Xiaomi စမတ်ဖုန်းတွေမှာ အသုံးပြုနေတဲ့ MIUI ဟာဆိုရင်လက်ရှိ Android UI တွေထဲမှာ အသုံးပြုသူအများဆုံးဖြစ်သလို Feature အစုံလင်ဆုံး UI တစ်ခုလို့လည်း ပြောနိုင်ပါတယ်။ အခုနောက်ဆုံးအနေနဲ့ MIUI 12 Update ကို ပြီးခဲ့တဲ့ဧပြီလတုန်းက မိတ်ဆက်ခဲ့ပြီး အခုဆိုရင် Xiaomi ဖုန်းအတော်များများအတွက်ထွက်ရှိနေပြီဖြစ်ပါတယ်။

အခုလည်း Xiaomi ကနေ MIUI 12 အတွက် Feature အသစ်တစ်ခုကို ထည့်သွင်းပေးလိုက်တယ်လို့ သိရပါတယ်။ အဆိုပါ Feature ကတော့ MIUI Camera App အတွက်ထည့်သွင်းထားတာဖြစ်ပြီး “AI Shutter” လို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။ MIUI 12 Beta Build တစ်ခုမှာစမ်းသပ်နေတာဖြစ်ပြီး XDA Developers ကနေတစ်ဆင့် @Deiki အမည်ရှိအသုံးပြုသူတစ်ဦးက Telegram မှာဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီ “AI Shutter” အမည်ရတဲ့ Feature ဟာ လက်ရှိ Google Pixel စမတ်ဖုန်းတွေမှာပါဝင်တဲ့ Top Shot Feature နဲ့ဆင်တူမှာဖြစ်ပြီး Camera Shutter ကို နှိပ်ပြီး ဓါတ်ပုံမရိုက်ခင်အရှေ့ပိုင်းနဲ့ အနောက်ပိုင်းစက္ကန့်အနည်းစာ Frame တွေရိုက်ကူးထားမှာဖြစ်ပါတယ်။ အဆိုပါ Frame တွေထဲကမှ AI ကနေ အကောင်းဆုံးသော ဓါတ်ပုံကို Enhance ပြုလုပ်ပြီး ရွေးထုတ်ပေးမယ်လို့ ယူဆရပါတယ်။ ဒါပေမယ့်လည်း Xiaomi ကနေအသေးစိတ်ကိုတော့ ပြောကြားထားခြင်းမရှိသေးတဲ့အတွက် ဘယ်လိုမျိုးအလုပ်လုပ်မလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

လောလောဆယ်မှာတော့ အဆိုပါ AI Shutter Feature ကို အသုံးပြုနိုင်တဲ့ Xiaomi စမတ်ဖုန်းတွေမရှိသေးတဲ့အတွက် Flagship ဖုန်းလိုမျိုး အမြင့်ပိုင်းဖုန်းမှာပဲ ပါဝင်လာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Feature ရရှိလာတာက ဓါတ်ပုံရိုက်ကူးတဲ့အချိန်မှာ Shutter နှိပ်တဲ့အချိန်မှားသွားလို့ အမှတ်တရအချိန်တွေကို လွတ်သွားတာကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

Ref – Gizmo China