Zawgyi Font Version

Asphalt 9 ဟာ နာမည္ၾကီး Mobile Racing Game Series တစ္ခုျဖစ္တဲ့ Asphalt ရဲ႕ေနာက္ဆံုးထြက္ Series ပါ။

Android နဲ႔ iOS ႏွစ္ခုလံုးအတြက္ ၾသဂုတ္လကတည္းက စတင္ေဆာ့ကစားႏိုင္ျပီး Free Game တစ္ခုပါ။ Asphalt 9 ရဲ႕ အရင္ထြက္ခဲ့တဲ့ Asphalt 8 ဆိုရင္ Mobile Gaming ေလာကရဲ႕ စံတစ္ခုျဖစ္ခဲ့ပါတယ္။

Offline ေရာ Online ပါေဆာ့ႏိုင္တဲ့အတြက္ တစ္ျခား Online Game ေတြထက္ အားသာပါတယ္။ ကားအမ်ိဳးအစားေပါင္း မ်ားစြာပါျပီး နာမည္ၾကီး Lamborghini တို႔ Bugatti တို႔လို ကားေတြပါေမာင္းႏိုင္လို႔ ကား Crazy ေတြအတြက္ Asphalt က ရွယ္ပါပဲ။

Asphalt 9 ကို Legends လို႔ နာမည္ေပးထားျပီး ကားအမ်ိဳးအစားအသစ္ေတြနဲ႔ လမ္းအသစ္ေတြအျပင္ Game Play ေရာ Graphic ပိုင္းမွာပါ အဆင့္ျမွင့္တင္ထားပါတယ္။ Major Update တစ္ခုျဖစ္လို႔ အရင္ Asphalt 8 ထက္ Game Play ေရာ Graphic ပိုင္းမွာပါ အမ်ားၾကီး သာလြန္ေကာင္းမြန္ေနပါတယ္။

Asphalt 9 ကိုေရးဆြဲခဲ့တဲ့ Gameloft ဟာ ဥာဏ္အရမ္းေကာင္းတယ္ေျပာရပါမယ္။ ဘာလို႔ဆို Performance နိမ့္တဲ့ဖုန္းေတြမွာကစားရင္ Frame Rate နည္းတာကို မသိသာေအာင္လို႔ ကားေမာင္းသြားတဲ့အခါ ကားေနာက္မွာ အလင္းတန္းေလးေတြခ်န္ခဲ့ပါတယ္။ အျမင္ပိုင္းဆိုင္ရာ Trick တစ္ခုျဖစ္ျပီး အနိမ့္ပိုင္းဖုန္းေတြမွာ Frame Rate နည္းသြားတာမသိသာေစပဲ Smooth အရမ္းျဖစ္တယ္လို႔ထင္ရေစပါတယ္။

ကားအသစ္ေတြအမ်ားၾကီးျဖည့္ထားျပီး ေျမပံုအသစ္ေတြနဲ႔အတူ သီခ်င္းအသစ္ေတြပါ ၾကားရမွာပါ။ Galaxy Note 9 က စလို႔ Redmi 5 Plus လို အနိမ့္ပိုင္းဖုန္းထိ High Graphic နဲ႔ေဆာ့ႏိုင္ျပီး ထစ္တာ ရပ္သြားတာမ်ိဳးမရွိပါဘူး။

Gameloft က Asphalt 9 ကိုမထုတ္ခင္ ရွိသမွ် Mobile SoC ေတြကို အခ်ိန္ယူျပီးေလ့လာခဲ့ပံုေပၚပါတယ္။ PUBG နဲ႔ Fortnite လိုမ်ိဳး ေဆာ့မရတဲ့ Device ေတြမရွိသေလာက္ပါပဲ။ Snapdragon 625 ကစလို႔သာသာယာယာေဆာ့ႏိုင္ျပီး Mediatek Device ေတြမွာလည္းအဆင္ေျပတယ္ၾကားပါတယ္။

