Mobile Legends: Bang Bang ဂိမ်းရဲ့ နိုင်ငံအလိုက် အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ MPL-MM Season 4 မှာ လက်ရှိချန်ပီယံ Burmese Ghouls ကပဲ ထပ်မံအနိုင်ရရှိခဲ့တာကြောင့် ပထမဆုံးအကြိမ် Back-to-back ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ပြိုင်ဘက် Claw Esports ကတော့ First Runner-up နဲ့သာ ကျေနပ်လိုက်ရပါတယ်။

Burmese Ghouls ဟာ MPL Season လေးခုမှာ ဂရင်းဖိုင်နယ်ကို အကြိမ်တိုင်းတက်ရောက်ခဲ့ပြီး Season 2 တစ်ခုတည်းမှာသာ Team Resolution ကို ရှုံးနိမ့်ဖူးကာ ကျန်တဲ့သုံးကြိမ်မှာ ချန်ပီယံဆုကို ရရှိထားတဲ့ အသင်းလည်း ဖြစ်ပါတယ်။

MPL-MM Season 4 ကို အနိုင်ရခဲ့တဲ့အတွက် ဇူလိုင်လမှာကျင်းပမယ့် MPL Invitational 4 Nation Cup ပြိုင်ပွဲမှာ အုပ်စုပွဲစဉ်တွေကို ဆော့စရာမလိုတော့ဘဲ ရှုံးထွက်အဆင့် Upper Bracket ကနေ စတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ BG နဲ့အတူ ရှုံးထွက်ကနေ စကစားရမယ့်အသင်းတွေကတော့ MPL ID (အင်ဒို) နဲ့ MPL SG/MY (စင်ကာပူ – မလေးရှား) ချန်ပီယံတွေပါ။

MPL-MM S4 မှာ အနိုင်ရသွားတဲ့ Burmese Ghouls အသင်းမှာ Coach အဖြစ် PVNDV, အသင်းခေါင်းဆောင် ICE ICE နဲ့ ကစားသမားများအဖြစ် ACE, RubyDD, May Be, Kid, Dee တို့ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။

Photos from Burmese Ghouls and Claw FB Pages