[Zawgyi]

Xiaomi က MIUI 11 Stable Version ကို စမတ္ဖုန္းမ်ားစြာအတြက္ စတင္ ျဖန္႔ခ်ိေပးေနပါၿပီ။  Mi 6, Mi 9, Mi Mix 3, Mi Mix 2s, Mi 8 SE, Mix 2 ,Redmi K20 နဲ႔ Redmi 7 ေတြမွာ ရရွိေနပါၿပီ။ အခုေတာ့ Mi CC9 ပိုင္ရွင္ေတြက MIUI 11.3.1.0 Stable Version ကို OTA Updates ကေန ရရွိေနၿပီလို႔ ေျပာပါတယ္။ Update ရဲ႕ အရြယ္အစားက 728MB ျဖစ္ၿပီး WiFi ဆက္သြယ္မႈနဲ႔ ေဒါင္းလုပ္လုပ္ဖို႔ အၾကံေပးထားပါတယ္။

MIUI 11 မွာ လုပ္ေဆာင္ခ်က္ အသစ္ေတြ ပါလာပါတယ္။ Kids Mode က ကေလးေတြကို ေပးသံုးမယ့္ Apps ေတြကို မိဘေတြက သတ္မွတ္ထားႏုိင္ပါတယ္။ Ultra Power Saving Mode က ဘက္ထရီသက္တမ္းကို ဆြဲဆန္႔ေပးႏိုင္ပါတယ္။ အိုင္ကြန္အသစ္ေတြရဲ႕ ဒီဇိုင္းက အလန္းစား ျဖစ္ပါတယ္။ စမတ္ဖုန္း အသံုးျပဳမႈကို ေလ့လာတြက္ခ်က္ေပးႏိုင္ၿပီး အလြန္အကြ်ံ မသံုးမိေအာင္ အၾကံေပးႏုိင္ပါတယ္။ ငလ်င္လႈပ္တာကို သတိေပးႏိုင္တဲ့ လုပ္ေဆာင္ခ်က္လည္း ပါပါတယ္။

Mi CC9 ကို ဇူလိုင္လမွာ Mi CC9e , Mi CC9 Meizu Custom Edition ေတြနဲ႔အတူ ေၾကညာခဲ့တာ ျဖစ္ပါတယ္။ Mi CC9 ကို တရုတ္ ျပင္ပမွာ Mi 9 Lite နာမည္နဲ႔ ေရာင္းခ်ေပးခဲ့ပါတယ္။ မၾကာခင္မွာ Global Version အတြက္ Update ကို ျဖန္႔ခ်ိေပးမယ္လို႔ထင္ပါတယ္။ Mi CC9 မွာ ၆.၃၉ လက္မ AMOLED Display ပါၿပီး Screen-to-body Ratio က ၉၁ ရာခုိင္ႏႈန္း ျဖစ္ပါတယ္။ Snapdragon 710 Chipset ေမာင္းႏွင္ထားပါတယ္။ မ်က္ႏွာျပင္ေအာက္ လက္ေဗြရာ အာရံုခံ ကိရိယာ ျမွပ္ႏွံထားပါတယ္။ NFC , Infrared Remote Control နဲ႔ Hi-Res HD Audio ေတြ ပါပါတယ္။

Ref : gizmochina

[Unicode]

Xiaomi Mi CC9 မှာ MIUI 11 Stable Version ရပြီ

Xiaomi က MIUI 11 Stable Version ကို စမတ်ဖုန်းများစွာအတွက် စတင် ဖြန့်ချိပေးနေပါပြီ။ Mi 6, Mi 9, Mi Mix 3, Mi Mix 2s, Mi 8 SE, Mix 2 ,Redmi K20 နဲ့ Redmi 7 တွေမှာ ရရှိနေပါပြီ။ အခုတော့ Mi CC9 ပိုင်ရှင်တွေက MIUI 11.3.1.0 Stable Version ကို OTA Updates ကနေ ရရှိနေပြီလို့ ပြောပါတယ်။ Update ရဲ့ အရွယ်အစားက 728MB ဖြစ်ပြီး WiFi ဆက်သွယ်မှုနဲ့ ဒေါင်းလုပ်လုပ်ဖို့ အကြံပေးထားပါတယ်။

MIUI 11 မှာ လုပ်ဆောင်ချက် အသစ်တွေ ပါလာပါတယ်။ Kids Mode က ကလေးတွေကို ပေးသုံးမယ့် Apps တွေကို မိဘတွေက သတ်မှတ်ထားနိုင်ပါတယ်။ Ultra Power Saving Mode က ဘက်ထရီသက်တမ်းကို ဆွဲဆန့်ပေးနိုင်ပါတယ်။ အိုင်ကွန်အသစ်တွေရဲ့ ဒီဇိုင်းက အလန်းစား ဖြစ်ပါတယ်။ စမတ်ဖုန်း အသုံးပြုမှုကို လေ့လာတွက်ချက်ပေးနိုင်ပြီး အလွန်အကျွံ မသုံးမိအောင် အကြံပေးနိုင်ပါတယ်။ ငလျင်လှုပ်တာကို သတိပေးနိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါပါတယ်။

Mi CC9 ကို ဇူလိုင်လမှာ Mi CC9e , Mi CC9 Meizu Custom Edition တွေနဲ့အတူ ကြေညာခဲ့တာ ဖြစ်ပါတယ်။ Mi CC9 ကို တရုတ် ပြင်ပမှာ Mi 9 Lite နာမည်နဲ့ ရောင်းချပေးခဲ့ပါတယ်။ မကြာခင်မှာ Global Version အတွက် Update ကို ဖြန့်ချိပေးမယ်လို့ထင်ပါတယ်။ Mi CC9 မှာ ၆.၃၉ လက်မ AMOLED Display ပါပြီး Screen-to-body Ratio က ၉၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ Snapdragon 710 Chipset မောင်းနှင်ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ NFC , Infrared Remote Control နဲ့ Hi-Res HD Audio တွေ ပါပါတယ်။

Ref : gizmochina