Xiaomi က Mi 10 Youth Edition 5G ကို တရုတ်မှာ ကြေညာတော့မှာ ဖြစ်ပြီး MIUI 12 အသစ်ကိုလည်း ပွဲထုတ်မှာပါ။ Xiaomi ဟာ MIUI 12 Beta Version ကို စမ်းသပ်ဖို့အတွက် ပါဝင်ချင်သူတွေကို လက်ခံနေပါတယ်။ Xiaomi က MIUI 12 စမ်းသပ်ဖို့အတွက် အကျုံးဝင်တဲ့ Device စာရင်းကိုလည်း အတည်ပြုလိုက်ပါတယ်။ အဲဒီထဲမှာ Mi 10 Pro, Mi 10, Mi 9 Pro 5G, Mi 9, Mi 9 SE, MI 8 Screen Fingerprint Edition, Mi 8 Youth Edition, Mi 8 Explorer Edition, Mi 8 SE, Mi 8, Mi 6, Mi 6X, Mi CC9 Pro, Mi CC9, Mi CC9 Meitu Custom Edition, Mi MIX 3, Mi MIX 2s, Mi MIX 2, Mi Note 3 နဲ့ Mi Max 3 လို Mi မော်ဒယ်တွေ ပါပါတယ်။ ဒါ့အပြင် မကြာခင် ကြေညာမယ့် Mi 10 Youth Edition ကိုလည်း ထောက်ပံ့မှာပါ။

MIUI 12 စမ်းသပ်နိုင်မယ့် Redmi Series ထဲမှာ Redmi K30 Pro, Redmi K30 5G, Redmi K30 4G, Redmi K20 Pro Premium Edition, Redmi K20 Pro, Redmi K20, Redmi Note 8 Pro, Redmi Note 7Pro, Redmi Note 7 နဲ့ Redmi Note 5 တို့ ပါဝင်ပါတယ်။

အထက်ပါ စာရင်းမှာ Xiaomi Mi 10 Lite (Europe), POCO X2, POCO F1, Redmi Note 6 Pro, Mi A3, Mi A2 နဲ့ Mi A1 လို Device တွေ မပါပါဘူး။ ဒါဟာ Xiaomi က နိုင်ငံတကာဈေးကွက်မှာ MIUI 12 ရမယ့် ဖုန်း စာရင်းကို အတည်မပြုရသေးလို့ ဖြစ်ပါတယ်။ အထက်ပါ စာရင်းဟာ တရုတ် ဈေးကွက်အတွက်ပဲ ဖြစ်ပြီး မကြာခင်မှာ နိုင်ငံတကာ ဈေးကွက်အတွက် ကြေညာမယ်လို့ ထင်ပါတယ်။

MIUI 12 မှာ  System Performance, Privacy, Animations နဲ့ Battery Performance တွေကို တိုးတက်အောင် ပြုလုပ်ထားမယ်လို့ မကြာခင်က သတင်းထွက်လာပါတယ်။ Custom Animated AOD (Always-on Display) Styles ပေါင်း ၁ ထောင်ကျော်၊ Dark Mode 2.0 ၊ ပိုကောင်းလာတဲ့ ကင်မရာ Interface နဲ့ MIUI အတွက် အထူး Customize လုပ်ထားတဲ့ App ၂၀ ပါလာမှာပါ။

Ref : gizmochina