[Zawgyi]

တစ္ခ်ိန္က ကြန္ဆုိးဂိမ္းစက္တစ္လုံးမွာ သုိ႔မဟုတ္ Arcade ဂိမ္းစက္တစ္ခုမွာ လူသားကစားသူ ႏွစ္ဦး ေဘးခ်င္းတုိက္ ယွဥ္ၿပိဳင္ခဲ့ၿပီး ေနာက္ပိုင္းမွာ LAN လိုကယ္နက္ဝပ္ခ်ိတ္ဆက္ယွဥ္ၿပိဳင္ရာကေန အခုေတာ့ အိမ္ကေန ထိုင္ရာမထ ႏုိင္ငံတကာၿပိဳင္ပြဲေတြကို ဝင္ေရာက္ႏုိင္တဲ့ထိ အီလက္ထေရာနစ္ အားကစား (Esports) က တုိးတက္ခဲ့ပါၿပီ။

၂၀၁၈ ႏွစ္ကုန္ခါနီးထိ က်င္းပခဲ့သမွ် Esports ပြဲေတြထဲမွာ ဆုေၾကးေငြ (Prizepool) အမ်ားဆုံးအျဖစ္ မွတ္တမ္းတင္ထားတဲ့ Esports ၿပိဳင္ပြဲႀကီးေတြကို ဗဟုသုတအေနနဲ႔ မိတ္ဆက္ေပးပါရေစ။

၁. The International 2018

၂၀၁၈ ခုႏွစ္ ၾသဂုတ္လမွာ က်င္းပခဲ့တဲ့ Valve ကုမၸဏီမွ ႀကီးမွဴးက်င္းပတဲ့ ၄င္းတုိ႔ရဲ႕ Dota 2 ဂိမ္း ႏွစ္ပတ္လည္ၿပိဳင္ပြဲႀကီးမွာ အသင္းေပါင္း ၁၈ သင္းဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၿပီး စုစုေပါင္း ဆုေၾကးေငြ အေမရိကန္ ေဒၚလာ ၂၅.၅၃ သန္းထိ ခ်ီးျမွင့္ခဲ့ပါတယ္။ ဒီလိုခ်ီးျမွင့္ႏုိင္တာဟာ Valve ကုမၸဏီက The International (အတုိေကာက္ Ti) ၿပိဳင္ပြဲနီးကပ္လာတဲ့အခါ ဒစ္ဂ်စ္တယ္မွတ္စုစာအုပ္ျဖစ္တဲ့ Compendium ေတြကို ထုတ္ေရာင္းၿပီး ေရာင္းရေငြရဲ႕ ၂၅% ကို ဆုေၾကးေငြထဲ ေပါင္းထည့္ေပးခဲ့လို႔ ျဖစ္ပါတယ္။ ပထမဆုကို ဥေရာပ အသင္းတစ္ခုျဖစ္တဲ့ OG အသင္းကရရွိခဲ့ၿပီး ဆုေၾကးေငြ ေဒၚလာ ၁၁.၂၃ သန္းေက်ာ္ ပုိင္ဆုိင္ခဲ့ပါတယ္။

၂. The International 2017

ဒုတိယေနရာမွာေတာ့ ၂၀၁၇ ခုႏွစ္မွာ က်င္းပခဲ့တဲ့ Ti7 Dota 2 ခ်န္ပီယံရွစ္က စုစုေပါင္း ဆုေၾကးေငြ ၂၄.၇၈ သန္းနဲ႔ တည္ရွိေနပါတယ္။ Valve အတြက္ေတာ့ ႏွစ္စဥ္ေရာင္းခ်တဲ့ Compendium ေတြကေန ရတဲ့ေငြကို ဆုေၾကးေငြထဲ ေပါင္းထည့္ျခင္းျဖင့္ ဆုေၾကးေတြ တုိးတက္လာခဲ့သလုိ ႏွစ္စဥ္ ဝယ္ယူခ်င္ေအာင္လည္း In-game Item ေတြ၊ Quest ေတြနဲ႔ ဆြဲေဆာင္ခဲ့ပါတယ္။ ၂၀၁၇ ခုႏွစ္ Ti ခ်န္ပီယံကေတာ့ ဥေရာပအသင္းပဲျဖစ္တဲ့ Team Liquid ျဖစ္ကာ ပထမဆုအျဖစ္ ေဒၚလာ ၁၀.၈၆ သန္းေက်ာ္ ရရွိခဲ့ပါတယ္။

၃. The International 2016

တတိယေနရာမွာ ၂၀၁၆ ခုႏွစ္က က်င္းပခဲ့တဲ့ Ti6 ၿပိဳင္ပြဲက စုစုေပါင္းဆုေၾကးေငြ အေမရိကန္ေဒၚလာ ၂၀.၇၇ သန္းျဖင့္ ရပ္တည္ေနျပန္တယ္။ ဒီႏွစ္မွာေတာ့ တရုတ္အေျခစုိက္အသင္း Wings Gaming က အႏုိင္ရရွိခဲ့ကာ ခ်န္ပီယံအသင္းအျဖစ္ ဆုေၾကးေငြေဒၚလာကုိးသန္းေက်ာ္ကို ရရွိသြားခဲ့ပါတယ္။

