Xiaomi ဟာ MIUI 14 ကို ဒီလနှောင်းပိုင်း ကြေညာမယ်လို့ ထင်ရပြီး အခုတော့ တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာ MIUI 14 ရဲ့ Changelog ထွက်ပေါ်လာကာ လုပ်ဆောင်ချက်တွေကို သိလာရပါတယ်။

MIUI 14 launch poster

MIUI 14 မှာ System Architecture ပိုကောင်းလာပြီး ကြိုတင်ထည့်သွင်းထားတဲ့ App တွေဟာ Storage အနည်းငယ်ပဲ ယူမှာ ဖြစ်သလို စွမ်းအင် စားသုံးမှုနည်းပါးတဲ့အတွက် စွမ်းဆောင်ရည် ပိုကောင်းလာမှာပါ။  Widget Format အသစ် ထည့်သွင်းထားပြီး Home Screen Folder နဲ့ Super Icons တွေ အပါအဝင် User တွေအတွက် Personalization Options တွေ ပိုမို ပါလာမှာပါ။ Privacy ပိုကောင်းလာပြီး User Data တွေကို Cloud မှာ မသိမ်းဆည်းဘဲ ဖုန်းထဲမှာပဲ ထည့်သွင်းထားမှာပါ။

MIUI 14 changelog leaks detailing Xiaomi's changes for 'Project Razor' - NotebookCheck.net News

Mi AI Voice Assistant မှာ Document Scanning ၊ ဘာသာပြန်ခြင်း၊ Spam Call Filter ပါတဲ့ Call Assistant တို့လို စွမ်းရည်တွေပိုမို ပါလာမှာပါ။ Xiaomi က နားကြပ်၊ တက်ဘလက်နဲ့ တီဗီ တို့လို တခြား Xiaomi Device တွေနဲ့ Pairing လုပ်တာ ပိုကောင်းအောင်နဲ့ ဆက်သွယ်မှု တည်ငြိမ်အောင် ပြုလုပ်ထားပါတယ်။

Settings ထဲက Search Function ကို တိုးတက်အောင်ပြုလုပ်ထားပြီး Search History နဲ့ Result တွေကို ကဏ္ဍအလိုက် သိမ်းဆည်းထားပါတယ်။ MIUI 14 မှာ Wireless Card Reader တွေကို ပိုမို ထောက်ပံ့လာပြီး ဝိုင်ဖိုင်လိုင်း အားနည်းတဲ့အခါ မိုဘိုင်း Data ရဲ့ အမြန်နှုန်း ပိုကောင်းအောင် ဖန်တီးထားပါတယ်။

Ref : gsmarena