[Zawgyi]

Assassin’s Creed ဆုိတာ ေတာ္ရုံဂိမ္းမေဆာ့တဲ့ လူငယ္ေတြေတာင္ ၾကားဖူးေနမယ့္ Ubisoft ရဲ႕ နာမည္ေက်ာ္ ဂိမ္းစီးရီးပါ။ ဥေရာပတုိက္ရဲ႕ အလယ္ေခတ္မွာ ထူးျခားတဲ့ လက္နက္ကိရိယာေတြနဲ႔ လူသားေတြ အက်ဳိးအတြက္ အေမွာင္ထဲက ေစာင့္ၾကည့္ေနတဲ့ လုပ္ၾကံသတ္ျဖတ္ေရးသမားေတြနဲ႔ ဒ႑ာရီဆန္တဲ့ “Apple of Eden” ဆုိတဲ့ အရာဝတၳဳ၊ ဒီဘက္ေမာ္ဒန္ေခတ္ကေန အဆုိပါ Assassin ေတြရဲ႕ DNA ကုိ သူတုိ႔ရဲ႕ မ်ဳိးဆက္သစ္ ေတြဆီကေန ျပန္အေျခခံျပီး ဟိုးအတိတ္ကာလမွ မွတ္ဥာဏ္ေတြကို ျပန္ေဖာ္ထုတ္ႏုိင္တဲ့ Animus စက္ၾကီး စတာေတြဟာ AC ဂိမ္းစီးရီးရဲ႕ အဓိက အစိတ္အပိုင္းေတြလည္း ျဖစ္ပါတယ္။ ၂၀၁၈ ႏုိဝင္ဘာလကုန္မွ ထြက္လာတဲ့ Assassin’s Creed Rebellion ကေတာ့ သူ႕အရင္ထြက္ခဲ့ဖူးတဲ့ AC ဂိမ္းေတြနဲ႔ မတူဘဲ တမ်ဳိးတဖုံ ထူးျခားေနတဲ့ မုိဘုိင္းဂိမ္းတစ္ခုပါ။

Plot

Apple of Eden ကို အတၱအတြက္ အသုံးခ်မယ့္ အာဏာပုိင္ အဖြဲ႕အစည္းေတြကို အေႏွာင့္အယွက္ ေပးရတာဟာလည္း Assassin ေတြရဲ႕ အလုပ္တစ္ခုပါပဲ။ ဒီတစ္ခါေတာ့ စပိန္ႏုိင္ငံရဲ႕ အာဏာပုိင္ေတြထဲက Apple of Eden ကို ပုိင္ဆုိင္ႏုိင္ဖို႔ ၾကိဳးစားလာတာကို စပိန္ Brotherhood အဖြဲ႕ဝင္ Aguila မွတားဆီးဖို႔ ၾကိဳးစားရမွာ ျဖစ္ပါတယ္။

Gameplay

Gameplay စတုိင္ကေတာ့ Strategy-RPG ဂိမ္းပါ။ Aguila ကေန စတင္ကစားရေပမယ့္ အက္ရွင္ဂိမ္း မဟုတ္ဘဲ အျခား Brotherhood အဖြဲ႕ဝင္ေလးဆယ္ေက်ာ္ကိုလည္း မိုဘုိင္း RPG စတုိင္ Recruit လုပ္ရမွာ ျဖစ္တယ္။ ျပီးရင္ သုံးေယာက္တစ္ဖြဲ႕စီ ဖြဲ႕ျပီး Mission ေတြလုပ္တာ၊ လွ်ဳိ႕ဝွက္ဌာနခ်ဳပ္ကို တည္ေဆာက္တာ၊ အဖြဲ႕ဝင္ေတြအတြက္ လက္နက္ကိရိယာေတြ ဖန္တီးေပးတာ စသျဖင့္ လုပ္ေပးရမွာပါ။

Headquarter ေဆာက္တာကလည္း အဓိက အစိတ္အပုိင္း ျဖစ္ျပီး ကိုယ့္ Assassin ေတြကို Level တက္ေအာင္ ေလ့က်င့္ေပးတာ၊ Resource ေတြကို Weapon / Gear ေတြအျဖစ္ ေျပာင္းလဲတာ စသျဖင့္ ျပဳလုပ္ေပးႏုိင္တယ္။ မိုဘုိင္း RPG ပုံစံ ဇာတ္လမ္းသြားအဆင့္တစ္ခုကို ႏုိင္ရင္ ပစၥည္းေတြရတာ၊ အဖြဲ႕ဝင္ေတြ ရဖို႔ Shard ေတြလိုက္စုရတာေတြ ပါဝင္ေပမယ့္ Mission ေတြထဲမွာေတာ့ Assassin’s Creed ပုံစံ လုပ္ၾကံေရး၊ လွ်ဳိ႕ဝွက္စစ္ဆင္ေရးေတြနဲ႔ ကစားရမွာ ျဖစ္ပါတယ္။

