Xiaomi ကနေ MIUI 12 ကို ပြီးခဲ့တဲ့ ဧပြီလတုန်းက တရားဝင်မိတ်ဆက်ခဲ့ပြီး စမတ်ဖုန်းတွေကို ဆက်တိုက် Update ထုတ်ပေးနေခဲ့တာဖြစ်ပါတယ်။ Mid Range ဖုန်းတွေထဲမှာ အောင်မြင်ခဲ့တဲ့ Redmi Note 8 စမတ်ဖုန်းတွေအတွက်လည်း ပြီးခဲ့တဲ့စက်တင်ဘာလထဲက တရုတ်နိုင်ငံအတွက် MIUI 12 Stable Update ကို ထုတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် Redmi Note 8 Global Version ကို အသုံးပြုနေတဲ့သူတွေကတော့ China Region အတွက် Update ရရှိပြီး လအတော်ကြာ အခုအချိန်မှပဲ Update ရရှိပြီလို့ ဖော်ပြခဲ့ပါတယ်။ အခု MIUI 12 Update ဟာ Global Version အတွက်ပဲဖြစ်ပြီး တခြားသော India နဲ့ Indonesia နိုင်ငံတွေအတွက် ထုတ်ပေးထားတဲ့ Redmi Note 8 ဖုန်းတွေကတော့ Update ရရှိဦးမှာမဟုတ်ပါဘူး။

Redmi Note 8 Global MIUI 12 Update ဟာ Build Number V12.0.1.0.QCOMIXM အနေနဲ့ မိတ်ဆက်လာမှာဖြစ်ပြီး Android 10 OS ကို အခြေခံထားမှာဖြစ်တယ်လို့ သိရပါတယ်။ MIUI 12 Update နဲ့အတူ Dark Mode ပိုင်း Improvement တွေအပြင် Control Center အသစ်၊ Super Wallpaper နဲ့ Animation အသစ်တွေပါဝင်လာမှာဖြစ်ပါတယ်။

Xiaomi ကတော့ လက်ရှိ Redmi Note 8 Global Version အသုံးပြုနေတဲ့သူတွေအကုန်လုံး System Update ကနေတစ်ဆင့် Update ပြုလုပ်နိုင်ပြီလို့ ပြောကြားထားတဲ့အတွက် တကယ်လို့မရရှိသေးရင်လည်း ရက်ပိုင်းအတွင်းမှာ Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China