ပြီးခဲ့တဲ့နှစ်မှာ Major League Baseball (MLB) NFT တွေ စတင် ရောင်းချခဲ့တဲ့ Candy Digital ဟာ ဒီလ ၁၅ ရက်နေ့မှာ NFT ဈေးကွက် ၁ ခုကို တည်ထောင်လိုက်ပါတယ်။ NFT ဈေးကွက်အသစ်မှာ ရောင်းအား တော်တော်ကောင်းနေပါတယ်။

MLB NFTs on Candy Clock $2.7M in Marketplace Debut | coindesk.com

Galaxy Digital က ကျောထောက်နောက်ခံပေးထားတဲ့ Non-fungible Token ဈေးကွက်ဟာ ပြီးခဲ့တဲ့ ဇွန်လမှာ MLB နဲ့ ပူးပေါင်းမှုကို ကြေညာခဲ့ပါတယ်။ အခုတော့ Candy Digital NFT ဈေးကွက်ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေရက်တွေမှာ ဒေါ်လာ ၂.၇ သန်းဖိုး ရောင်းချနိုင်ခဲ့ပြီး ပထမဆုံး ၈ နာရီအတွင်းမှာ ဒေါ်လာ ၁ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

MLB strikes long-term deal as first NFT partner of Candy Digital

ဇန်နဝါရီလအတွင်း နေ့တိုင်းမှာ အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၂ သန်းဖိုး ရောင်းချနိုင်ခဲ့တဲ့ Dapper Labs ရဲ့ NBA Top Shot တွေရဲ့ ရောင်းအားကို Candy Digital က ယှဉ်လာနိုင်ပြီ ဖြစ်ပါတယ်။ Candy ရဲ့ MLB ဈေးကွက်ဟာ Palm Blockchain မှာ Run တာ ဖြစ်ပြီး Candy ရဲ့ Lou Gehrig NFT Collection ကိုတော့ Ethereum ကနေ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

Candy Digital ရဲ့ စီအီးအို Scott Lawin က MLB နဲ့ ပူးပေါင်းပြီး မတူညီတဲ့ NFT ထုတ်ကုန် ၈ ခုကနေ ၁၀ ခုအထိ နောက်နှစ်မှာ မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။ Candy Digital ကို အဓိက ပိုင်ဆိုင်ထားသူတွေက အားကစားပစ္စည်း အရောင်းဆိုင် Fanatics နဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် ၁ ဦး ဖြစ်သလို NFT စုဆောင်းသူ Gary Vaynerchuk တို့ ဖြစ်ပါတယ်။

Ref : coindesk