[Unicode]

Galaxy Fold 2 အဖြစ်ထွက်လာမယ့် Device ကို Galaxy Bloom ဆိုတဲ့နာမည်နဲ့ တွေ့ရမယ်လို့ ထင်ခဲ့ကြပေမယ့် နောက်တော့ Galaxy Z Flip ဆိုတဲ့နာမည်နဲ့ ဈေးကွက်ထဲဖြန့်မယ်လို့ သတင်းထွက်လာပြန်ပါတယ်။ အခုတော့ Galaxy Z Flip ရဲ့ Render တွေတောင် ထွက်လာခဲ့ပါပြီ။

၂၀၂၀ ဟာ 5G ခေတ်လို့ ပြောနိုင်သလို Foldable ဖုန်းတွေ ပိုပြီးရေပန်းစားလာမယ့်ခေတ်လို့လည်း ပြောနိုင်ပါတယ်။ ဒီလိုပြောင်းလဲသွားတဲ့ခေတ်ရေစီးကြောင်းအတွက် Samsung ကလည်း အချိန်ကိုက် အပြောင်းအလဲတွေလုပ်ဆောင်နေတာပါ။ အခုတော့ Galaxy Z Flip ကို Motorola Razr နဲ့အပြိုင် ဈေးကွက်ထဲမှာ မြင်တွေ့ရတော့မှာပါ။

LetsGoDigital ရဲ့ နမူနာ Render တွေမှာတော့ Galaxy Z Flip ရဲ့ ပုံစံကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါပြီ။ ဒီ ပုံရိပ်တွေဟာ ပြီးခဲ့တဲ့ Teaser တွေပေါ်မှာ အခြေခံပြီး ရေ:ဆွဲခဲ့တာပါ။ ဒါကြောင့် Galaxy Z Flip ကို အမှန်တကယ်မြင်တွေ့ရမယ့် ပုံစံနဲ့ အတော်လေးကို နီးစပ်တူညီမယ်လို့ မျှော်လင့်နိုင်ပါတယ်။

Galaxy Z Flip ရဲ့ ပတ္တာဒီဇိုင်းကတော့ Galaxy Fold အတိုင်းပဲလို့ ဆိုနိုင်ပါတယ်။ အောက်ဘက်ခြမ်းရဲ့ ညာဘက်မှာ ပါဝါခလုတ်ကို တွေ့မြင်ရပါတယ်။ အပေါ်ဘက်ခြမ်းမှာတော့ အသံအတိုးအချဲ့ခလုတ်ရှိနေပါတယ်။ ကိုယ်ထည်ရဲ့ကျောဘက်ထိပ်မှာ ကင်မရာနှစ်လုံးနဲ့ LED ဖလက်ရှ်တစ်ခုကို မြင်တွေ့ရသလို Display ခပ်သေးသေးတစ်ခုကိုလည်း မြင်တွေ့ရပါတယ်။

အတွင်းဘက်မျက်နှာပြင်ရဲ့ အပေါ်ဘက်မှာ Punch-hole နဲ့အတူ Selfie ကင်မရာတစ်လုံးကိုတွေ့မြင်ရပါတယ်။ ကောလာဟလအရ 10MP လို့သိရပါတယ်။ Snapdragon 855 Chipset ကို အသုံးပြုထားပြီး ဘက်ထရီနှစ်လုံးတပ်ဆင်ထားသလို Super-fast charging စနစ်လည်း ထောက်ပံ့ပေးထားဦးမယ်လို့ သတင်းထွက်ထားပါတယ်။ ဘက်ထရီနှစ်လုံးအနက် တစ်လုံးက 900mAh လို့လည်း ဆိုကြပါတယ်။

Galaxy Z Flip ဟာ Ultra-Thin Glass Display အသုံးပြုထားတဲ့ ပထမဆုံး Foldable ဖုန်းလည်း ဖြစ်လာနိုင်ပါတယ်။ ဒီတော့ တခြား Foldable မျက်နှာပြင်တွေထက် ပိုပြီးအကြမ်းခံနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ မျက်နှာပြင်ဟာ 6.7-inch အရွယ်အစားဖြစ်တယ်လို့လည်း ဆိုပါတယ်။

အခုထွက်လာတဲ့ ဗီဒီယိုမှာတော့ Galaxy Z Flip ရဲ့ ပုံစံအကြောင်းပဲ ပြောနိုင်ပါသေးတယ်။ ကျန်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် သိပ်မကြာခင်မှာ သိရတော့မယ်လို့ မျှော်လင့်ရပါတယ်။ Galaxy Z Fold ဟာ Samsung Galaxy S20 series ကို မိတ်ဆက်မယ့်ပွဲမှာ တစ်ပါတည်း တွေ့မြင်ရဖွယ်ရှိနေပါတယ်။

Ref: GSM Arena

[Zawgyi]