Game Control အပိုင္းကေတာ့ အရင္ Series ေတြလိုပဲ Touch Control ပံုစံႏွစ္ခုနဲ႔ ဖုန္း Sensor ကိုသံုးျပီး ဖုန္းကို Steering Wheel လိုသံုးျပီး ေမာင္းႏိုင္တဲ့ပံုစံေတြနဲ႔အတူ ကိုယ့္စိတ္ၾကဳိက္ ႏွစ္သက္သလို Control လုပ္ႏိုင္ပါတယ္။ Game Controller ေတြနဲ႔လဲေဆာ့ႏိုင္ျပီး Controller ေတာ္ေတာ္မ်ားမ်ားနဲ႔ Support လုပ္တယ္လို႔ၾကားရပါတယ္။

Graphic ပိုင္းေတာ္ေတာ္ေကာင္းျပီး ေဆာ့ရတာ အရမ္း Smooth ျဖစ္တယ္။ ဒါေပမယ့္ Redmi 5 Plus တို႔လို အနိမ့္ပိုင္းဖုန္းေတြမွာေတာ့ Texture ေတြက သိပ္မေသသပ္တာေတြ႔ရတယ္။ Object ေတြရဲ႕အနားသတ္ေတြက မသပ္မရပ္နဲ႔ အစြန္းေလးေတြမသိမသာထြက္ေနတာျမင္ႏိုင္ပါတယ္။ ဒါေပမယ့္ ကားျပိဳင္ေမာင္းေနတဲ့ အခ်ိန္မွာေတာ့အဲ့ဒီ အရာေလးေတြကိုသတိထားမိမွာမဟုတ္ပါဘူး။ ေသခ်ာၾကည့္မွျမင္ရပါတယ္။

Overall ေျပာရရင္ အရမ္းကိုေကာင္းပါတယ္။ Graphic, Game Play, Sound အကုန္လံုး Perfect ျဖစ္ပါတယ္။ Asphalt 8 တုန္းကလိုပဲ Mobile Gaming ေလာကရဲ႕ စံျပ Game ဆိုတဲ့ နာမည္ကို ဆက္လက္ထိန္းထားျမဲပါပဲ။ Detailed Review ကို အခ်ိန္ယူလုပ္ေပးျပီး လက္လွမ္းမွီသမွ်ဖုန္းေတြနဲ႔စမ္းၾကည့္ပါဦးမယ္။

ဒီ Game ေလးကိုေဆာ့ခ်င္ရင္ေတာ့ ေလာေလာဆယ္ Playstore ကေနပဲ အဆင္ေျပပါလိမ့္မယ္။ License Check ရွိလို႔ Apk Pure တို႔လို အျပင္ App Store ေတြကေဒါင္းရင္ ေဆာ့လို႔ရမွာမဟုတ္ပါဘူး။

Unicode Version

Asphalt 9 ဟာ နာမည်ကြီး Mobile Racing Game Series တစ်ခုဖြစ်တဲ့ Asphalt ရဲ့နောက်ဆုံးထွက် Series ပါ။

Android နဲ့ iOS နှစ်ခုလုံးအတွက် သြဂုတ်လကတည်းက စတင်ဆော့ကစားနိုင်ပြီး Free Game တစ်ခုပါ။ Asphalt 9 ရဲ့ အရင်ထွက်ခဲ့တဲ့ Asphalt 8 ဆိုရင် Mobile Gaming လောကရဲ့ စံတစ်ခုဖြစ်ခဲ့ပါတယ်။

Offline ရော Online ပါဆော့နိုင်တဲ့အတွက် တစ်ခြား Online Game တွေထက် အားသာပါတယ်။ ကားအမျိုးအစားပေါင်း များစွာပါပြီး နာမည်ကြီး Lamborghini တို့ Bugatti တို့လို ကားတွေပါမောင်းနိုင်လို့ ကား Crazy တွေအတွက် Asphalt က ရှယ်ပါပဲ။

Asphalt 9 ကို Legends လို့ နာမည်ပေးထားပြီး ကားအမျိုးအစားအသစ်တွေနဲ့ လမ်းအသစ်တွေအပြင် Game Play ရော Graphic ပိုင်းမှာပါ အဆင့်မြှင့်တင်ထားပါတယ်။ Major Update တစ်ခုဖြစ်လို့ အရင် Asphalt 8 ထက် Game Play ရော Graphic ပိုင်းမှာပါ အများကြီး သာလွန်ကောင်းမွန်နေပါတယ်။

