မကြာခင်က ကြေညာခဲ့တဲ့ Apple iPhone 14 Pro မော်ဒယ်တွေရဲ့ လူစိတ်အဝင်စားဆုံး လုပ်ဆောင်ချက်က Dynamic Island ဖြစ်ပါတယ်။ အခုတော့ ထူးချွန်တဲ့ Developer တချို့ရဲ့ ကျေးဇူးကြောင့် အဲဒီလုပ်ဆောင်ချက်ကို Xiaomi ဖုန်းတွေမှာ အသုံးပြုလို့ရတော့မှာ ဖြစ်ပါတယ်။ Apple ရဲ့ Dynamic Island ကို တုပ ဖန်တီးတာ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။

iPhone 14 Pro Max

iPhone 14 Pro မော်ဒယ်တွေရဲ့ Dynamic Island ဟာ ဆေးတောင့်ပုံ ကင်မရာ Housing ကို ကိုယ်ယောင်ဖျောက်ပေးပြီး Notification , Call, Timer, Bluetooth Pairing နဲ့ တခြား သတင်းအချက်အလက်တွေကို ပြသပေးပါတယ်။

Mi Theme Developer က Dynamic Island ရဲ့ Android Version ကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့ပြီး Android စမတ်ဖုန်းမှာ Dynamic Island အလုပ်လုပ်ပုံ ဗီဒီယို အတို ၁ ခုကို မျှဝေထားပါတယ်။ Dynamic Island ရဲ့ Android Version ကို Grumpy UI လို့ အမည်ပေးထားပြီး လက်ရှိမှာ တရုတ် Version တွေမှာပဲ ရပါသေးတယ်။ MIUI Software မှာ Now Playing Section လည်း ပါလာပါတယ်။ ဗီဒီယိုမှာ အဲဒီ Theme ဟာ Island ကို ဖြန့်လိုက်တဲ့အခါ ထောင့်နားက Pinhole ဆဲလ်ဖီး ကင်မရာကို ဖျောက်ထားပေးနိုင်တာတွေ့ရပါတယ်။

Xiaomi က အဲဒီ လုပ်ဆောင်ချက် အသစ် အကြောင်းကို ဘာမှ မပြောသေးဘဲ Theme Developer က Update ကို Review လုပ်နေတုန်းလို့ ပြောပါတယ်။ Grumpy UI ကို ခွင့်ပြုလိုက်ရင် MIUI Themes Store ကို ရောက်လာမှာ ဖြစ်ပါတယ်။ ဆေးတောင့်ပုံ ကင်မရာ Theme ဟာ Android Device တွေမှာ မထွက်ရှိခဲ့ဖူးပြီး Xiaomi က အဲဒီ လုပ်ဆောင်ချက်ကို ခွင့်ပြုမလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Ref : gizmochina