ကမ္ဘာ့ဦးဆောင် ICT အခြေခံအဆောက်အဦး ပံ့ပိုးသူ ဖြစ်သည့် Huawei သည် BCG မှ မကြာသေးခင်က ထုတ်ပြန်သော ၂၀၂၀ ခုနှစ်၊ ကမ္ဘာ့တီထွင်ဆန်းသစ်မှု အရှိဆုံး ကုမ္ပဏီ ၅၀ စာရင်းတွင် ယခင်နှစ်ကထက် အဆင့် ၄၂ ဆင့် တိုးတက်လာခဲ့ပြီး အဆင့် ၆ ရရှိခဲ့သည်။ ယင်းမှာ Huawei အနေဖြင့် ၂၀၁၂ ခုနှစ်က အဆိုပါ စာရင်းတွင် စတင် ပါဝင်ခဲ့ချိန်မှ စ၍ ယခုအချိန်ထိ အမြင့်ဆုံး ရရှိခဲ့သည့် အဆင့်လည်း ဖြစ်သည်။

Boston Consulting Group ၏ အစီရင်ခံစာအရ Apple၊ Alphabet ၊ Amazon ၊Microsoft နှင့် Huawei တို့က ထိပ်ဆုံး ၆ နေရာကို ရရှိထားပြီး ယင်းတို့နောက်တွင် Alibaba၊ IBM ၊ Sony နှင့် Facebook တို့က နေရာအသီးသီး ယူထားကြသည်။

ကမ္ဘာ့အဆင့် နာမည်ကျော်ကြားမှု၊ သက်ဆိုင်ရာနယ်ပယ်ကဏ္ဍတွင် ထိုးဖောက်နိုင်မှု၊ လုပ်ငန်းမိတ်ဖက်များ၏ အမြင်နှင့် တန်ဖိုးဖန်တီးနိုင်မှုဟူသည့် ကဏ္ဍကြီး လေးရပ်တွင် ကုမ္ပဏီများ၏ စွမ်းဆောင်မှုနှင့် ကမ္ဘာ့ဆန်းသစ်တီထွင်မှုဆိုင်ရာ ခေါင်းဆောင် ၂,၅၀၀ တို့ကို စစ်တမ်းကောက်ယူမှုများပေါ်တွင် အခြေခံကာ ယခုကဲ့သို့ အမှတ်ပေးနေရာချထားခြင်း ဖြစ်သည်။ ယခုနှစ်တွင် BCG က ကုမ္ပဏီတစ်ခုစီ၏ ဆန်းသစ်စုံလင်နိုင်မှုနှင့် အကန့်အသတ်များအား ထိုးဖောက်ကျော်လွှားနိုင်မှုကိုလည်း ထည့်သွင်း အမှတ်ပေးခဲ့သည်။ သက်ဆိုင်ရာနယ်ပယ်ကဏ္ဍအတွင်း ဝင်ရောက်ရာတွင် ကြုံရသည့် အခက်အခဲများကို ကျော်လွှားနိုင်မှု၊ ယခင်က လုပ်ကိုင်နေခဲ့သည့် စျေးကွက်များ၏ ပြင်ပစျေးကွက်များတွင် ချဲ့ထွင် လုပ်ကိုင်နိုင်မှုစသည့် အချက်များကို ထည့်သွင်းဆုံးဖြတ်ခြင်း ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး တယ်လီကွန်း ပစ္စည်းကိရိယာများ ပံ့ပိုးသူဖြစ်သည့် Huawei သည် ယင်းရရှိသည့် နှစ်စဉ် အမြတ်၏ ၁၀% ကျော်ကို သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပြန်လည် ရင်းနှီးမြုပ်နှံခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် ကုမ္ပဏီ၏ သုတေသန အသုံးစရိတ်သည် တရုတ်ယွမ် ၁၃၁,၆၅၉ သန်း အထိ ရှိခဲ့ပြီး ၄င်းမှာအမြတ်စုစုပေါင်း၏ ၁၅.၃% နှင့် ညီမျှသည်။

