[Zawgyi]

Gaming စမတ္ဖုန္းေတြက ေခတ္တဖန္ျပန္ထလာၿပီလုိ႔ ဆုိရမွာပါပဲ။ စြမ္းအင္ျမင့္ Gaming ဦးစားေပး စမတ္ဖုန္းေတြျဖစ္တဲ့ Razer, Asus ROG တုိ႔နဲ႔ Xiaomi Black Shark တုိ႔လို စမတ္ဖုန္းေတြဟာ ၂၀၁၈ အတြင္းမွာ Concept အဆင့္ကေန ေက်ာ္လြန္ၿပီး ေစ်းကြက္ထဲ တကယ္ေရာက္လာခဲ့ၾကတဲ့ ဖုန္းေတြပါ။ အခုအခါ တရုတ္ ဂိမ္းကုမၸဏီတစ္ခုျဖစ္တဲ့ Snail Digital ရဲ႕လက္ေအာက္က ကုမၸဏီခြဲတစ္ခုျဖစ္တဲ့ Moqi ကလည္း Gaming ဖုန္းေရစီးကို ပါဝင္လာခဲ့ပါၿပီ။

Moqi ရဲ႕ဖုန္းဟာ အျခား Gaming စမတ္ဖုန္းေတြထက္ ပိုၿပီး ဂိမ္းကစားျခင္းဆီကို တုိက္ရုိက္ခ်ဥ္းကပ္တဲ့ ဒီဇုိင္းကို အသုံးျပဳတယ္။ ဆုိနီရဲ႕ PlayStation Vita လက္ကုိင္ဂိမ္းစက္ငယ္နဲ႔ တူညီတဲ့သြင္ျပင္ရွိၿပီး Analog Stick ႏွစ္ခု၊ Direction-Pad တစ္ခုနဲ႔ ပုံမွန္ဂိမ္းကစားတဲ့ လက္ကုိင္ခလုတ္အစုံတုိ႔အျပင္ လက္ညႈိးခလုတ္လို႔ ေခၚၾကတဲ့ Shoulder Button ေတြပါ ပါလာခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္တုန္းက Moqi မွာတစ္ခါထုတ္ျပခဲ့ဖူးတဲ့ ဟန္းဆက္ကုိ အဆင့္ျမွင့္ထားသလိုပါပဲ။

အျပင္ပန္းသာမကေသးဘူး၊ Gaming ဖုန္းဆုိတာ အတြင္းအစိတ္အပုိင္းေတြကလည္း စြမ္းေဆာင္ရည္ အားေကာင္းဦးမွ ျဖစ္တာပါ။ သူ႕ရဲ႕ Specs ေတြမွာ Snapdragon 710 ပရုိဆက္ဆာနဲ႔အတူ 6GB RAM မန္မုိရီနဲ႔ 64GB Storage တုိ႔လည္း ပါဝင္တယ္။

မ်က္ႏွာျပင္က ေျခာက္လက္မအျပည့္ Full HD ျဖစ္ၿပီး Gorilla Glass 3 ကိုအသုံးျပဳထားတယ္။ ဂိမ္းေဆာ့ရင္း အပူခ်ိန္တက္တာကို ေလ်ာ့ခ်ႏုိင္ဖို႔ Heat Conduction Pipeline ေတာင္ ပါပါေသးတယ္။ 16MP ေနာက္ဘက္ကင္မရာနဲ႔ 5MP ဆယ္ဖီကင္မရာတုိ႔လည္း ပါဝင္တယ္။ Moqi က သူတုိ႔ရဲ႕ဖုန္းမွာ Android 8.1 အသုံးျပဳလာမွာျဖစ္ၿပီး ဂိမ္းကစားဖို႔ တုိးျမွင့္ထားတဲ့ စနစ္ေတြနဲ႔ DND Mode ေတြပါ ပါလာမွာပါ။ ဒီဖုန္းကို ဥေရာပ၊ အေမရိကန္နဲ႔ အာရွေစ်းကြက္ေတြမွာ ျဖန္႔ခ်ိသြားမွာျဖစ္တယ္။

Gaming ဖုန္းတစ္လုံးဟာ ဘကၳရီႀကီးႀကီးမပါဘဲလည္း မျပည့္စုံပါဘူး။ Moqi ဖုန္းမွာေတာ့ 6,000 mAh ဘကၳရီကိုမွ သုံးစြဲသူက ျဖဳတ္တပ္လို႔ရမယ့္ Replaceable ျဖစ္တယ္။ သူ႕ရဲ႕တည္ေဆာက္ပုံက ဂိမ္းကစားျခင္းသာ မကဘဲ ေဖ်ာ္ေျဖေရးအတြက္လည္း သုံးလုိ႔ အဆင္ေျပမယ့္ပုံ ျဖစ္မွာပါ။

Moqi Gaming စမတ္ဖုန္းသစ္ဟာ ေစ်းကြက္ေတြထဲကုိ တုိက္ရုိက္တင္ပို႔ေရာင္းခ်သြားမွာေတာ့ မဟုတ္ပါဘူး။ လက္ရွိမွာ အြန္လိုင္း Funding ဝက္ဆုိက္ျဖစ္တဲ့ Indiegogo မွာ ကမ္ပိန္းအေနနဲ႔ ေရာင္းခ်ေနၿပီး အေစာဆုံးဝယ္ယူတဲ့ လူငါးဆယ္ဟာ ဒီဖုန္းကို ၄၀% ေက်ာ္ ေလ်ာ့ေစ်းျဖစ္တဲ့ ေဒၚလာ ၃၉၉ (ျမန္မာေငြ ေျခာက္သိန္းခန္႔) နဲ႔ရရွိမွာပါ။

