Android 13 ကို ဩဂုတ်လမှာ ကြေညာမယ်လို့ထင်ရပြီး Xiaomi က Android 13 အခြေပြု MIUI 14 ကို လာမယ့် လအနည်းငယ်အတွင်း ဖြန့်ချိနိုင်ပါတယ်။ အခုတော့ Xiaomiui က MIUI 14 ကို Codebase မှာ တွေ့လာရပြီ ဖြစ်ပြီး Xiaomi 13 Series စမတ်ဖုန်းတွေမှာ ထည့်သွင်းထားမယ်လို့ သတင်းပေးလာပါတယ်။

MIUI 14

MIUI 14 ကို Codebase မှာ တွေ့လာရပြီ ဖြစ်ပြီး nuwa Codename က Xiaomi 13 ကို ရည်ညွှန်းပါတယ်။ nuwa မှာ MIUI 14 ပါလာမယ်ဆိုတာ ဖော်ပြထားပါတယ်။

miui 13 material you support featured

အခုသတင်းအရ MIUI 14 ကို ဩဂုတ်လမှာ ကြေညာပြီး နိုဝင်ဘာလမှာ မိတ်ဆက်မယ့် nuwa နဲ့ fuxi စမတ်ဖုန်းတွေမှာ ထည့်သွင်းထားနိုင်ပါတယ်။ nuwa နဲ့ fuxi တို့ဟာ နောက်ထွက်မယ့် Xiaomi 13 Series စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ Xiaomi ဟာ MIUI 13 ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ကြေညာခဲ့တဲ့ Xiaomi 12 Series မှာ ထည့်သွင်းပေးခဲ့တဲ့အတွက် ဒါဟာ သဘာဝ ကျပါတယ်။

Xiaomi ဟာ MIUI 14 ဖြန့်ချိတဲ့အချိန်မှာ Mi 10 စမတ်ဖုန်းအတွက် Software Support ကို ရပ်နားနိုင်တယ်လို့ အခု သတင်းမှာ ဖော်ပြထားပါတယ်။ Xiaomi ဟာ MIUI 13 ကို ပြီးခဲ့တဲ့ နှစ်က ဖြန့်ချိတဲ့ အချိန်မှာ Mi 9 အတွက် Software Support ကို ရပ်နားခဲ့ပါတယ်။

Ref : gizmochina