5G အတွက်လည်း Huawei က ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄ ဘီလီယံ ရင်းနှီးမြုပ်နှံခဲ့သောကြောင့် အဆိုပါ မျိုးဆက်သစ် နည်းပညာတွင် ကမ္ဘာ့ဦးဆောင်သူ ဖြစ်လာသည်။ 5G ကို လုပ်ငန်းသုံး အဖြစ် အသုံးချနိုင်ရန်နှင့် ဆန်းသစ်အသုံးပြုမှုများ အားကောင်းလာစေရန် ကုမ္ပဏီက ကမ္ဘာအနှံ့ carrier များနှင့် ပူးပေါင်းပြီး 5G ဆန်းသစ်တီထွင်မှု စင်တာများကို ဖွင့်လှစ်ထားသည်။

နှစ်စဉ်အစီရင်ခံစာအရ Huawei သည် ဆန်းသစ်တီထွင်မှု ၁.၀ မိုဒယ်မှသည် ၂.၀ မိုဒယ်သစ်သို့ ကူးပြောင်းလျက် ရှိသည်။ ဆိုလိုသည်မှာ အခြေခံသီအိုရီပိုင်းတွင် အောင်မြင်မှုများ ရရှိခဲံ့ပြီး အနာဂတ်အတွက် ဘုံမျှော်မှန်းချက်များနှင့် အညီ အခြေခံ နည်းပညာသစ်များကို ဖန်တီးနေခြင်း ဖြစ်သည်။

ကမ္ဘာ့ COVID-19 တိုက်ဖျက်ရေးတွင်လည်း Huawei က ယင်း၏ ဆန်းသစ်တီထွင်မှုဆိုင်ရာ အားထုတ်မှုများကို နှစ်ဆ မြှင့်တင်ခဲ့ပြီး AI ၊ အဝေးရောက် ရုံးလုပ်ငန်းဆောင်ရွက်မှု၊ စမတ်ကျန်းမာရေး စောင့်ရှောက်မှု၊ အွန်လိုင်း ပညာရေး စသည်တို့ကို အလေးပေးဆောင်ရွက်သည့် မိတ်ဖက်အစီအစဉ်များနှင့်အတူ ကပ်ရောဂါတိုက်ဖျက်ရေးကို ထောက်ပံ့ပေးခဲ့သည်။ ဥပမာအားဖြင့် Huawei ၏ AI နည်းပညာသုံး ရောဂါဆန်းစစ်မှုစနစ်က CT ဓာတ်မှန်ရလဒ်များကို စက္ကန့်ပိုင်းအတွင်း ထုတ်ပြန်ပေးပြီး COVID-19 ဖြစ်ပွားမှုများကို အမြန်တွေ့ရှိနိုင်ရန်အတွက် ကျန်းမာရေးဝန်ထမ်းများကို အကူအညီပေးသည်။

“BCG ရဲ့ ၁၄ ကြိမ်မြောက် တီထွင်ဆန်းသစ်မှု အရှိဆုံး ကုမ္ပဏီစာရင်းအတွက် ကျွန်တော်တို့ သုတေသန စတင်ပြုလုပ်ချိန်မှာ COVID-19 မဖြစ်ပွားသေးပါဘူး။ အချက်အလက်တွေကို ဆန်းစစ်လေ့လာပြီး ပါဝင်သူတွေနဲ့ ချိတ်ဆက်ပြောဆိုမှုတွေ ပြုလုပ်တဲ့ အခါမှာ ဒီနှစ်ရဲ့ အဓိက တွေ့ရှိချက်တွေ ဖြစ်တဲ့ ဆက်တိုက်တီထွင်ဖန်တီးနေမှုရဲ့ အရေးကြီးမှုတွေ၊ ကျယ်ကျယ်ပြန့်ပြန့် ဖန်တီးမှုရဲ့ အားသာချက်တွေကို ပိုမို ရှင်းရှင်းလင်းလင်း တွေ့မြင်လာရပါတယ်။ ဒီနေ့ခေတ်မှာ ရောင်းလိုအား၊ ဝယ်လိုအား၊ သုံးစွဲသူ အမူအကျင့်တွေ၊ လုပ်ငန်းလုပ်ကိုင်ပုံတွေက အလျင်အမြန်ပြောင်းလဲနေတဲ့ အတွက် ဆန်းသစ်တီထွင်မှုခေါင်းဆောင်တွေအနေနဲ့ အမှီလိုက်ပြီး ပြောင်းလဲဆန်းသစ်နိုင်ဖို့ ပိုမို လိုအပ်လာပါတယ်”ဟု BCG အစီရင်ခံစာ ပြုစုရေးသားသူက ရေးသားခဲ့သည်။

Source – HUAWEI Myanmar