Mission တစ္ခုအတြက္ ဟီးရိုးသုံးေကာင္ ေရြးရမယ္။ Role မတူရင္ ပိုေကာင္းပါတယ္။ ကာယအားသုံးျပီး ရန္သူေတြကို ထိပ္တုိက္ခ်တာ၊ ေသာ့တုဖြင့္ႏုိင္ျပီး ေထာင္ေခ်ာက္ေတြ ဖယ္ရွားႏုိင္တာ၊ ပုံမွန္ Assassin ေတြလို ပုန္းလွ်ဳိးကြယ္လွ်ဳိးသြားလာရင္း လိုအပ္ရင္ တိတ္တဆိတ္လုပ္ၾကံတာ စသျဖင့္ တစ္ေယာက္နဲ႔တစ္ေယာက္က Role မတူပါဘူး။ ဒါ့ေၾကာင့္ Hero ေတြကို Upgrade တင္ရင္ Role ကိုအဓိကၾကည့္ျပီး တင္ရမွာျဖစ္ပါတယ္။ လုပ္ငန္းအားလုံးက Chance နဲ႔ျဖစ္ျပီး Level ျမင့္ရင္ ေအာင္ျမင္ဖို႔ ရာခုိင္ႏႈန္း ပိုမ်ားတယ္။

Graphic

ဂရပ္ဖစ္ကေတာ့ ပုံေတြမွာ ေတြ႕တဲ့အတုိင္း Chibi စတုိင္ အန္နီေမးရွင္းပါပဲ။ ဒါေပမယ့္ တကယ္ ေဆာ့ၾကည့္ရင္ ေတာ္ေတာ္ေဆာ့လို႔ ေကာင္းျပီး မ်က္စိပသာဒ ျဖစ္ပါတယ္။ လႈပ္ရွားပုံကို ေသေသခ်ာခ်ာ ဖန္တီးထားတာ၊ အရမ္း Realistic ဆန္ဖို႔ မၾကိဳးစားဘဲ အန္နီေမးရွင္းပုံစံထဲမွာပဲ Assassin’s Creed ကာတြန္းကား ၾကည့္ေနရသလို ျဖစ္ေနေအာင္ သူတုိ႔ရဲ႕ အမွတ္အသား လႈပ္ရွားမႈေတြကို ထည့္ထားတာေတြေၾကာင့္လည္း ပါပါလိမ့္မယ္။ ကြန္ျပဴတာနဲ႔ ကြန္ဆုိးဂိမ္းစက္ေတြက အစစ္အမွန္ဆန္တဲ့ စတုိင္နဲ႔ေတာ့ မတူဘူးေပါ့။ ဒါေပမယ့္ မုိဘုိင္း Strategy ဂိမ္းဆုိေတာ့ သူ႕ရဲ႕ပုံစံက အေနေတာ္ပါပဲ။

Ubisoft ကေတာ့ မုိဘုိင္းပလက္ေဖာင္းေပၚကိုလည္း အေစာတည္းက မ်က္စိက်ေနတဲ့ ဂိမ္းကုမၸဏီၾကီး ျဖစ္တဲ့အတြက္ သူ႕ရဲ႕ Assassin’s Creed ဂိမ္းေတြကို ကတ္ဂိမ္းလုိေရာ၊ အက္ရွင္ပုံစံေရာ Gameplay မ်ဳိးစုံ ပစ္ထည့္ျပီး စမ္းသပ္ေနၾကပါ။ AC Rebellion ဟာလည္း ဒီလိုထုတ္ကုန္ တစ္ခုပါပဲ။ ဒါေပမယ့္ သူ႕ရဲ႕ ေျပာင္းလဲထားတဲ့ ဂရပ္ဖစ္နဲ႔ Gameplay တုိ႔က ေဆာ့ေပ်ာ္ပါတယ္။ အဓိကအားျဖင့္ Brotherhood အဖြဲ႕ဝင္ေတြကို စုစည္းျပီး အလယ္ေခတ္ စပိန္ႏုိင္ငံေနာက္ခံ ကိုယ္ပိုင္ Brotherhood အဖြဲ႕ၾကီး တည္ေထာင္ရတဲ့ ဖီလင္ကိုေတာ့ ရေစပါတယ္။ မုိဘုိင္း RPG ဂိမ္းေဆာ့ေနၾကလူေတြေတာင္ ဒီဂိမ္းကို Tutorial ေလးေတာ့ ျဖတ္သန္းျပီး ေဆာ့သင့္တယ္လို႔ ထင္ပါတယ္။ Android / iOS ႏွစ္ခုလုံးမွာ အခမဲ့ Freemium ျဖစ္တဲ့အတြက္ ေအးေအးေဆးေဆး စမ္းေဆာ့ၾကည့္ႏုိင္ပါတယ္။

