[Unicode]

Samsung ရဲ့ Odyssey G9 ဟာ ဂိမ်းကစားသူတစ်ယောက်အတွက် ပါးစပ်အဟောင်းသားဖြစ်ပြီး နှစ်ခါပြန်ပြန်ကြည့်ရမယ့် မော်နီတာလို့ ဆိုရမှာပါ။ CES 2020 မှာထုတ်ကြွားသွားတဲ့ ဒီမော်နီတာဟာ 49-inch 1440p ဖြစ်ပါတယ်။ တကယ်ကို ကြွေချင်စရာပါပဲ။

240Hz ဟာ ဂိမ်းသမားတွေအတွက် အိပ်မက်ဖြစ်သလို Samsung ရဲ့ Odyssey G9 ကလည်း အိပ်မက်ဖြစ်လာနိုင်ပါတယ်။ 240Hz မဟုတ်ပေမယ့်လည်း သူ့ရဲ့ sharp resolution နဲ့ 1000R curvature က မြင်ကွင်းအားလုံးကို ကြည်လင်ပြတ်သားစွာနဲ့ မြင်စေသလို ကျယ်ကျယ်ပြန့်ပြန့်လည်း မြင်စေနိုင်တဲ့ အားသာချက် ဖြစ်ပါတယ်။

ကျောဘက်ကိုကြည့်လိုက်ရင်လည်း သိပ္ပံဇာတ်ကားထဲက အသုံးအဆောင်ကို အပြင်မှာပိုင်ဆိုင်အသုံးပြုနေရတဲ့ ခံစားချက်ကို ပေးနိုင်ပါလိမ့်မယ်။ အလယ်တည့်တည့်မှာ LED နဲ့အလှဆင်ထားတာက Iron Man ရဲ့ Arc reactor နဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ Odyssey G9 ဟာ လူတန်းစားမရွေးအသုံးပြုဖို့ သင့်တော်တဲ့ မော်နီတာမျိုးမဟုတ်ပေမယ့် ဈေးကွက်ထဲမှာတော့ အောင်မြင်မှုရဦးမယ်လို့ ခန့်မှန်းရပါတယ်။

တုံ့ပြန်မှုကြာချိန်က 1ms ဖြစ်တဲ့အပြင် AMD FreeSync 2 နဲ့ Nvidia’s G-Sync နှစ်ခုစလုံးကို ထောက်ပံ့တာကြောင့် Odyssey G9 ဟာ ဈေးနှုန်းအားဖြင့်လည်း ခပ်ကြီးကြီးထဲကပဲလို့ မျှော်မှန်းထားရပါမယ်။ ဘာပဲဖြစ်ဖြစ် ကွေးဝိုက်ထားတဲ့ မျက်နှာပြင်ကျယ်မော်နီတာနဲ့ ဂိမ်းကစားရမယ့်အရသာကတော့ တွေးကြည့်တာနဲ့တင် စိမ့် နေပြီလို့ပဲ ဆိုရမှာပါ။

Ref: The Verge

[Zawgyi]

အလြန္ႀကီးပါကြာလို႔ ေျပာရမယ့္ Samsung ရဲ႕ Odyssey G9 ဂိမ္းမင္းေမာ္နီတာ

Samsung ရဲ႕ Odyssey G9 ဟာ ဂိမ္းကစားသူတစ္ေယာက္အတြက္ ပါးစပ္အေဟာင္းသားျဖစ္ၿပီး ႏွစ္ခါျပန္ျပန္ၾကည့္ရမယ့္ ေမာ္နီတာလို႔ ဆိုရမွာပါ။ CES 2020 မွာထုတ္ႂကြားသြားတဲ့ ဒီေမာ္နီတာဟာ 49-inch 1440p ျဖစ္ပါတယ္။ တကယ္ကို ေႂကြခ်င္စရာပါပဲ။

240Hz ဟာ ဂိမ္းသမားေတြအတြက္ အိပ္မက္ျဖစ္သလို Samsung ရဲ႕ Odyssey G9 ကလည္း အိပ္မက္ျဖစ္လာႏိုင္ပါတယ္။ 240Hz မဟုတ္ေပမယ့္လည္း သူ႔ရဲ႕ sharp resolution နဲ႔ 1000R curvature က ျမင္ကြင္းအားလုံးကို ၾကည္လင္ျပတ္သားစြာနဲ႔ ျမင္ေစသလို က်ယ္က်ယ္ျပန႔္ျပန႔္လည္း ျမင္ေစႏိုင္တဲ့ အားသာခ်က္ ျဖစ္ပါတယ္။

ေက်ာဘက္ကိုၾကည့္လိုက္ရင္လည္း သိပၸံဇာတ္ကားထဲက အသုံးအေဆာင္ကို အျပင္မွာပိုင္ဆိုင္အသုံးျပဳေနရတဲ့ ခံစားခ်က္ကို ေပးႏိုင္ပါလိမ့္မယ္။ အလယ္တည့္တည့္မွာ LED နဲ႔အလွဆင္ထားတာက Iron Man ရဲ႕ Arc reactor နဲ႔ေတာင္ ခပ္ဆင္ဆင္ပါပဲ။ Odyssey G9 ဟာ လူတန္းစားမေ႐ြးအသုံးျပဳဖို႔ သင့္ေတာ္တဲ့ ေမာ္နီတာမ်ိဳးမဟုတ္ေပမယ့္ ေဈးကြက္ထဲမွာေတာ့ ေအာင္ျမင္မႈရဦးမယ္လို႔ ခန႔္မွန္းရပါတယ္။

တုံ႔ျပန္မႈၾကာခ်ိန္က 1ms ျဖစ္တဲ့အျပင္ AMD FreeSync 2 နဲ႔ Nvidia’s G-Sync ႏွစ္ခုစလုံးကို ေထာက္ပံ့တာေၾကာင့္ Odyssey G9 ဟာ ေဈးႏႈန္းအားျဖင့္လည္း ခပ္ႀကီးႀကီးထဲကပဲလို႔ ေမွ်ာ္မွန္းထားရပါမယ္။ ဘာပဲျဖစ္ျဖစ္ ေကြးဝိုက္ထားတဲ့ မ်က္ႏွာျပင္က်ယ္ေမာ္နီတာနဲ႔ ဂိမ္းကစားရမယ့္အရသာကေတာ့ ေတြးၾကည့္တာနဲ႔တင္ စိမ့္ ေနၿပီလို႔ပဲ ဆိုရမွာပါ။

Ref: The Verge