Android Devices တွေအတွက် အအောင်မြင်ဆုံး ဂိမ်း ၂ မျိုးဖြစ်တဲ့ Monument Valley 2 နဲ့ Lara Croft Go တွေကို အခုအချိန်မှာ အခကြေးငွေပေးစရာမလိုဘဲ အခမဲ့ Download ရယူနိုင်ပြီဖြစ်ပါတယ်။ အဆိုပါ ဂိမ်းတွေဟာ ပြီးခဲ့တဲ့ ၂၀၁၇ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ Game Awards မှာ Best Mobile Game ဆိုပြီး သတ်မှတ်ခံထားရတဲ့ ဂိမ်းတွေလည်းဖြစ်ပါတယ်။

Monument Valley 2 ဂိမ်းဟာဆိုရင် Music ပိုင်းအရမ်းကို ကောင်းမွန်တဲ့အပြင် Visual ပိုင်းတွေ၊ Gameplay ပိုင်းတွေမှာလည်း လှပပြီး စိတ်ဝင်စားဖို့ကောင်းတဲ့အတွက် အိမ်မှာနေပြီး စိတ်အပန်းဖြေချင်တဲ့သူတွေအတွက် တကယ်ကိုကောင်းမွန်တဲ့ ဂိမ်းတစ်ခုဖြစ်နေမှာပါ။

Lara Croft Go ကလည်း နာမည်ကြီး Tomb Raider ဂိမ်းနဲ့ ရုပ်ရှင်တွေလိုမျိုးပဲ ဇတ်လိုက်ဖြစ်တဲ့ Lara Croft နေရာကနေ အခက်အခဲတွေကို ကျော်ဖျက်ပြီး ဆော့ကစားရမှာပါ။ ဒီဂိမ်းကလည်း Monument Valley 2 လိုမျိုးပဲ Musical ပိုင်းရော Visual ပိုင်းမှာရော တော်တော်လေးကိုလှပတယ်လို့ ပြောလို့ရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Mobile Game အကောင်းစား ၂ မျိုးကို လာမယ့်အပတ်အထိ အခမဲ့ရယူနိုင်မှာဆိုတော့ အခုပဲ Download ပြုလုပ်ထားသင့်ပါတယ်။

Ref – GSM Arena