[Unicode]

Assassin’s Creed ဆိုတာ တော်ရုံဂိမ်းမဆော့တဲ့ လူငယ်တွေတောင် ကြားဖူးနေမယ့် Ubisoft ရဲ့ နာမည်ကျော် ဂိမ်းစီးရီးပါ။ ဥရောပတိုက်ရဲ့ အလယ်ခေတ်မှာ ထူးခြားတဲ့ လက်နက်ကိရိယာတွေနဲ့ လူသားတွေ အကျိုးအတွက် အမှောင်ထဲက စောင့်ကြည့်နေတဲ့ လုပ်ကြံသတ်ဖြတ်ရေးသမားတွေနဲ့ ဒဏ္ဍာရီဆန်တဲ့ “Apple of Eden” ဆိုတဲ့ အရာဝတ္ထု၊ ဒီဘက်မော်ဒန်ခေတ်ကနေ အဆိုပါ Assassin တွေရဲ့ DNA ကို သူတို့ရဲ့ မျိုးဆက်သစ် တွေဆီကနေ ပြန်အခြေခံပြီး ဟိုးအတိတ်ကာလမှ မှတ်ဉာဏ်တွေကို ပြန်ဖော်ထုတ်နိုင်တဲ့ Animus စက်ကြီး စတာတွေဟာ AC ဂိမ်းစီးရီးရဲ့ အဓိက အစိတ်အပိုင်းတွေလည်း ဖြစ်ပါတယ်။ ၂၀၁၈ နိုဝင်ဘာလကုန်မှ ထွက်လာတဲ့ Assassin’s Creed Rebellion ကတော့ သူ့အရင်ထွက်ခဲ့ဖူးတဲ့ AC ဂိမ်းတွေနဲ့ မတူဘဲ တမျိုးတဖုံ ထူးခြားနေတဲ့ မိုဘိုင်းဂိမ်းတစ်ခုပါ။

Plot

Apple of Eden ကို အတ္တအတွက် အသုံးချမယ့် အာဏာပိုင် အဖွဲ့အစည်းတွေကို အနှောင့်အယှက် ပေးရတာဟာလည်း Assassin တွေရဲ့ အလုပ်တစ်ခုပါပဲ။ ဒီတစ်ခါတော့ စပိန်နိုင်ငံရဲ့ အာဏာပိုင်တွေထဲက Apple of Eden ကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားလာတာကို စပိန် Brotherhood အဖွဲ့ဝင် Aguila မှတားဆီးဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။

Gameplay

Gameplay စတိုင်ကတော့ Strategy-RPG ဂိမ်းပါ။ Aguila ကနေ စတင်ကစားရပေမယ့် အက်ရှင်ဂိမ်း မဟုတ်ဘဲ အခြား Brotherhood အဖွဲ့ဝင်လေးဆယ်ကျော်ကိုလည်း မိုဘိုင်း RPG စတိုင် Recruit လုပ်ရမှာ ဖြစ်တယ်။ ပြီးရင် သုံးယောက်တစ်ဖွဲ့စီ ဖွဲ့ပြီး Mission တွေလုပ်တာ၊ လျှို့ဝှက်ဌာနချုပ်ကို တည်ဆောက်တာ၊ အဖွဲ့ဝင်တွေအတွက် လက်နက်ကိရိယာတွေ ဖန်တီးပေးတာ စသဖြင့် လုပ်ပေးရမှာပါ။

Headquarter ဆောက်တာကလည်း အဓိက အစိတ်အပိုင်း ဖြစ်ပြီး ကိုယ့် Assassin တွေကို Level တက်အောင် လေ့ကျင့်ပေးတာ၊ Resource တွေကို Weapon / Gear တွေအဖြစ် ပြောင်းလဲတာ စသဖြင့် ပြုလုပ်ပေးနိုင်တယ်။ မိုဘိုင်း RPG ပုံစံ ဇာတ်လမ်းသွားအဆင့်တစ်ခုကို နိုင်ရင် ပစ္စည်းတွေရတာ၊ အဖွဲ့ဝင်တွေ ရဖို့ Shard တွေလိုက်စုရတာတွေ ပါဝင်ပေမယ့် Mission တွေထဲမှာတော့ Assassin’s Creed ပုံစံ လုပ်ကြံရေး၊ လျှို့ဝှက်စစ်ဆင်ရေးတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။

