Zawgyi

Auto Chess သို႔မဟုတ္ Auto Battler လို႔ေခၚတဲ့ ဂိမ္းအမ်ဳိးအစားဟာ Dota 2 ကေန စတင္ခဲ့ၿပီး အခုအခါမွာေတာ့ MOBA ဂိမ္းရွိရွိသမွ် အကုန္လိုက္ထုတ္လာရေအာင္ ေအာင္ျမင္ေနပါၿပီ။ Onmyoji ဂိမ္းစီးရီးကလည္း အခုႏွစ္ပိုင္းမွာ လူႀကိဳက္မ်ားလာတဲ့ Franchise တစ္ခုျဖစ္ၿပီး ယခုအခါမွာေတာ့ သူတုိ႔လည္း Onmyoji Chess လို႔ အမည္ေပးထားတဲ့ Auto Chess မုိဘုိင္းဂိမ္းတစ္ခုကို ထုတ္လာခဲ့ပါတယ္။

Gameplay


ကစားရတဲ့ပုံကေတာ့ အျခား Auto Chess ေတြလိုပါပဲ။ ကြဲျပားသြားတာက Onmyoji ဇာတ္ေကာင္ေတြကို Chess Piece ေလးေတြအျဖစ္ ျမင္ရမွာျဖစ္ပါတယ္။ Onmyoji ရဲ႕ ပထမဆုံးနဲ႔ လူႀကိဳက္အမ်ားဆုံးျဖစ္တဲ့ RPG ဂိမ္းထဲက ဇာတ္ေကာင္ေတြနဲ႔ ေဆာ့ကစားရမွာျဖစ္သလို သူတုိ႔ရဲ႕ Spell ေတြကိုလည္း ျပန္လည္ထည့္သြင္းလာပါတယ္။

ကစားသူရွစ္ေယာက္ထိ ပါဝင္ေဆာ့ကစားရၿပီး Round တစ္ခုခ်င္းစီမွာ ေပးတဲ့ Gold နဲ႔ ကိုယ္ရတဲ့ Chess Piece ေလးေတြကိုဝယ္ၿပီး ေနာက္ဆုံးတစ္ေယာက္ထဲ က်န္တဲ့အထိယွဥ္ၿပိဳင္ရမွာပါ။ Auto Chess ရဲ႕ထုံးစံအတုိင္း Race/Class ဆုိၿပီး ကာရုိက္တာတစ္ေယာက္ကို ႏွစ္မ်ဳိးစီခြဲျခားရာမွာ Onmyoji Chess ကေတာ့ Type/Position လို႔ RPG ဆန္ဆန္ နာမည္ေပးထားတယ္။ Type (Race) က ၁၁ မ်ဳိးေတာင္ပါဝင္ၿပီး Position ကေတာ့ Ninji, Mage, Tank စသျဖင့္ ၇ မ်ဳိး ခြဲျခားထားပါတယ္။ Type နဲ႔ Position တူညီတဲ့ Chess Piece မ်ားမ်ားခ်ရင္ Synergy Bonus လို႔ေခၚတဲ့ အက်ဳိးေက်းဇူးေတြ ရရွိမွာပါ။

Graphic


ရုပ္ထြက္ပုိင္းကေတာ့ Onmyoji ရဲ႕ ထုံးစံအတုိင္း ဒ႑ာရီဆန္တဲ့ ဇာတ္ေကာင္ေတြကို အေျခခံထားတာမုိ႔ သူမ်ားေတြနဲ႔ ကြဲျပားသလို Dota Underlords ထက္လည္း ၾကည့္ရတာရွင္းလင္းတဲ့ မုိဘုိင္း Auto Chess ဂိမ္းစစ္စစ္ တစ္ခုပါ။ Onmyoji ဂိမ္းေတြ အရင္က မေဆာ့ဖူးရင္ေတာ့ အစပုိင္းမွာ ကာရုိက္တာေတြ လိုက္မွတ္ရတာ ျပႆနာရွိႏုိင္ပါတယ္။ Spell ေတြ သုံးတာကလည္း အသားက်သြားရင္ ေတာ္ေတာ္ေလးၾကည့္ေကာင္းပါတယ္။

ဒီဂိမ္းရဲ႕တစ္ခုတည္းေသာျပႆနာက Onmyoji ပရိသတ္လည္းမဟုတ္၊ Auto Chess လည္း တစ္ခါမွ မေဆာ့ဖူးဘူး ဆုိတဲ့သူေတြအတြက္ အစမွာေတာ္ေတာ္ေလးခက္ခဲႏုိင္တာပါပဲ။ ဒါ့ေၾကာင့္ Auto Chess ကုိစေဆာ့ၾကည့္ခ်င္တယ္ ဆုိရင္ေတာ့ Drodo ရဲ႕ မူလလက္ေဟာင္း Auto Chess ကုိအရင္ေဆာ့ၾကည့္တာ ပိုရွင္းလင္းမွာပါ။

Onmyoji ဂိမ္းေတြဟာ ဂရပ္ဖစ္ပိုင္းကို သပ္ရပ္လွပေအာင္ ဖန္တီးထားေလ့ရွိတာေၾကာင့္ ေဆာ့တဲ့အခါမွာ နည္းနည္းေလးပါတယ္။ အခု Onmyoji Chess ကလည္း 800MB ေက်ာ္ရွိပါတယ္။ Onmyoji ပရိသတ္ သို႔မဟုတ္ Auto Chess ႏွစ္သက္သူျဖစ္ၿပီး ကြာလတီေကာင္းတဲ့ ဂိမ္းအသစ္တစ္ခု စမ္းေဆာ့ၾကည့္ခ်င္တယ္ဆုိရင္ေတာ့ ေဆာ့ကို ေဆာ့ၾကည့္သင့္တဲ့ မိုဘုိင္းဂိမ္းေလးပဲျဖစ္ပါတယ္။ ေလာေလာဆယ္ Android မွာသာရရွိႏုိင္ပါေသးတယ္။

