[Zawgyi]

Honor 9X နဲ႔ 9X Pro ရဲ႕ သတင္းအခ်က္အလက္မ်ားစြာကို သိခဲ့ရၿပီးပါၿပီ။ အခုေတာ့ ကုမၸဏီက မိတ္ဆက္ပြဲ မတိုင္ခင္မွာ သူ႔ရဲ႕ Teaser ၂ ခုကို မွ်ေ၀လိုက္ပါတယ္။ Honor ရဲ႕ ၀ီဘို အေကာင့္ကေန မွ်ေ၀လိုက္တာ ျဖစ္ပါတယ္။ Teaser မွာ Honor 9X Pro ရဲ႕ WiFi နဲ႔ Cooling စြမ္းရည္ေတြကို အေသးစိတ္ ေဖာ္ျပထားပါတယ္။

ပထမ ပိုစတာမွာ ပရိုဗားရွင္းမွာ Extended WiFi Reception စြမ္းရည္ ပါလာမယ္လို႔ ေဖာ္ျပထားပါတယ္။ အဲဒီ နည္းပညာဟာ နံရံ ႏွစ္ခုကို ေဖာက္ထြင္းၿပီး ၀ိုင္ဖိုင္ကို ခ်ိတ္ဆက္ႏုိင္တယ္လို႔ Honor က ေျပာပါတယ္။ အဲဒီအတြက္ ပရိုဗားရွင္းမွာ WiFi 802.11ax Support ပါလာမယ္လို႔ ထင္ပါတယ္။

ဒုတိယ ပိုစတာမွာ အျပာေရာင္ အရည္ေတြနဲ႔ ဖုန္းရဲ႕ X Logo ကို ပံုေဖာ္ထားပါတယ္။ အဲဒီအတြက္ ဖုန္းမွာ ဂိမ္းကစားရင္ အသံုး၀င္တဲ့ Water Cooling စြမ္းရည္ ပါလာမယ္လို႔ ယူဆရပါတယ္။ အရင္ ထြက္ရွိထားတဲ့ Devices ေတြမွာ Water Cooling System ပါမယ္လို႔ ေျပာထားေပမယ့္ တကယ့္ Liquid Cooler အစား အပူ စုပ္ယူတဲ့ ပိုက္ကိုသာ အသံုးျပဳထားပါတယ္။ Honor ရဲ႕ ဖုန္းမွာလည္း အလားတူပဲ ထည့္သြင္းထားႏုိင္ပါတယ္။

Honor 9X နဲ႔ 9X Pro ကို တရုတ္မွာ ဒီေန႔ မိတ္ဆက္မွာ ျဖစ္ပါတယ္။ Honor 9X Pro ရဲ႕ ကင္မရာ အတြဲအစပ္ေတြဟာ Honor 20 Pro နဲ႔ တူညီမယ္လို႔ သတင္းထြက္ေနပါတယ္။ Honor 20 Pro ဟာ လက္ရွိမွာ DxOMark ရဲ႕ အေကာင္းဆံုး ကင္မရာ ပါတဲ့ ဖုန္းစာရင္းမွာ နံပါတ္ ၂ ေနရာ ရထားပါတယ္။

Ref : gsmarena, gizmochina

[Unicode]

မိတ်ဆက်ပွဲ မတိုင်ခင် Honor 9X ရဲ့ Features တွေကို ကုမ္ပဏီ မျှဝေ

Honor 9X နဲ့ 9X Pro ရဲ့ သတင်းအချက်အလက်များစွာကို သိခဲ့ရပြီးပါပြီ။ အခုတော့ ကုမ္ပဏီက မိတ်ဆက်ပွဲ မတိုင်ခင်မှာ သူ့ရဲ့ Teaser ၂ ခုကို မျှဝေလိုက်ပါတယ်။ Honor ရဲ့ ဝီဘို အကောင့်ကနေ မျှဝေလိုက်တာ ဖြစ်ပါတယ်။ Teaser မှာ Honor 9X Pro ရဲ့ WiFi နဲ့ Cooling စွမ်းရည်တွေကို အသေးစိတ် ဖော်ပြထားပါတယ်။

ပထမ ပိုစတာမှာ ပရိုဗားရှင်းမှာ Extended WiFi Reception စွမ်းရည် ပါလာမယ်လို့ ဖော်ပြထားပါတယ်။ အဲဒီ နည်းပညာဟာ နံရံ နှစ်ခုကို ဖောက်ထွင်းပြီး ၀ိုင်ဖိုင်ကို ချိတ်ဆက်နိုင်တယ်လို့ Honor က ပြောပါတယ်။ အဲဒီအတွက် ပရိုဗားရှင်းမှာ WiFi 802.11ax Support ပါလာမယ်လို့ ထင်ပါတယ်။

ဒုတိယ ပိုစတာမှာ အပြာရောင် အရည်တွေနဲ့ ဖုန်းရဲ့ X Logo ကို ပုံဖော်ထားပါတယ်။ အဲဒီအတွက် ဖုန်းမှာ ဂိမ်းကစားရင် အသုံးဝင်တဲ့ Water Cooling စွမ်းရည် ပါလာမယ်လို့ ယူဆရပါတယ်။ အရင် ထွက်ရှိထားတဲ့ Devices တွေမှာ Water Cooling System ပါမယ်လို့ ပြောထားပေမယ့် တကယ့် Liquid Cooler အစား အပူ စုပ်ယူတဲ့ ပိုက်ကိုသာ အသုံးပြုထားပါတယ်။ Honor ရဲ့ ဖုန်းမှာလည်း အလားတူပဲ ထည့်သွင်းထားနိုင်ပါတယ်။

Honor 9X နဲ့ 9X Pro ကို တရုတ်မှာ ဒီနေ့ မိတ်ဆက်မှာ ဖြစ်ပါတယ်။ Honor 9X Pro ရဲ့ ကင်မရာ အတွဲအစပ်တွေဟာ Honor 20 Pro နဲ့ တူညီမယ်လို့ သတင်းထွက်နေပါတယ်။ Honor 20 Pro ဟာ လက်ရှိမှာ DxOMark ရဲ့ အကောင်းဆုံး ကင်မရာ ပါတဲ့ ဖုန်းစာရင်းမှာ နံပါတ် ၂ နေရာ ရထားပါတယ်။

Ref : gsmarena, gizmochina