]

ကမ္ဘာ့ထိပ်တန်း ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းတစ်ကျောင်းဖြစ်သည့် MindChamps မှ မြန်မာနိုင်ငံရှိ မျိုးဆက်သစ် ကလေးငယ်များ၏ အနာဂတ်ကို ကူညီပုံဖော်ပေးသွားရန် အဆင်သင့်ရှိ

စင်ကာပူ နိုင်ငံ၏ အကြီးမားဆုံး အဆင့်မြင့် ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းဖြစ်သည့် MindChamps သည် ၎င်း၏ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး စာသင်ကျောင်းအား အမှတ် ၁၄၊ ကမ္ဘာအေးဘုရားလမ်းတွင် ယနေ့ စတင် ဖွင့်လစ်ခဲ့ပြီး မြန်မာနိုင်ငံသို့ အကောင်းဆုံး ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး စနစ်များကို ယူဆောင်လာရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ကြေညာခဲ့သည်။

ကလေးငယ်များ အနာဂတ်တွင် အောင်မြင်မှုများ ရရှိစေရန်အတွက် အခြားကျောင်းများနှင့် မတူညီသည့် ဆန်းသစ်သော 3-Mind သင်ကြားရေးနည်းလမ်းဖြင့် ထိထိရောက်ရောက် သင်ကြားပေးနိုင်ခြင်းကြောင့် နိုင်ငံတကာမှ အသိအမှတ်ပြုမှုများ အများအပြားရရှိထားသည့် MindChamps ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းသည် နယ်ပယ်အသီးသီးမှ ချီးမြှင့်သည့် ဂုဏ်သိက္ခာကြီးမားလှသော ဆုတံဆိပ်များစွာအား ဆွတ်ခူးရရှိထားပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် Mindchamps ၏ အဆင့်မြင့် ကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး စင်တာများအား သြစတေးလျ၊ အဘူဒါဘီ၊ ဒူဘိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မြန်မာနှင့် မလေးရှား နိုင်ငံများတွင် ဖွင့်လှစ်ထားနိုင်ခဲ့ပြီး နိုင်ငံတကာတွင် ဆက်လက်တိုးချဲ့ဖွင့်လှစ်နိုင်ရန်အတွက် လုပ်ဆောင်လျက်ရှိသည်။

“ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် သူတို့ငယ်ရွယ်စဉ် အသက်အရွယ်မှာ ပညာသင်ကြားပေးဖို့ ရင်းနှီးမြှုပ်နှံခြင်းဟာ နိုင်ငံတစ်နိုင်ငံ လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးခြေလှမ်း တစ်ရပ် ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့ မိဘတွေအနေနဲ့ သူတို့ရဲ့ ရင်သွေးငယ်တွေကို ကမ္ဘာ့အဆင့်မှီ ရှေးဦးကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းမှာ ကျောင်းထားနိုင်ပြီ ဆိုတာကို MindChamps အနေနဲ့ ဂုဏ်ယူစွာနဲ့ ယုံကြည်မှုရှိရှိ ပြောကြားလိုပါတယ်။ MindChamps ရဲ့ ပညာရေးအစီအစဉ်တွေကနေတဆင့် မြန်မာနိုင်ငံက မျိုးဆက်သစ် ကလေးငယ်တွေရဲ့ အနာဂတ်ကို အလှပဆုံး ပြုစုပျိုးထောင်ပေးသွားနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပြီး နိုင်ငံတွင်း အလွန်အမင်းဆင်းရဲမွဲတေမှု ပပျောက်နိုင်ဖို့၊ နိုင်ငံတဝန်း ဖွံ့ဖြိုးတိုးတက်လာဖို့၊ လူနေမှု အဆင့်အတန်းတွေ မြင့်မားလာဖို့နဲ့ စီးပွားရေးကဏ္ဍ တစ်ခုလုံး အတိုင်းအတာနဲ့ ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက် လိုအပ်တဲ့ လူစွမ်းအင်အရင်းအမြစ်တွေကို မွေးထုတ်ပေးသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု MindChamps Myanmar ၏ Master Franchiser ဖြစ်သူ ဒေါ်ကြည်ကြည်မိုးမှ ပြောကြားသည်။

MindChamps ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး သင်တန်းကျောင်းတွင် အသက် ၁၈ လ မှ ၆ နှစ်အထိ မည်သည့်နိုင်ငံမှ ကလေးငယ်မဆို တက်ရောက်ပညာသင်ကြားနိုင်မည်ဖြစ်သည်။ ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေးနှင့် သက်ဆိုင်သော သင်ကြားမှုနည်းလမ်းများ၊ ကလေးငယ်များ၏ ဦးနှောက်နှင့် အာရုံကြောပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးများနှင့် ပတ်သက်၍ ဆယ်စုနှစ်များစွာကြာအောင် ပြုလုပ်ခဲ့သော သုတေသန လေ့လာချက်များအပြင် ကလေးငယ်များ အတွက် ထိရောက်သော သင်ကြားရေး နည်းစနစ်များကို အခြေခံ၍ MindChamps သည် အနာဂတ်တွင် အောင်မြင် ထူးချွန်သော ကလေးငယ်များ ပေါ်ထွက်လာစေရေး အတွက် အဓိကလိုအပ်သည့် ခိုင်မာသော အခြေခံအုတ်မြစ်များအား ပိုင်ဆိုင်နိုင်စေရန် အကောင်းမွန်ဆုံး၊ အသင့်တော်ဆုံး ရှေးဦးကလေးသူငယ် ဖွံ့ဖြိုးမှု သင်ကြားရေးစနစ်သစ်များအား စနစ်တကျ ရေးဆွဲထားပြီးဖြစ်သည်။ ကလေးများ၏ အားသာချက်များနှင့် အရည်အချင်းပေါ်မူတည်၍ ခေတ်မှီဆန်းသစ်ဆုံး သင်ကြားမှုစနစ်များနှင့် အဖက်ဖက်မှ စုံလင်သော သင်တန်းများကို MindChamps မှ သင်ကြားပို့ချလျက်ရှိပြီး အရည်အသွေးမြင့် ပညာသင်ကြားရေး ဝန်ဆောင်မှုများဖြင့်လည်း ကလေးငယ်များ၏ အရည်အချင်းများကို ပိုမိုတိုးတက်အောင် ပံ့ပိုးလုပ်ဆောင်ပေးလျက် ရှိသည်။