Unicode

Auto Chess သို့မဟုတ် Auto Battler လို့ခေါ်တဲ့ ဂိမ်းအမျိုးအစားဟာ Dota 2 ကနေ စတင်ခဲ့ပြီး အခုအခါမှာတော့ MOBA ဂိမ်းရှိရှိသမျှ အကုန်လိုက်ထုတ်လာရအောင် အောင်မြင်နေပါပြီ။ Onmyoji ဂိမ်းစီးရီးကလည်း အခုနှစ်ပိုင်းမှာ လူကြိုက်များလာတဲ့ Franchise တစ်ခုဖြစ်ပြီး ယခုအခါမှာတော့ သူတို့လည်း Onmyoji Chess လို့ အမည်ပေးထားတဲ့ Auto Chess မိုဘိုင်းဂိမ်းတစ်ခုကို ထုတ်လာခဲ့ပါတယ်။

Gameplay


ကစားရတဲ့ပုံကတော့ အခြား Auto Chess တွေလိုပါပဲ။ ကွဲပြားသွားတာက Onmyoji ဇာတ်ကောင်တွေကို Chess Piece လေးတွေအဖြစ် မြင်ရမှာဖြစ်ပါတယ်။ Onmyoji ရဲ့ ပထမဆုံးနဲ့ လူကြိုက်အများဆုံးဖြစ်တဲ့ RPG ဂိမ်းထဲက ဇာတ်ကောင်တွေနဲ့ ဆော့ကစားရမှာဖြစ်သလို သူတို့ရဲ့ Spell တွေကိုလည်း ပြန်လည်ထည့်သွင်းလာပါတယ်။

ကစားသူရှစ်ယောက်ထိ ပါဝင်ဆော့ကစားရပြီး Round တစ်ခုချင်းစီမှာ ပေးတဲ့ Gold နဲ့ ကိုယ်ရတဲ့ Chess Piece လေးတွေကိုဝယ်ပြီး နောက်ဆုံးတစ်ယောက်ထဲ ကျန်တဲ့အထိယှဉ်ပြိုင်ရမှာပါ။ Auto Chess ရဲ့ထုံးစံအတိုင်း Race/Class ဆိုပြီး ကာရိုက်တာတစ်ယောက်ကို နှစ်မျိုးစီခွဲခြားရာမှာ Onmyoji Chess ကတော့ Type/Position လို့ RPG ဆန်ဆန် နာမည်ပေးထားတယ်။ Type (Race) က ၁၁ မျိုးတောင်ပါဝင်ပြီး Position ကတော့ Ninji, Mage, Tank စသဖြင့် ၇ မျိုး ခွဲခြားထားပါတယ်။ Type နဲ့ Position တူညီတဲ့ Chess Piece များများချရင် Synergy Bonus လို့ခေါ်တဲ့ အကျိုးကျေးဇူးတွေ ရရှိမှာပါ။

Graphic


ရုပ်ထွက်ပိုင်းကတော့ Onmyoji ရဲ့ ထုံးစံအတိုင်း ဒဏ္ဍာရီဆန်တဲ့ ဇာတ်ကောင်တွေကို အခြေခံထားတာမို့ သူများတွေနဲ့ ကွဲပြားသလို Dota Underlords ထက်လည်း ကြည့်ရတာရှင်းလင်းတဲ့ မိုဘိုင်း Auto Chess ဂိမ်းစစ်စစ် တစ်ခုပါ။ Onmyoji ဂိမ်းတွေ အရင်က မဆော့ဖူးရင်တော့ အစပိုင်းမှာ ကာရိုက်တာတွေ လိုက်မှတ်ရတာ ပြဿနာရှိနိုင်ပါတယ်။ Spell တွေ သုံးတာကလည်း အသားကျသွားရင် တော်တော်လေးကြည့်ကောင်းပါတယ်။

ဒီဂိမ်းရဲ့တစ်ခုတည်းသောပြဿနာက Onmyoji ပရိသတ်လည်းမဟုတ်၊ Auto Chess လည်း တစ်ခါမှ မဆော့ဖူးဘူး ဆိုတဲ့သူတွေအတွက် အစမှာတော်တော်လေးခက်ခဲနိုင်တာပါပဲ။ ဒါ့ကြောင့် Auto Chess ကိုစဆော့ကြည့်ချင်တယ် ဆိုရင်တော့ Drodo ရဲ့ မူလလက်ဟောင်း Auto Chess ကိုအရင်ဆော့ကြည့်တာ ပိုရှင်းလင်းမှာပါ။

Onmyoji ဂိမ်းတွေဟာ ဂရပ်ဖစ်ပိုင်းကို သပ်ရပ်လှပအောင် ဖန်တီးထားလေ့ရှိတာကြောင့် ဆော့တဲ့အခါမှာ နည်းနည်းလေးပါတယ်။ အခု Onmyoji Chess ကလည်း 800MB ကျော်ရှိပါတယ်။ Onmyoji ပရိသတ် သို့မဟုတ် Auto Chess နှစ်သက်သူဖြစ်ပြီး ကွာလတီကောင်းတဲ့ ဂိမ်းအသစ်တစ်ခု စမ်းဆော့ကြည့်ချင်တယ်ဆိုရင်တော့ ဆော့ကို ဆော့ကြည့်သင့်တဲ့ မိုဘိုင်းဂိမ်းလေးပဲဖြစ်ပါတယ်။ လောလောဆယ် Android မှာသာရရှိနိုင်ပါသေးတယ်။