Ref – Android Authority

[Unicode]

Gaming စမတ်ဖုန်းတွေက ခေတ်တဖန်ပြန်ထလာပြီလို့ ဆိုရမှာပါပဲ။ စွမ်းအင်မြင့် Gaming ဦးစားပေး စမတ်ဖုန်းတွေဖြစ်တဲ့ Razer, Asus ROG တို့နဲ့ Xiaomi Black Shark တို့လို စမတ်ဖုန်းတွေဟာ ၂၀၁၈ အတွင်းမှာ Concept အဆင့်ကနေ ကျော်လွန်ပြီး ဈေးကွက်ထဲ တကယ်ရောက်လာခဲ့ကြတဲ့ ဖုန်းတွေပါ။ အခုအခါ တရုတ် ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Snail Digital ရဲ့လက်အောက်က ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Moqi ကလည်း Gaming ဖုန်းရေစီးကို ပါဝင်လာခဲ့ပါပြီ။

Moqi ရဲ့ဖုန်းဟာ အခြား Gaming စမတ်ဖုန်းတွေထက် ပိုပြီး ဂိမ်းကစားခြင်းဆီကို တိုက်ရိုက်ချဉ်းကပ်တဲ့ ဒီဇိုင်းကို အသုံးပြုတယ်။ ဆိုနီရဲ့ PlayStation Vita လက်ကိုင်ဂိမ်းစက်ငယ်နဲ့ တူညီတဲ့သွင်ပြင်ရှိပြီး Analog Stick နှစ်ခု၊ Direction-Pad တစ်ခုနဲ့ ပုံမှန်ဂိမ်းကစားတဲ့ လက်ကိုင်ခလုတ်အစုံတို့အပြင် လက်ညှိုးခလုတ်လို့ ခေါ်ကြတဲ့ Shoulder Button တွေပါ ပါလာခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက Moqi မှာတစ်ခါထုတ်ပြခဲ့ဖူးတဲ့ ဟန်းဆက်ကို အဆင့်မြှင့်ထားသလိုပါပဲ။

အပြင်ပန်းသာမကသေးဘူး၊ Gaming ဖုန်းဆိုတာ အတွင်းအစိတ်အပိုင်းတွေကလည်း စွမ်းဆောင်ရည် အားကောင်းဦးမှ ဖြစ်တာပါ။ သူ့ရဲ့ Specs တွေမှာ Snapdragon 710 ပရိုဆက်ဆာနဲ့အတူ 6GB RAM မန်မိုရီနဲ့ 64GB Storage တို့လည်း ပါဝင်တယ်။

မျက်နှာပြင်က ခြောက်လက်မအပြည့် Full HD ဖြစ်ပြီး Gorilla Glass 3 ကိုအသုံးပြုထားတယ်။ ဂိမ်းဆော့ရင်း အပူချိန်တက်တာကို လျော့ချနိုင်ဖို့ Heat Conduction Pipeline တောင် ပါပါသေးတယ်။ 16MP နောက်ဘက်ကင်မရာနဲ့ 5MP ဆယ်ဖီကင်မရာတို့လည်း ပါဝင်တယ်။ Moqi က သူတို့ရဲ့ဖုန်းမှာ Android 8.1 အသုံးပြုလာမှာဖြစ်ပြီး ဂိမ်းကစားဖို့ တိုးမြှင့်ထားတဲ့ စနစ်တွေနဲ့ DND Mode တွေပါ ပါလာမှာပါ။ ဒီဖုန်းကို ဥရောပ၊ အမေရိကန်နဲ့ အာရှဈေးကွက်တွေမှာ ဖြန့်ချိသွားမှာဖြစ်တယ်။

Gaming ဖုန်းတစ်လုံးဟာ ဘက္ထရီကြီးကြီးမပါဘဲလည်း မပြည့်စုံပါဘူး။ Moqi ဖုန်းမှာတော့ 6,000 mAh ဘက္ထရီကိုမှ သုံးစွဲသူက ဖြုတ်တပ်လို့ရမယ့် Replaceable ဖြစ်တယ်။ သူ့ရဲ့တည်ဆောက်ပုံက ဂိမ်းကစားခြင်းသာ မကဘဲ ဖျော်ဖြေရေးအတွက်လည်း သုံးလို့ အဆင်ပြေမယ့်ပုံ ဖြစ်မှာပါ။

Moqi Gaming စမတ်ဖုန်းသစ်ဟာ ဈေးကွက်တွေထဲကို တိုက်ရိုက်တင်ပို့ရောင်းချသွားမှာတော့ မဟုတ်ပါဘူး။ လက်ရှိမှာ အွန်လိုင်း Funding ဝက်ဆိုက်ဖြစ်တဲ့ Indiegogo မှာ ကမ်ပိန်းအနေနဲ့ ရောင်းချနေပြီး အစောဆုံးဝယ်ယူတဲ့ လူငါးဆယ်ဟာ ဒီဖုန်းကို ၄၀% ကျော် လျော့ဈေးဖြစ်တဲ့ ဒေါ်လာ ၃၉၉ (မြန်မာငွေ ခြောက်သိန်းခန့်) နဲ့ရရှိမှာပါ။

Ref – Android Authority