Mophie က Devices ၃ ခုကို တစ်ပြိုင်နက် အားသွင်းပေးနိုင်တဲ့ Wireless Charger အသစ် တစ်ခုကို ကြေညာလိုက်ပါတယ်။ Apple Devices တွေအတွက် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပြီး Users တွေက iPhone 12 , Apple Watch နဲ့ AirPods တို့ကို တစ်ပြိုင်နက် ကြိုးမဲ့ အားသွင်းနိုင်ပါတယ်။

Mophie releases 3-in-1 MagSafe Charger stand for Apple devices

အဲဒီ Accessory ကို MagSafe Charger Stand အဖြစ် ရည်ရွယ် ဖန်တီးထားတာ ဖြစ်ပါတယ်။ Stand မှာ MagSafe Charger မပါပေမယ့် User မှာ ရှိရင် Stand ရဲ့ အနောက်ဘက်မှာ Charger ကို ထားရှိပြီး iPhone 12 ကို အရှေ့ဘက်မှာ နေရာချထားနိုင်ပါတယ်။ Charger မှာ ပါတဲ့ သံလိုက်တွေက iPhone ကို မှန်ကန်တဲ့ အနေအထားနဲ့ ထိန်းထားပေးမှာ ဖြစ်ပြီး ဖုန်းကို Landscape Orientation နဲ့တောင် အားသွင်းနိုင်ပါတယ်။

Mophie releases 3-in-1 MagSafe Charger stand for Apple devices

အဲဒီ Stand မှာ AirPods နဲ့ Apple Watch အတွက် Built-in Wireless Charging ထည့်သွင်းထားပါတယ်။ AirPods , AirPods Pro နဲ့ Qi Wireless Charging ထောက်ပံ့တဲ့ Device တိုင်းကို အားသွင်းပေးနိုင်ပါတယ်။ Apple Watch Stand သီးခြား ပါရှိပြီး Nightstand Mode Clock ကို လွယ်ကူစွာ မြင်ရအောင် ပြုလုပ်ပေးထားပါတယ်။

Mophie releases 3-in-1 MagSafe Charger stand for Apple devices

Mophie ရဲ့ MagSafe Charger အတွက် 3-in-1 Wireless Stand ကို ၉၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်းခွဲလောက်ကျသင့်မှာ ဖြစ်ပါတယ်။ အဖြူရောင် တစ်မျိုးပဲ ထုတ်လုပ်ပေးထားပါတယ်။ Apple က Device တစ်ခု ထုတ်လိုက်တာနဲ့ တခြား ကုမ္ပဏီတွေက အဲဒီ Device အတွက် Accessory တွေကို အပြိုင်အဆိုင် ထုတ်လုပ်ကြပါတယ်။ မကြာခင်ကပဲ Apple ဟာ MagSafe Charger ကို ရောင်းချပေးလိုက်တဲ့အတွက် အခုတော့ Accessory တွေ ထွက်လာပြီ ဖြစ်ပါတယ်။

Ref : gsmarena