စမတ်ဖုန်းတွေမှာ လုံခြုံရေးဆိုင်ရာစနစ်တွေ တိုးမြင့်လာပေမဲ့ အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေကတော့ ရှိနေဆဲပါပဲ။ လုံခြုံရေးဆိုင်ရာစနစ်ကျိုးပေါက်ရခြင်း အများစုဟာ အသုံးပြုသူကိုယ်တိုင်က ဖုန်းရဲ့လုပ်ဆောင်မှုစနစ်ထဲကို ဝင်ရောက်ခွင့်ပြုလိုက်တာကြောင့်ပဲ ဖြစ်ပါတယ်။

ဒီလိုလုံခြုံရေးစနစ်ကျိုးပေါက်သွားရတာဟာ အသုံးပြုသူရဲ့ တာဝန်ချည်းသက်သက်တော့မဟုတ်ပါဘူး။ တစ်ခါတစ်ရံမှာတော့ Google Play Store နဲ့ Apple App Store တို့လို တရားဝင် App store ကြီးတွေလည်း အန္တရာယ်ရှိတဲ့ App တွေကို သူတို့ရဲ့ Store ပေါ်မှာ တင်ခွင့်ပြုလိုက်တာမျိုးရှိပါတယ်။ ဒီအခါမှာ အသုံးပြုသူက စိတ်ချလက်ချနဲ့ Install လုပ်မိပြီး အန္တရာယ်ကိုဖိတ်ခေါ်လိုက်တာမျိုး ဖြစ်လာတတ်ပါတယ်။

အန္တရာယ်ရှိတဲ့ App တွေကတော့ အများကြီးပါပဲ။ ၂၀၂၁ ခုနှစ်ထဲမှာ လူသိများလာပြီး အန္တရာယ်ရှိတယ်လို့ သတ်မှတ်ခံရတဲ့ App အချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီ Apps တွေဟာ အသုံးပြုသူရဲ့ အရေးကြီးတဲ့ Files တွေ၊ Passwords တွေကို Tow-factor authentication တွေတောင် ကျော်ဖြတ်ပြီး ရယူနိုင်တယ်လို့ ဆိုပါတယ်။

1. Music Players

စမတ်ဖုန်းတွေမှာ Third-party Music player တစ်ခုကို ထည့်သွင်းအသုံးပြုတာက အန္တရာယ်ရှိပြီး၊ ဒါဟာ ရှိပြီးသားတစ်ခုရဲ့ ဖုန်းလုံခြုံရေးလစ်ဟာမှုကို ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ Fildo နဲ့ BeatPlayer နှစ်ခုစလုံးဟာ AlienBot Banking trojan အသုံးပြုထားကြောင်း တွေ့ရှိခဲ့ရပါတယ်။

2. Obscure Browsers

လူအများစုဟာ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သူတို့ရဲ့ Browser တွေကနေ မျှဝေလေ့ရှိကြပါတယ်။ ထင်ရှားတဲ့နည်းပညာကုမ္ပဏီကြီးတွေရဲ့ Browser တွေကတော့ စိတ်ချလုံခြုံရတယ်ဆိုပေမဲ့ UC Browser နဲ့ Dolphin Browser တို့ကတော့ Tracking နဲ့ Privacy ချိုးဖောက်ခြင်းတွေနဲ့ပတ်သက်ပြီး အနံ့ဆိုးတွေထွက်နေခဲ့တာ ဖြစ်ပါတယ်။

3. Free VPNs

VPN software တွေဟာ လုံခြုံရေးအတွက် မရှိမဖြစ်အထောက်အကူပြု Tools တွေအဖြစ် နေရာယူလာကြပါပြီ။ ဒါပေမဲ့လည်း ရာနှုန်းပြည့်လုံခြုံတာတော့မဟုတ်ပါဘူး။ ဘေးထွက်ဆိုးကျိုးတွေတော့ရှိနေပါတယ်။ အဲဒါတွေက အခမဲ့ VPN software တွေမှာ အများဆုံးတွေ့ရပါတယ်။ Free VPN အချို့ဟာ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို ရောင်းချခြင်းနဲ့ စီးပွားရှာကြပါတယ်။ နာမည်ပျက်စာရင်းသွင်းခံထားရတဲ့ထဲမှာ SuperVPN နဲ့ Pacific VPN တို့ ပါဝင်ပါတယ်။

4. Voice Recorder

Voice Recorder ကလည်း Music player တွေလိုပါပဲ။ စမတ်ဖုန်းအများစုမှာ လုံခြုံစိတ်ချရတဲ့ Voice recorder တွေ ထည့်သွင်းပြီးသား ဖြစ်ပါတယ်။ Third-party voice recorder တွေသုံးရတာဟာ လုံခြုံရေ:အတွက် စိတ်မချရပါဘူး။ ဥပမာပေးရရင်တော့ QRecorder လိုမျိုး App ပါ။ AlienBot trojan ပါဝင်တယ်လို့ သိရပါတယ်။

5. Cleaner Apps

စမတ်ဖုန်းသုံးစွဲသူအများစုဟာ “Cleaner Apps” တွေကို နှစ်ခြိုက်ကြပါတယ်။ ယုံယုံကြည်ကြည် သုံးစွဲလေ့ရှိပါတယ်။ ဒါပေမဲ့ အများစုက အလိမ်အညာတွေဖြစ်ကြသလို၊ ကောင်းကျိုးထက် ဆိုးကျိုးကိုပဲ ဖြစ်စေတတ်တာပါ။ Super Clean by Magical Dev, Cleanit နဲ့ Virus Cleaner (Antivirus Free & Phone Cleaner) တို့ဟာ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ခံထားရတာတွေပါ။

အန္တရာယ်ရှိပြီး သတိပြုရမဲ့အခြား Apps တွေထဲမှာ RAM ကို တိုးမြှင့်ပေးမယ်ဆိုပြီး ကြေညာထားတဲ့ Apps တွေ၊ Disk Cleaning Apps တွေ၊ Lie Detector Apps တွေနဲ့ လူသိနည်းပြီး ခိုင်မာမှုမရှိတဲ့ Antivirus Programs တွေလည်း ပါဝင်ပါတယ်။

Ref: Android Headlines