Zawgyi

Xiaomi ကုမၸဏီဟာ သူတုိ႔ရဲ႕ MIUI 11 Stable Update အသစ္ကို ေနာက္ထပ္ စမတ္ဖုန္း ၁၂ လုံးထံသုိ႔ ထပ္မံ ပို႔ေဆာင္လုိက္ျပန္ပါၿပီ။ ေလာေလာဆယ္မွာ Android 10 နဲ႔ပတ္သက္ၿပီး ဘာမွမေျပာလာတဲ့အတြက္ ဒီ Update ဟာ လက္ရွိ OS ကိုေျပာင္းလဲဦးမွာမဟုတ္ပါဘူး။

အခုထြက္လာတဲ့ Update ဟာ တရုတ္ျပည္တြင္းအလုံးေတြအတြက္ျဖစ္ၿပီး ဒီဖုန္းေတြရဲ႕ ႏုိင္ငံတကာဗားရွင္းကေတာ့ အခုလကုန္ ဒါမွမဟုတ္ ဒီဇင္ဘာအေစာပုိင္းမွာ ရရွိမွာျဖစ္ပါတယ္။ အနည္းဆုံးေတာ့ ကိုယ္အသုံးျပဳေနတဲ့ဖုန္းဟာ MIUI 11 ေစာေစာသုံးႏုိင္မလား ဒါမွမဟုတ္ ရေရာရမွာလားလို႔ ေတြးေနသူေတြအတြက္ အဆင္ေျပမွာပါ။

MIUI 11 Stable ဗားရွင္းအတြက္ ဒါဟာ ဒုတိယအႀကိမ္ေျမာက္ ေၾကညာတာျဖစ္ၿပီး ယခုတစ္ခါ Update မွာ ပါလာတဲ့ စမတ္ဖုန္းေတြကေတာ့ –
Xiaomi Mi 9 Pro 5G
Xiaomi Mi 6
Xiaomi Mi Mix 2
Xiaomi Redmi Note 7
Xiaomi Mi CC9
Xiaomi Mi 9
Xiaomi Redmi K20 Pro
Xiaomi Redmi 6 Pro
Xiaomi Mi Note 3
Xiaomi Redmi S2
Xiaomi Redmi Note 5A
Xiaomi Redmi 7A တုိ႔ပဲ ျဖစ္ပါတယ္။

ဒီစာရင္းထဲမွာ ထြက္ရွိထားတာ ႏွစ္ႏွစ္ၾကာၿပီျဖစ္တဲ့ ဖုန္းေတြကိုေတာင္ ျမင္ေတြ႕လာရတာ ေကာင္းတဲ့အခ်က္ပါ။ MIUI 11 ဟာ ပုိၿပီးလွပတဲ့ ဒီဇုိင္း၊ Natural Effect အသစ္ေတြနဲ႔ Alarm စနစ္၊ Dark Mode တို႔နဲ႔အတူ ထုံးစံအတုိင္း Theme အသစ္၊ Wallpaper အသစ္နဲ႔ အန္နီေမးရွင္းပုံအသစ္ေတြ ပါဝင္ပါတယ္။

Xiaomi ဟာ ႏွစ္ႀကိမ္စလုံးမွာ ဖုန္း ၁၂ လုံးစီကို MIUI 11 Update ထုတ္ေပးခဲ့တာျဖစ္လို႔ တတိယအႀကိမ္မွာလည္း ေနာက္ထပ္ Xiaomi ဟန္းဆက္ တစ္ဒါဇင္ဟာ MIUI 11 ရရွိလာဦးမယ္လို႔ ယူဆရပါတယ္။ တတိယအႀကိမ္ကလည္း ႏုိဝင္ဘာလထဲမွာပဲ ထြက္ရွိလာမွာျဖစ္လုိ႔ ဒီႏွစ္ႀကိမ္မွာ မပါေသးတဲ့ Xiaomi ပရိသတ္ေတြအေနနဲ႔ ခဏေလာက္ပဲ ထပ္ေစာင့္ရမွာပါ။

