Mobile Legends: Bang Bang ဂိမ်းရဲ့ အစောပိုင်း Season တွေကနေ စကစားခဲ့ဖူးသူတွေကတော့ Jess No Limit လို့ ဆိုလိုက်ရင် ဂိမ်းထဲက Leaderboard ထိပ်ဆုံးနားမှာ အမြဲတွေ့နေကြ အပြုံးချိုချိုနဲ့လူတစ်ယောက်ကို သတိရကြမှာပါ။ အမည်ရင်း Tobias Justin ဖြစ်သူ အင်ဒိုနီးရှားသားဟာ YouTube ပေါ်မှာ ပုံမှန် Content တွေ တင်လေ့ရှိပြီး အခုတော့ သူ့ကို Subscribe လုပ်ထားသူဦးရေဟာ ၁၅ သန်းတောင် ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ MLBB Pro ကစားသမားဟောင်းဟာ ၂၀၁၇ ခုနှစ်နှောင်းပိုင်းလောက်မှာ YouTube ပေါ်ကို စတင်ရောက်ရှိခဲ့ပြီး သုံးနှစ်အတွင်း အရှေ့တောင်အာရှဂိမ်းကွန်မြူနတီထဲက လူသိအများဆုံးသူတစ်ယောက် ဖြစ်လာခဲ့တာပါပဲ။

အခြားဂိမ်းတွေလည်း ရံဖန်ရံခါကစားလေ့ရှိတဲ့ Justin ဟာ သူ့ရဲ့ရွှေရောင်နေ့ရက်များမှာ အင်ဒိုရဲ့ အအောင်မြင်ဆုံးနဲ့ နာမည်အကြီးဆုံး MLBB အသင်းတစ်သင်းဖြစ်တဲ့ Evos Legends မှာလည်း ပရိုအဖြစ် ကစားခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုတော့ အချိန်ပြည့် Streamer နဲ့ Influencer တစ်ယောက်အဖြစ်သာ ရပ်တည်နေပါတယ်။

မိုဘိုင်းပလက်ဖောင်းကို အဓိကအားပြုတဲ့ Justin ရဲ့ အောင်မြင်မှုက အာရှမှာ မိုဘိုင်းဂိမ်းတွေ ဘယ်လောက်လူကြိုက်များလာလဲ ဆိုတာကိုလည်း ညွှန်ပြနေတာပါ။ သူဟာ အခုထိ EVOS Esports အဖွဲ့အစည်းရဲ့ Content ဖန်တီးသူတစ်ယောက်အဖြစ်လည်း လုပ်ကိုင်နေဆဲပါ။ Jess No Limit ရဲ့ YouTube ချန်နယ်ဟာ ဧပြီလအစကမှ Subs ဆယ်သန်းပြည့်ခဲ့တာဖြစ်ပြီး အဲ့ဒီပမာဏရဲ့တစ်ဝက်ဖြစ်တဲ့ နောက်ထပ် ၅ သန်းကိုတော့ နှစ်လအတွင်း ရခဲ့တာ အံ့သြစရာပါ။

Ref – AFKGaming