Asphalt 9 ကိုရေးဆွဲခဲ့တဲ့ Gameloft ဟာ ဉာဏ်အရမ်းကောင်းတယ်ပြောရပါမယ်။ ဘာလို့ဆို Performance နိမ့်တဲ့ဖုန်းတွေမှာကစားရင် Frame Rate နည်းတာကို မသိသာအောင်လို့ ကားမောင်းသွားတဲ့အခါ ကားနောက်မှာ အလင်းတန်းလေးတွေချန်ခဲ့ပါတယ်။ အမြင်ပိုင်းဆိုင်ရာ Trick တစ်ခုဖြစ်ပြီး အနိမ့်ပိုင်းဖုန်းတွေမှာ Frame Rate နည်းသွားတာမသိသာစေပဲ Smooth အရမ်းဖြစ်တယ်လို့ထင်ရစေပါတယ်။

ကားအသစ်တွေအများကြီးဖြည့်ထားပြီး မြေပုံအသစ်တွေနဲ့အတူ သီချင်းအသစ်တွေပါ ကြားရမှာပါ။ Galaxy Note 9 က စလို့ Redmi 5 Plus လို အနိမ့်ပိုင်းဖုန်းထိ High Graphic နဲ့ဆော့နိုင်ပြီး ထစ်တာ ရပ်သွားတာမျိုးမရှိပါဘူး။

Gameloft က Asphalt 9 ကိုမထုတ်ခင် ရှိသမျှ Mobile SoC တွေကို အချိန်ယူပြီးလေ့လာခဲ့ပုံပေါ်ပါတယ်။ PUBG နဲ့ Fortnite လိုမျိုး ဆော့မရတဲ့ Device တွေမရှိသလောက်ပါပဲ။ Snapdragon 625 ကစလို့သာသာယာယာဆော့နိုင်ပြီး Mediatek Device တွေမှာလည်းအဆင်ပြေတယ်ကြားပါတယ်။

Game Control အပိုင်းကတော့ အရင် Series တွေလိုပဲ Touch Control ပုံစံနှစ်ခုနဲ့ ဖုန်း Sensor ကိုသုံးပြီး ဖုန်းကို Steering Wheel လိုသုံးပြီး မောင်းနိုင်တဲ့ပုံစံတွေနဲ့အတူ ကိုယ့်စိတ်ကြိုက် နှစ်သက်သလို Control လုပ်နိုင်ပါတယ်။ Game Controller တွေနဲ့လဲဆော့နိုင်ပြီး Controller တော်တော်များများနဲ့ Support လုပ်တယ်လို့ကြားရပါတယ်။

Graphic ပိုင်းတော်တော်ကောင်းပြီး ဆော့ရတာ အရမ်း Smooth ဖြစ်တယ်။ ဒါပေမယ့် Redmi 5 Plus တို့လို အနိမ့်ပိုင်းဖုန်းတွေမှာတော့ Texture တွေက သိပ်မသေသပ်တာတွေ့ရတယ်။ Object တွေရဲ့အနားသတ်တွေက မသပ်မရပ်နဲ့ အစွန်းလေးတွေမသိမသာထွက်နေတာမြင်နိုင်ပါတယ်။ ဒါပေမယ့် ကားပြိုင်မောင်းနေတဲ့ အချိန်မှာတော့အဲ့ဒီ အရာလေးတွေကိုသတိထားမိမှာမဟုတ်ပါဘူး။ သေချာကြည့်မှမြင်ရပါတယ်။

Overall ပြောရရင် အရမ်းကိုကောင်းပါတယ်။ Graphic, Game Play, Sound အကုန်လုံး Perfect ဖြစ်ပါတယ်။ Asphalt 8 တုန်းကလိုပဲ Mobile Gaming လောကရဲ့ စံပြ Game ဆိုတဲ့ နာမည်ကို ဆက်လက်ထိန်းထားမြဲပါပဲ။ Detailed Review ကို အချိန်ယူလုပ်ပေးပြီး လက်လှမ်းမှီသမျှဖုန်းတွေနဲ့စမ်းကြည့်ပါဦးမယ်။

ဒီ Game လေးကိုဆော့ချင်ရင်တော့ လောလောဆယ် Playstore ကနေပဲ အဆင်ပြေပါလိမ့်မယ်။ License Check ရှိလို့ Apk Pure တို့လို အပြင် App Store တွေကဒေါင်းရင် ဆော့လို့ရမှာမဟုတ်ပါဘူး။