Xiaomi ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Mi 10 နဲ့ Mi 10 Pro ဖုန်းတွေအတွက် Android 11 ကို အခြေခံထားတဲ့ MIUI 12 Stable Update ကို တရုတ်နိုင်ငံ Region အတွက် ထုတ်ပေးခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ တခြားသော Redmi K30 Series ဖုန်းတွေကိုလည်း လက်ရှိအချိန်မှာ Android 11 Beta Program အနေနဲ့ Software Update ဆက်တိုက်ထုတ်ပေးနေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Redmi K30 Series ဖုန်းတွေထဲမှာ Flagship အဆင့်ဖုန်းတစ်လုံးလို့ ပြောနိုင်တဲ့ Redmi K30 Pro Zoom Edition စမတ်ဖုန်းကို Android 11 အခြေခံထားတဲ့ MIUI 12 Stable Update ထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။ ဒါကလည်း လောလောဆယ်မှာ Mi 10 Series လိုမျိုးပဲ တရုတ်နိုင်ငံအတွင်းမှာပဲ ရရှိနေဦးမယ်လို့ သိရပါတယ်။

Redmi K30 Pro Zoom စမတ်ဖုန်းဟာဆိုရင် Global စျေးကွက်မှာလည်း ရောင်းချတဲ့အတွက် လာမယ့်လပိုင်းအတွင်းမှာတော့ Global Region အတွက်ပါ Update ရရှိလာနိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့် အဲ့ဒီမတိုင်ခင်မှာတော့ ကျန်တဲ့ Mi CC9 Pro နဲ့ Redmi K30 Series ဖုန်းတွေက Android 11 Update ကို အရင်ရရှိလာနိုင်ပါတယ်။

တကယ်လို့ Xiaomi Redmi K30 Pro Zoom စမတ်ဖုန်းကို Chinese Version အသုံးပြုနေတယ်ဆိုရင်တော့ ယခု Android 11 ကို အခြေခံထားတဲ့ MIUI 12 Update က Firmware Number V12.1.3.0.RJKCNXM နဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။ File Size အနေနဲ့ကတော့ 3.3GB ဝန်းကျင်ရှိမှာဖြစ်ပြီး Battery Life နဲ့ Sound Issue အချို့ကို ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ November 2020 Security Patch လည်းပါဝင်လာမှာပါ။

Ref – GSM Arena