[Zawgyi]

၂၀၁၆ ေနာက္ပိုင္းမွာ မုိဘုိင္းပလက္ေဖာင္းေပၚက Mobile Legends, AoV, Heroes Evolved တုိ႔လို MOBA အမ်ဳိးအစားဂိမ္းေတြ ေခတ္စားစျပဳလာခဲ့ပါတယ္။ ဒါေပမယ့္ အားလုံးက MOBA ကို Third-Person View ကေနျမင္ရတဲ့ RPG စတုိင္တစ္မ်ဳိးထဲနဲ႔ ထြက္ေနတာပါ။ First-Person Shooter အမ်ဳိးအစားေတြလည္း ရွိေပမယ့္ သူတုိ႔ကလည္း Counter Strike စတုိင္ မာလ္တီပေလယာ FPS စစ္စစ္ေတြသာ ျဖစ္ပါတယ္။

အခုေတာ့ ShellFire ဆုိတဲ့ဂိမ္းကို Dunia Games မွထုတ္လုပ္လာၿပီး သူ႕ရဲ႕ပုံစံက MOBA ကို FPS နဲ႔ အခ်ဳိးက်က် ေရာေမႊထားတဲ့ပုံစံပါ။ ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ မုိဘုိင္းဂိမ္းေတြရဲ႕ ထုံးစံအတုိင္း ကြန္ျပဴတာနဲ႔ ကြန္ဆုိးဂိမ္းေတြမွာ ေအာင္ျမင္လာတဲ့ ဂိမ္းရဲ႕ Gameplay ကုိဆင္တူရုိးမွားကူးခ်လာတာနဲ႔ တူေနၿပီး ShellFire မွ အတုယူထားတဲ့ ဂိမ္းကေတာ့ ၂၀၁၈ ထဲမွာ ေခတ္စားလာတဲ့ Overwatch လုိပုံစံမ်ဳိးျဖစ္ပါတယ္။

Gameplay

အေစာနက ေျပာခဲ့သလုိပဲ ဒီဂိမ္းဟာ Overwatch ရဲ႕ Playstyle ကိုတုပလာတဲ့ ဂိမ္းတစ္ခုျဖစ္တယ္။ တစ္ဖက္ကို ငါးေယာက္စီ ပါဝင္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး သတ္မွတ္ထားတဲ့ Arena တစ္ခုထဲမွာ တစ္ဖက္ရန္သူေတြကို အေယာက္ ၂၀ ျပည့္ေအာင္ သတ္ႏုိင္တဲ့သူက အႏုိင္ သုိ႔မဟုတ္ သတ္မွတ္ထားတဲ့ဇုန္ကို ၁၀၀% ျပည့္ေအာင္ အရင္သိမ္းႏုိင္တဲ့လူက အႏုိင္ျဖစ္ပါတယ္။

ဘာထူးျခားသြားလဲဆုိေတာ့ ကစားမယ့္သူေတြဟာ ပြဲမစခင္ မတူညီတဲ့ဟီးရုိးေတြကို Dota 2, Mobile Legends တုိ႔လို ေရြးခ်ယ္ရပါတယ္။ ဟီးရုိးမတူရင္ တုိက္ခုိက္ပုံနဲ႔ စပါယ္ရွယ္ပါဝါေတြ မတူပါဘူး။ တစ္ေယာက္နဲ႔ တစ္ေယာက္ အသုံးဝင္ပုံလည္း မတူဘဲ အခ်င္းခ်င္းေသြးျဖည့္ေပးတဲ့သူ၊ တိတ္တဆိတ္လုပ္ၾကံေရးသမား၊ Tank နဲ႔ Melee စသျဖင့္ စုံလင္တဲ့ Role ေတြပါဝင္တယ္။

