Apple ဟာ ၂၀၁၉ ခုနှစ်မှာ AirPods Pro ကို ကြေညာခဲ့ပြီး နောက်မျိုးဆက် Apple AirPods Pro 2 ကို ၂၀၂၁ ခုနှစ်မှာ ချပြမှာ မဟုတ်ဘူးလို့ Apple အရေး လေ့လာဆန်းစစ်ရာမှာ နာမည်ကြီးတဲ့ Ming-Chi Kuo က သတင်းပေးလိုက်ပါတယ်။

Amazon.com: Apple AirPods Pro

သူက ၂၀၂၁ ခုနှစ်မှာ TWS နားကြပ် ရောင်းအားဟာ ခန့်မှန်းထားတာထက် လျော့နည်းမယ်လို့ သုံးသပ်လိုက်ပြီး Apple က ဒီနှစ် ရောင်းအားဟာ ၇၅-၈၅ သန်းကနေ ၇၀-၇၅ သန်းပဲ ရှိမယ်လို့ ပြောင်းလဲ ခန့်မှန်းလိုက်ပါတယ်။

Apple Airpods Pro A2083 With Wireless Charging Case, White Brand New!  *Sealed*-buy at a low prices on Joom e-commerce platform

Apple ဟာ AirPods Pro 2 ကို ဒီနှစ်မှာ မကြေညာတော့ဘူးဆိုတဲ့ သတင်းဟာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ Bloomberg ကလည်း အဲဒီ နားကြပ်ကို ၂၀၂၂ ခုနှစ်ကျမှ ရောင်းမယ်လို့ မကြာခင်က သတင်းပေးထားပါတယ်။ ဒါပေမယ့် ဒီနှစ်ထဲမှာ Apple နားကြပ်အသစ်ကို လိုချင်ပါတယ်ဆိုသူတွေအတွက် ရိုးရိုး AirPods နားကြပ်ကို ဒီနှစ်နှောင်းပိုင်းမှာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Apple AirPods 3 မှာ Stem ဟာ တိုသွားမှာ ဖြစ်ပြီး Charging Case အသစ် ထည့်သွင်းထားမယ်လို့ သတင်းပေါက်ကြားနေပါတယ်။ Spatial Audio ထောက်ပံ့ထားမှာပါ။ Over-ear AirPods Max အတွက် မော်ဒယ် အသစ်လည်း ဒီနှစ်မှာ ထွက်လာမှာ မဟုတ်ပါဘူး။

Ref : gsmarena