Mission တစ်ခုအတွက် ဟီးရိုးသုံးကောင် ရွေးရမယ်။ Role မတူရင် ပိုကောင်းပါတယ်။ ကာယအားသုံးပြီး ရန်သူတွေကို ထိပ်တိုက်ချတာ၊ သော့တုဖွင့်နိုင်ပြီး ထောင်ချောက်တွေ ဖယ်ရှားနိုင်တာ၊ ပုံမှန် Assassin တွေလို ပုန်းလျှိုးကွယ်လျှိုးသွားလာရင်း လိုအပ်ရင် တိတ်တဆိတ်လုပ်ကြံတာ စသဖြင့် တစ်ယောက်နဲ့တစ်ယောက်က Role မတူပါဘူး။ ဒါ့ကြောင့် Hero တွေကို Upgrade တင်ရင် Role ကိုအဓိကကြည့်ပြီး တင်ရမှာဖြစ်ပါတယ်။ လုပ်ငန်းအားလုံးက Chance နဲ့ဖြစ်ပြီး Level မြင့်ရင် အောင်မြင်ဖို့ ရာခိုင်နှုန်း ပိုများတယ်။

Graphic

ဂရပ်ဖစ်ကတော့ ပုံတွေမှာ တွေ့တဲ့အတိုင်း Chibi စတိုင် အန်နီမေးရှင်းပါပဲ။ ဒါပေမယ့် တကယ် ဆော့ကြည့်ရင် တော်တော်ဆော့လို့ ကောင်းပြီး မျက်စိပသာဒ ဖြစ်ပါတယ်။ လှုပ်ရှားပုံကို သေသေချာချာ ဖန်တီးထားတာ၊ အရမ်း Realistic ဆန်ဖို့ မကြိုးစားဘဲ အန်နီမေးရှင်းပုံစံထဲမှာပဲ Assassin’s Creed ကာတွန်းကား ကြည့်နေရသလို ဖြစ်နေအောင် သူတို့ရဲ့ အမှတ်အသား လှုပ်ရှားမှုတွေကို ထည့်ထားတာတွေကြောင့်လည်း ပါပါလိမ့်မယ်။ ကွန်ပြူတာနဲ့ ကွန်ဆိုးဂိမ်းစက်တွေက အစစ်အမှန်ဆန်တဲ့ စတိုင်နဲ့တော့ မတူဘူးပေါ့။ ဒါပေမယ့် မိုဘိုင်း Strategy ဂိမ်းဆိုတော့ သူ့ရဲ့ပုံစံက အနေတော်ပါပဲ။

Ubisoft ကတော့ မိုဘိုင်းပလက်ဖောင်းပေါ်ကိုလည်း အစောတည်းက မျက်စိကျနေတဲ့ ဂိမ်းကုမ္ပဏီကြီး ဖြစ်တဲ့အတွက် သူ့ရဲ့ Assassin’s Creed ဂိမ်းတွေကို ကတ်ဂိမ်းလိုရော၊ အက်ရှင်ပုံစံရော Gameplay မျိုးစုံ ပစ်ထည့်ပြီး စမ်းသပ်နေကြပါ။ AC Rebellion ဟာလည်း ဒီလိုထုတ်ကုန် တစ်ခုပါပဲ။ ဒါပေမယ့် သူ့ရဲ့ ပြောင်းလဲထားတဲ့ ဂရပ်ဖစ်နဲ့ Gameplay တို့က ဆော့ပျော်ပါတယ်။ အဓိကအားဖြင့် Brotherhood အဖွဲ့ဝင်တွေကို စုစည်းပြီး အလယ်ခေတ် စပိန်နိုင်ငံနောက်ခံ ကိုယ်ပိုင် Brotherhood အဖွဲ့ကြီး တည်ထောင်ရတဲ့ ဖီလင်ကိုတော့ ရစေပါတယ်။ မိုဘိုင်း RPG ဂိမ်းဆော့နေကြလူတွေတောင် ဒီဂိမ်းကို Tutorial လေးတော့ ဖြတ်သန်းပြီး ဆော့သင့်တယ်လို့ ထင်ပါတယ်။ Android / iOS နှစ်ခုလုံးမှာ အခမဲ့ Freemium ဖြစ်တဲ့အတွက် အေးအေးဆေးဆေး စမ်းဆော့ကြည့်နိုင်ပါတယ်။