Samsung Galaxy Z Flip ရဲ႕ နမူနာ Render ေတြ ထြက္လာၿပီ

Galaxy Fold 2 အျဖစ္ထြက္လာမယ့္ Device ကို Galaxy Bloom ဆိုတဲ့နာမည္နဲ႔ ေတြ႕ရမယ္လို႔ ထင္ခဲ့ၾကေပမယ့္ ေနာက္ေတာ့ Galaxy Z Flip ဆိုတဲ့နာမည္နဲ႔ ေဈးကြက္ထဲျဖန႔္မယ္လို႔ သတင္းထြက္လာျပန္ပါတယ္။ အခုေတာ့ Galaxy Z Flip ရဲ႕ Render ေတြေတာင္ ထြက္လာခဲ့ပါၿပီ။

၂၀၂၀ ဟာ 5G ေခတ္လို႔ ေျပာႏိုင္သလို Foldable ဖုန္းေတြ ပိုၿပီးေရပန္းစားလာမယ့္ေခတ္လို႔လည္း ေျပာႏိုင္ပါတယ္။ ဒီလိုေျပာင္းလဲသြားတဲ့ေခတ္ေရစီးေၾကာင္းအတြက္ Samsung ကလည္း အခ်ိန္ကိုက္ အေျပာင္းအလဲေတြလုပ္ေဆာင္ေနတာပါ။ အခုေတာ့ Galaxy Z Flip ကို Motorola Razr နဲ႔အၿပိဳင္ ေဈးကြက္ထဲမွာ ျမင္ေတြ႕ရေတာ့မွာပါ။

LetsGoDigital ရဲ႕ နမူနာ Render ေတြမွာေတာ့ Galaxy Z Flip ရဲ႕ ပုံစံကို ရွင္းရွင္းလင္းလင္း ျမင္ေတြ႕ရပါၿပီ။ ဒီ ပုံရိပ္ေတြဟာ ၿပီးခဲ့တဲ့ Teaser ေတြေပၚမွာ အေျခခံၿပီး ေရ:ဆြဲခဲ့တာပါ။ ဒါေၾကာင့္ Galaxy Z Flip ကို အမွန္တကယ္ျမင္ေတြ႕ရမယ့္ ပုံစံနဲ႔ အေတာ္ေလးကို နီးစပ္တူညီမယ္လို႔ ေမွ်ာ္လင့္ႏိုင္ပါတယ္။

Galaxy Z Flip ရဲ႕ ပတၱာဒီဇိုင္းကေတာ့ Galaxy Fold အတိုင္းပဲလို႔ ဆိုႏိုင္ပါတယ္။ ေအာက္ဘက္ျခမ္းရဲ႕ ညာဘက္မွာ ပါဝါခလုတ္ကို ေတြ႕ျမင္ရပါတယ္။ အေပၚဘက္ျခမ္းမွာေတာ့ အသံအတိုးအခ်ဲ႕ခလုတ္ရွိေနပါတယ္။ ကိုယ္ထည္ရဲ႕ေက်ာဘက္ထိပ္မွာ ကင္မရာႏွစ္လုံးနဲ႔ LED ဖလက္ရွ္တစ္ခုကို ျမင္ေတြ႕ရသလို Display ခပ္ေသးေသးတစ္ခုကိုလည္း ျမင္ေတြ႕ရပါတယ္။

အတြင္းဘက္မ်က္ႏွာျပင္ရဲ႕ အေပၚဘက္မွာ Punch-hole နဲ႔အတူ Selfie ကင္မရာတစ္လုံးကိုေတြ႕ျမင္ရပါတယ္။ ေကာလာဟလအရ 10MP လို႔သိရပါတယ္။ Snapdragon 855 Chipset ကို အသုံးျပဳထားၿပီး ဘက္ထရီႏွစ္လုံးတပ္ဆင္ထားသလို Super-fast charging စနစ္လည္း ေထာက္ပံ့ေပးထားဦးမယ္လို႔ သတင္းထြက္ထားပါတယ္။ ဘက္ထရီႏွစ္လုံးအနက္ တစ္လုံးက 900mAh လို႔လည္း ဆိုၾကပါတယ္။

Galaxy Z Flip ဟာ Ultra-Thin Glass Display အသုံးျပဳထားတဲ့ ပထမဆုံး Foldable ဖုန္းလည္း ျဖစ္လာႏိုင္ပါတယ္။ ဒီေတာ့ တျခား Foldable မ်က္ႏွာျပင္ေတြထက္ ပိုၿပီးအၾကမ္းခံႏိုင္မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ မ်က္ႏွာျပင္ဟာ 6.7-inch အ႐ြယ္အစားျဖစ္တယ္လို႔လည္း ဆိုပါတယ္။

အခုထြက္လာတဲ့ ဗီဒီယိုမွာေတာ့ Galaxy Z Flip ရဲ႕ ပုံစံအေၾကာင္းပဲ ေျပာႏိုင္ပါေသးတယ္။ က်န္တဲ့ အေသးစိတ္အခ်က္အလက္ေတြကိုေတာ့ မသိရေသးပါဘူး။ ဒါေပမယ့္ သိပ္မၾကာခင္မွာ သိရေတာ့မယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ Galaxy Z Fold ဟာ Samsung Galaxy S20 series ကို မိတ္ဆက္မယ့္ပြဲမွာ တစ္ပါတည္း ေတြ႕ျမင္ရဖြယ္ရွိေနပါတယ္။

Ref: GSM Arena