[Zawgyi]

Xiaomi က ၿပီးခဲ့တဲ့ ရက္ပိုင္းက Mi 9 Pro နဲ႔ Mi Mix Alpha Smartphone ေတြကို ေၾကညာခဲ့ပါတယ္။ ဒါတင္ မကေသးပါဘူး။ ကုမၸဏီက ေနာက္ဆံုးထုတ္ Custom Android Skin ျဖစ္တဲ့ MIUI 11 ကိုလည္း မိတ္ဆက္ခဲ့ပါတယ္။ MIUI 11 ကို ရရွိမယ့္ Devices ေပါင္း ၄၀ ေက်ာ္ကိုလည္း ကုမၸဏီက ေၾကညာခဲ့ေပမယ့္ အိႏၵိယမွာ Poco F1 လို႔ေခၚတဲ့ Pocophone F1 ေတာ့ မပါလာခဲ့ပါဘူး။

ဒါေပမယ့္ စိတ္ညစ္မေနပါနဲ႔ဦး။ အခုေတာ့ Pocophone Global ရဲ႕ အႀကီးအကဲ Alvin Tse က Pocophone F1 ကိုင္ထားသူေတြ ၀မ္းသာေစမယ့္ သတင္းစကားကို တြစ္တာမွာ ပါးလိုက္ပါတယ္။  သူက “ Xiaomi ေၾကညာထားတဲ့ MIUI 11 ရမယ့္ စာရင္းဟာ တရုတ္မွာ ေရာင္းတဲ့ Devices ေတြ ျဖစ္ပါတယ္။ Poco ကို တရုတ္မွာ  မေရာင္းေပးထားပါဘူး။ MIUI 11 ကို Pocophone F1 အတြက္ ျဖန္႔ခ်ိေပးမွာ ျဖစ္ပါတယ္။ “ လို႔ ေရးသားထားပါတယ္။

Tse က “ တရုတ္မွာ MIUI 11 ကို ေအာက္တိုဘာလလယ္မွာ စတင္ ျဖန္႔ခ်ိမွာ ျဖစ္ၿပီး ကမာၻအ၀န္းအတြက္  အနည္းငယ္ေနာက္က်ၿပီးမွ ထုတ္ေပးမွာပါ။ ဒါေပမယ့္ အရမ္းေတာ့ မၾကာပါဘူး။ “ လို႔လည္း ေရးသားထားပါတယ္။

MIUI 11 ရဲ႕ Stable Chinese ROM ကို Mi 9, Mi 9 Transparent Edition, Mi 9 SE, Mi Mix 3, Mi Mix 2S, Mi 8, Mi 8 Youth Edition, Mi 8 Explorer Edition, Mi 8 Screen Fingerprint Edition, Mi 8 SE, Mi Max 3, Redmi K20 Pro, Redmi K20 Pro Premium Edition, Redmi K20, Redmi Note 7, Redmi Note 7 Pro နဲ႔ Redmi 7 တို႔အတြက္ ေအာက္တိုဘာလလယ္မွာ ျဖန္႔ခ်ိမွာပါ။

Ref : gsmarena

[Unicode]

MIUI 11 Update ကို Pocophone F1 မှာ ရမယ်လို့ အတည်ပြု

Xiaomi က ပြီးခဲ့တဲ့ ရက်ပိုင်းက Mi 9 Pro နဲ့ Mi Mix Alpha Smartphone တွေကို ကြေညာခဲ့ပါတယ်။ ဒါတင် မကသေးပါဘူး။ ကုမ္ပဏီက နောက်ဆုံးထုတ် Custom Android Skin ဖြစ်တဲ့ MIUI 11 ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ MIUI 11 ကို ရရှိမယ့် Devices ပေါင်း ၄၀ ကျော်ကိုလည်း ကုမ္ပဏီက ကြေညာခဲ့ပေမယ့် အိန္ဒိယမှာ Poco F1 လို့ခေါ်တဲ့ Pocophone F1 တော့ မပါလာခဲ့ပါဘူး။

ဒါပေမယ့် စိတ်ညစ်မနေပါနဲ့ဦး။ အခုတော့ Pocophone Global ရဲ့ အကြီးအကဲ Alvin Tse က Pocophone F1 ကိုင်ထားသူတွေ ဝမ်းသာစေမယ့် သတင်းစကားကို တွစ်တာမှာ ပါးလိုက်ပါတယ်။ သူက “ Xiaomi ကြေညာထားတဲ့ MIUI 11 ရမယ့် စာရင်းဟာ တရုတ်မှာ ရောင်းတဲ့ Devices တွေ ဖြစ်ပါတယ်။ Poco ကို တရုတ်မှာ မရောင်းပေးထားပါဘူး။ MIUI 11 ကို Pocophone F1 အတွက် ဖြန့်ချိပေးမှာ ဖြစ်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

Tse က “ တရုတ်မှာ MIUI 11 ကို အောက်တိုဘာလလယ်မှာ စတင် ဖြန့်ချိမှာ ဖြစ်ပြီး ကမ္ဘာအဝန်းအတွက် အနည်းငယ်နောက်ကျပြီးမှ ထုတ်ပေးမှာပါ။ ဒါပေမယ့် အရမ်းတော့ မကြာပါဘူး။ “ လို့လည်း ရေးသားထားပါတယ်။

MIUI 11 ရဲ့ Stable Chinese ROM ကို Mi 9, Mi 9 Transparent Edition, Mi 9 SE, Mi Mix 3, Mi Mix 2S, Mi 8, Mi 8 Youth Edition, Mi 8 Explorer Edition, Mi 8 Screen Fingerprint Edition, Mi 8 SE, Mi Max 3, Redmi K20 Pro, Redmi K20 Pro Premium Edition, Redmi K20, Redmi Note 7, Redmi Note 7 Pro နဲ့ Redmi 7 တို့အတွက် အောက်တိုဘာလလယ်မှာ ဖြန့်ချိမှာပါ။

Ref : gsmarena