Ref – GSM Arena

Unicode

Xiaomi ကုမ္ပဏီဟာ သူတို့ရဲ့ MIUI 11 Stable Update အသစ်ကို နောက်ထပ် စမတ်ဖုန်း ၁၂ လုံးထံသို့ ထပ်မံ ပို့ဆောင်လိုက်ပြန်ပါပြီ။ လောလောဆယ်မှာ Android 10 နဲ့ပတ်သက်ပြီး ဘာမှမပြောလာတဲ့အတွက် ဒီ Update ဟာ လက်ရှိ OS ကိုပြောင်းလဲဦးမှာမဟုတ်ပါဘူး။

အခုထွက်လာတဲ့ Update ဟာ တရုတ်ပြည်တွင်းအလုံးတွေအတွက်ဖြစ်ပြီး ဒီဖုန်းတွေရဲ့ နိုင်ငံတကာဗားရှင်းကတော့ အခုလကုန် ဒါမှမဟုတ် ဒီဇင်ဘာအစောပိုင်းမှာ ရရှိမှာဖြစ်ပါတယ်။ အနည်းဆုံးတော့ ကိုယ်အသုံးပြုနေတဲ့ဖုန်းဟာ MIUI 11 စောစောသုံးနိုင်မလား ဒါမှမဟုတ် ရရောရမှာလားလို့ တွေးနေသူတွေအတွက် အဆင်ပြေမှာပါ။

MIUI 11 Stable ဗားရှင်းအတွက် ဒါဟာ ဒုတိယအကြိမ်မြောက် ကြေညာတာဖြစ်ပြီး ယခုတစ်ခါ Update မှာ ပါလာတဲ့ စမတ်ဖုန်းတွေကတော့ –
Xiaomi Mi 9 Pro 5G
Xiaomi Mi 6
Xiaomi Mi Mix 2
Xiaomi Redmi Note 7
Xiaomi Mi CC9
Xiaomi Mi 9
Xiaomi Redmi K20 Pro
Xiaomi Redmi 6 Pro
Xiaomi Mi Note 3
Xiaomi Redmi S2
Xiaomi Redmi Note 5A
Xiaomi Redmi 7A တို့ပဲ ဖြစ်ပါတယ်။

ဒီစာရင်းထဲမှာ ထွက်ရှိထားတာ နှစ်နှစ်ကြာပြီဖြစ်တဲ့ ဖုန်းတွေကိုတောင် မြင်တွေ့လာရတာ ကောင်းတဲ့အချက်ပါ။ MIUI 11 ဟာ ပိုပြီးလှပတဲ့ ဒီဇိုင်း၊ Natural Effect အသစ်တွေနဲ့ Alarm စနစ်၊ Dark Mode တို့နဲ့အတူ ထုံးစံအတိုင်း Theme အသစ်၊ Wallpaper အသစ်နဲ့ အန်နီမေးရှင်းပုံအသစ်တွေ ပါဝင်ပါတယ်။

Xiaomi ဟာ နှစ်ကြိမ်စလုံးမှာ ဖုန်း ၁၂ လုံးစီကို MIUI 11 Update ထုတ်ပေးခဲ့တာဖြစ်လို့ တတိယအကြိမ်မှာလည်း နောက်ထပ် Xiaomi ဟန်းဆက် တစ်ဒါဇင်ဟာ MIUI 11 ရရှိလာဦးမယ်လို့ ယူဆရပါတယ်။ တတိယအကြိမ်ကလည်း နိုဝင်ဘာလထဲမှာပဲ ထွက်ရှိလာမှာဖြစ်လို့ ဒီနှစ်ကြိမ်မှာ မပါသေးတဲ့ Xiaomi ပရိသတ်တွေအနေနဲ့ ခဏလောက်ပဲ ထပ်စောင့်ရမှာပါ။

Ref – GSM Arena