Xiaomi ဟာ ပြီးခဲ့တဲ့ဧပြီလကုန်ပိုင်းတုန်းက MIUI 12 ကို တရုတ်နိုင်ငံမှာ တရားဝင်မိတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Global Version ကို မေလလယ်ဝန်းကျင်လောက်မှာ မိတ်ဆက်ခဲ့ပြီး အခုအချိန်မှာတော့ တရုတ်နိုင်ငံတွင်းမှာ MIUI 12 Stable Update တွေကို ထုတ်ပေးနေပါပြီ။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Xiaomi Mi 9 ၊ Mi 9T နဲ့ Redmi K20 Series ဖုန်းတွေကို MIUI 12 Stable Update ထုတ်ပေးခဲ့ပြီး အခုလည်း Xiaomi Mi 10 နဲ့ Mi 10 Pro ဖုန်းတွေပါ MIUI 12 Stable Update ထွက်ရှိလာပြီဖြစ်ပါတယ်။ အဆိုပါသတင်းကိုတော့ Xiaomi ရဲ့ Vice President ဖြစ်တဲ့ Chang Cheng ကနေ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Mi 10 နဲ့ Mi 10 Pro ဖုန်းတွေအတွက် MIUI 12 Stable Update ဟာ Build Number MIUI 12.0.1.0 အနေနဲ့ထွက်ရှိလာတာဖြစ်ပြီး Download ပြုလုပ်ရမယ့် File Size အနေနဲ့ကတော့ 820MB ဝန်းကျင်ရှိမယ်လို့ သိရပါတယ်။ အဆိုပါ MIUI 12 Update နဲ့အတူ Animated AOD+ ၊ Super Wallpapers ၊ Partial Screenshot ၊ MIUI Camera App အသစ်နဲ့ တခြားသော Feature တွေအများအပြားပါဝင်လာမှာဖြစ်ပါတယ်။

ဒီလိုမျိုး MIUI 12 Stable Update ကို တရားဝင်ထုတ်ပေးလိုက်ပြီဖြစ်တဲ့အတွက် Xiaomi Mi 10 Series ဖုန်းတွေကို အသုံးပြုနေတဲ့သူတွေအတွက်ကတော့ ဝမ်းသာစရာသတင်းတစ်ခုဖြစ်လာမှာပါ။ China ROM မဟုတ်ဘဲ Global Version ကို အသုံးပြုနေတဲ့သူတွေအတွက်ကတော့ MIUI 12 Update ရရှိဖို့အတွက် အချိန်ထပ်မံစောင့်ဆိုင်းရဖွယ်ရှိနေပါတယ်။

Ref – Gizmo China