ဟီးရုိးေတြနဲ႔ Skin ေတြကို ဝယ္ရသလို ကိုယ့္လယ္ဗယ္ကိုလုိက္ၿပီး Rune ေတြကိုလည္း ျဖည့္ရပါတယ္။ ဒါကေတာ့ ကြန္ျပဴတာဂိမ္မာေတြဆုိ ရင္းႏွီးၿပီးသား Feature တစ္ခုျဖစ္မွာပါ။ ပုံမွန္အတုိင္း ေဆာ့လို႔ရတဲ့ Normal Mode အျပင္ Rank Mode, Zombie Survival စသျဖင့္ Game Mode ေတြပါဝင္ပါတယ္။ ေနာက္ၿပီး ေဆာ့ေနရင္း ကိုယ့္ဟီးရုိးေသသြားရင္ ေနာက္ဟီးရုိးတစ္ေကာင္ကိုလည္း Hero Swap Card သုံးၿပီး လဲလွယ္ႏုိင္တယ္။ ဒါက ကိုယ္ကစားေနတဲ့ပြဲအတြက္ အေျပာင္းအလဲ ျဖစ္သြားႏုိင္ပါတယ္။

Graphic Quality

ဂရပ္ဖစ္ကေတာ့ ေတာ္ေတာ္ေလးသပ္ရပ္ပါတယ္။ နာမည္ႀကီး ဂိမ္းစတူဒီယုိတစ္ခုက ထုတ္လာတဲ့ မုိဘုိင္းဂိမ္းအခြဲတစ္ခုအလားပါပဲ။ ေနာက္ၿပီးလက္နက္ေတြက ဟီးရုိးတစ္ေယာက္နဲ႔တစ္ေယာက္မတူေတာ့ တုိက္ခုိက္ပုံေတြက ဂရပ္ဖစ္သာမေကာင္းရင္ စြဲလမ္းဖို႔မေကာင္းဘဲ ေခါင္းမူးေနမွာပါ။ အခုကေတာ့ အဆင္ေျပပါတယ္။ ဟီးရုိးေတြရဲ႕ ပုံထြက္ကလည္း ခ်စ္စရာေလးပါ။

အသစ္အဆန္းလိုခ်င္ေနသူေတြ ဒါမွမဟုတ္ MOBA FPS ကို မုိဘုိင္းမွာ ေဆာ့ခ်င္ေနသူေတြကေတာ့ ShellFire – MOBA FPS ဂိမ္းကို စမ္းသပ္ေဆာ့ကစားၾကည့္သင့္ပါတယ္။ FPS ေတြေဆာ့ရတာ ေခါင္းမူးတတ္ရင္ေတာ့ မေဆာ့ေစခ်င္ဘူး။ ဒီဂိမ္းကိုေဆာ့ရတာဟာ PUBG Mobile ထက္ အျမင္ပုိင္း ပုိရႈပ္ေထြးျမန္ဆန္မွာ ျဖစ္တာေၾကာင့္ပါ။

[Unicode]

၂၀၁၆ နောက်ပိုင်းမှာ မိုဘိုင်းပလက်ဖောင်းပေါ်က Mobile Legends, AoV, Heroes Evolved တို့လို MOBA အမျိုးအစားဂိမ်းတွေ ခေတ်စားစပြုလာခဲ့ပါတယ်။ ဒါပေမယ့် အားလုံးက MOBA ကို Third-Person View ကနေမြင်ရတဲ့ RPG စတိုင်တစ်မျိုးထဲနဲ့ ထွက်နေတာပါ။ First-Person Shooter အမျိုးအစားတွေလည်း ရှိပေမယ့် သူတို့ကလည်း Counter Strike စတိုင် မာလ်တီပလေယာ FPS စစ်စစ်တွေသာ ဖြစ်ပါတယ်။

အခုတော့ ShellFire ဆိုတဲ့ဂိမ်းကို Dunia Games မှထုတ်လုပ်လာပြီး သူ့ရဲ့ပုံစံက MOBA ကို FPS နဲ့ အချိုးကျကျ ရောမွှေထားတဲ့ပုံစံပါ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ မိုဘိုင်းဂိမ်းတွေရဲ့ ထုံးစံအတိုင်း ကွန်ပြူတာနဲ့ ကွန်ဆိုးဂိမ်းတွေမှာ အောင်မြင်လာတဲ့ ဂိမ်းရဲ့ Gameplay ကိုဆင်တူရိုးမှားကူးချလာတာနဲ့ တူနေပြီး ShellFire မှ အတုယူထားတဲ့ ဂိမ်းကတော့ ၂၀၁၈ ထဲမှာ ခေတ်စားလာတဲ့ Overwatch လိုပုံစံမျိုးဖြစ်ပါတယ်။

