Xiaomi ဟာ ဒီနေ့မှာ သူ့ရဲ့ Anniversary Phone Mi 8 နဲ့အတူ MIUI 10 Update ကိုပါတစ်ခါတည်း ကြေညာသွားပါတယ်။ ဒီ MIUI 10 Update ဟာ Xiaomi Phone တွေအတွက်တော့ ထူးခြားတဲ့ Software Feature အသစ်တွေ ပါလာပါတယ်။

Source: Frandroid.com

MIUI 10 Update ရဲ့ နာမည်အကြီးဆုံး Feature ကတော့ Portrait Mode ကို Dual-Camera ဖုန်းတွေမှာ သာမက Single-Camera ဖုန်းတွေမှာပါ သုံးလို့ရတာဖြစ်ပါတယ်။ Portrait Mode ကို Selfie Camera မှာသုံးလို့ရခဲ့တာဟာ တစ်နှစ်လောက်ရှိပါပြီ။ ဒါပေမယ့် Dual-Camera ဖုန်းတွေသာ သုံးလို့ရခဲ့ပါတယ်။ ဒါပေမယ့် အခု MIUI 10 မှာ ဒီ Feature ပါလာတော့ ဖုန်းလောကမှာတော့ အနည်းငယ် ဂယက်ထသွားမှာပါ။ နောက် Feature တစ်ခုကတော့ Recent Menu အတွက်ပါ။

Source: Mr Phone

Recent Menu မှာပါတဲ့ App တစ်ခုကို ကြာကြာဖိထားလိုက်ရင် အရင်ထက်ပိုများတဲ့ Option တွေ ၊ ဥပမာ App ကို Lock ချတာ ဒါမှမဟုတ် Shut Down လုပ်တာမျိုးတွေ ပါလာနိုင်ပါတယ်။ နောက်ထပ် Feature ကတော့ Driving Mode ပါ။ ဒီ Feature က Xiao AI Voice Assistant နဲ့ ဖုန်းကို Voice Command နဲ့သုံးလို့ရမှာပါ။ ဒါပေမယ့် ဒီ Feature က Chinese-Language Feature ဆိုတော့ Global Version မှာတော့ မပါလာနိုင်ပါဘူး။

Source: Xiaomitoday.com

MIUI 10 update ကို Mi Mix 2S, Mi Mix 2, Mi Mix, Mi 6X, Mi 6, Mi 5, Mi Note 2, Redmi S2 နဲ့ Redmi Note 5 တို့က အခု ဇွန်လထဲမှာ ရရှိမှာ ဖြစ်ပါတယ်။ ဇူလိုင်မှာ ရရှိမယ့် ဖုန်းတွေကတော့ Mi Note 3, Mi 5X/5c/5s/5s Plus, Mi 4/4c/4s, Mi Max 2, Mi Max, Redmi 5, Redmi 5 Plus, Redmi 4, Redmi 4A, Redmi 4X, Redmi 3S/3X, Redmi Pro, Redmi Note 5A, Redmi Note 4, Redmi Note 4X နဲ့ Redmi Note 3 တို့ပဲဖြစ်ပါတယ်။ Xiaomi Fan တွေလည်း MIUI 10 ရမယ့်ထဲ ကိုယ့်ဖုန်းပါမပါ စစ်ကြည့်သွားပါဦး။