Gameplay

အစောနက ပြောခဲ့သလိုပဲ ဒီဂိမ်းဟာ Overwatch ရဲ့ Playstyle ကိုတုပလာတဲ့ ဂိမ်းတစ်ခုဖြစ်တယ်။ တစ်ဖက်ကို ငါးယောက်စီ ပါဝင်ယှဉ်ပြိုင်ရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ Arena တစ်ခုထဲမှာ တစ်ဖက်ရန်သူတွေကို အယောက် ၂၀ ပြည့်အောင် သတ်နိုင်တဲ့သူက အနိုင် သို့မဟုတ် သတ်မှတ်ထားတဲ့ဇုန်ကို ၁၀၀% ပြည့်အောင် အရင်သိမ်းနိုင်တဲ့လူက အနိုင်ဖြစ်ပါတယ်။

ဘာထူးခြားသွားလဲဆိုတော့ ကစားမယ့်သူတွေဟာ ပွဲမစခင် မတူညီတဲ့ဟီးရိုးတွေကို Dota 2, Mobile Legends တို့လို ရွေးချယ်ရပါတယ်။ ဟီးရိုးမတူရင် တိုက်ခိုက်ပုံနဲ့ စပါယ်ရှယ်ပါဝါတွေ မတူပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် အသုံးဝင်ပုံလည်း မတူဘဲ အချင်းချင်းသွေးဖြည့်ပေးတဲ့သူ၊ တိတ်တဆိတ်လုပ်ကြံရေးသမား၊ Tank နဲ့ Melee စသဖြင့် စုံလင်တဲ့ Role တွေပါဝင်တယ်။

ဟီးရိုးတွေနဲ့ Skin တွေကို ဝယ်ရသလို ကိုယ့်လယ်ဗယ်ကိုလိုက်ပြီး Rune တွေကိုလည်း ဖြည့်ရပါတယ်။ ဒါကတော့ ကွန်ပြူတာဂိမ်မာတွေဆို ရင်းနှီးပြီးသား Feature တစ်ခုဖြစ်မှာပါ။ ပုံမှန်အတိုင်း ဆော့လို့ရတဲ့ Normal Mode အပြင် Rank Mode, Zombie Survival စသဖြင့် Game Mode တွေပါဝင်ပါတယ်။ နောက်ပြီး ဆော့နေရင်း ကိုယ့်ဟီးရိုးသေသွားရင် နောက်ဟီးရိုးတစ်ကောင်ကိုလည်း Hero Swap Card သုံးပြီး လဲလှယ်နိုင်တယ်။ ဒါက ကိုယ်ကစားနေတဲ့ပွဲအတွက် အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။

Graphic Quality

ဂရပ်ဖစ်ကတော့ တော်တော်လေးသပ်ရပ်ပါတယ်။ နာမည်ကြီး ဂိမ်းစတူဒီယိုတစ်ခုက ထုတ်လာတဲ့ မိုဘိုင်းဂိမ်းအခွဲတစ်ခုအလားပါပဲ။ နောက်ပြီးလက်နက်တွေက ဟီးရိုးတစ်ယောက်နဲ့တစ်ယောက်မတူတော့ တိုက်ခိုက်ပုံတွေက ဂရပ်ဖစ်သာမကောင်းရင် စွဲလမ်းဖို့မကောင်းဘဲ ခေါင်းမူးနေမှာပါ။ အခုကတော့ အဆင်ပြေပါတယ်။ ဟီးရိုးတွေရဲ့ ပုံထွက်ကလည်း ချစ်စရာလေးပါ။

အသစ်အဆန်းလိုချင်နေသူတွေ ဒါမှမဟုတ် MOBA FPS ကို မိုဘိုင်းမှာ ဆော့ချင်နေသူတွေကတော့ ShellFire – MOBA FPS ဂိမ်းကို စမ်းသပ်ဆော့ကစားကြည့်သင့်ပါတယ်။ FPS တွေဆော့ရတာ ခေါင်းမူးတတ်ရင်တော့ မဆော့စေချင်ဘူး။ ဒီဂိမ်းကိုဆော့ရတာဟာ PUBG Mobile ထက် အမြင်ပိုင်း ပိုရှုပ်ထွေးမြန်ဆန်မှာ ဖြစ်တာကြောင့်ပါ။