၄. The International 2015

၂၀၁၅ ခုႏွစ္ ဇူလိုင္မွ ၾသဂုတ္လအထိ က်င္းပခဲ့တဲ့ Dota 2 ၿပိဳင္ပြဲႀကီးမွာ စုစုေပါင္းဆုေၾကးေငြ ၁၈.၄၂ သန္းေက်ာ္ ခ်ီးျမွင့္ခဲ့ပါတယ္။ ဒီႏွစ္မွာ Dota 2 ဂိမ္းဟာ အရွိန္အဟုန္ေကာင္းေကာင္းနဲ႔ လူႀကိဳက္မ်ားခဲ့ၿပီး လစဥ္ ကစားသူမ်ားျပားစြာ ရွိခဲ့တဲ့ ကာလေတြလည္း ျဖစ္ပါတယ္။ ခ်န္ပီယံဆုကို အေမရိကန္အသင္းတစ္သင္းျဖစ္တဲ့ နာမည္ႀကီး Evil Geniuses မွဆြတ္ခူးရရွိခဲ့ကာ ေဒၚလာ ၆.၆၃ သန္းကို ရရွိခဲ့ပါတယ္။ အႏုိင္ရရွိသူေတြဟာ တစ္ေယာက္ကို ေဒၚလာတစ္သန္းေက်ာ္ရရွိခဲ့ျခင္းျဖစ္ၿပီး Evil Geniuses အသင္းရဲ႕ Mid-lane ကစားသမား Sumail ဟာ ထုိစဥ္က အသက္ ၁၆ ႏွစ္သာ ရွိပါေသးတယ္။

၅. The International 2014

၂၀၁၄ ခုႏွစ္ဟာ Dota 2 ဂိမ္းကို Beta Key ေတြနဲ႔မဟုတ္ဘဲ လူတုိင္းလြတ္လပ္စြာ စတင္ ေဆာ့ကစားႏုိင္လာခဲ့တဲ့ အခ်ိန္အခါလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ Esports သမုိင္းတေလ်ာက္မွာ ဆုေၾကးေငြ အေမရိကန္ေဒၚလာဆယ္သန္းကို စတင္ခ်ီးျမွင့္ႏုိင္ခဲ့တဲ့ ပထမဆုံးၿပိဳင္ပြဲအျဖစ္လည္း သမုိင္းဝင္ခဲ့တယ္။ ထိုစဥ္က အသင္း ၁၆ သင္းသာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၿပီး ပထမဆုကို တရုတ္အသင္း Newbee မွ ရရွိခဲ့ပါတယ္။ ပထမဆုကေတာ့ အေမရိကန္ေဒၚလာ ငါးသန္းပါ။

၆. LOL World Championship 2016

League of Legends ဂိမ္းဟာ အမွန္တကယ္ေတာ့ Dota 2 ဂိမ္းထက္ ကစားသူ ပုိမ်ားျပားၿပီး MOBA အမ်ဳိးအစားတူျဖစ္ေပမယ့္ ကစားပုံအနည္းငယ္ ကြဲျပားတဲ့ ဂိမ္းတစ္ခုပါ။ ဒါ့အျပင္ ၿပိဳင္ပြဲဖြင့္ပြဲေတြကို အင္မတန္ ခမ္းနားစြာ က်င္းပေလ့ရွိတာေၾကာင့္ လူသိမ်ားပါတယ္။ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာမွာ ေဆာ့ကစားခဲ့တဲ့ LOL World Championship ပြဲကို အေမရိကန္ႏုိင္ငံမွာ က်င္းပခဲ့ကာ စုစုေပါင္း ဆုေၾကးေငြ ၅.၀၇ သန္း ေပးအပ္ခဲ့တယ္။ ဖိုင္နယ္မွာ ေတာင္ကုိရီးယားအေျခစုိက္ အသင္းႏွစ္သင္းျဖစ္တဲ့ SK Telecom T1 နဲ႔ Samsung Galaxy တုိ႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ကာ SK Telecom အသင္းက ၃ – ၂ ရလဒ္ျဖင့္ အႏုိင္ရရွိခဲ့ကာ ဆုေၾကးေငြ ေဒၚလာ ၂ သန္းေက်ာ္ကို ပုိင္ဆုိင္ခဲ့တယ္။ ဒီပြဲဟာ LOL သမုိင္းတေလ်ာက္ ဆုေၾကးအမ်ားဆုံးပြဲလည္း ျဖစ္ပါတယ္။

၇. LOL World Championship 2017

၂၀၁၇ ခုႏွစ္မွာ က်င္းပခဲ့တဲ့ LOL World Championship ၿပိဳင္ပြဲကုိေတာ့ တရုတ္ႏုိင္ငံမွာ က်င္းပခဲ့ၿပီး စုစုေပါင္းဆုေၾကးက အေမရိကန္ေဒၚလာ ၄.၉၅ သန္း ေပးအပ္ခဲ့ပါတယ္။ ၂၀၁၆ တုန္းက ဖိုင္နယ္ေရာက္ခဲ့တဲ့ ကိုရီးယားအသင္းႏွစ္သင္းဟာ ဆီမီးဖိုင္နယ္မွာ အိမ္ရွင္တရုတ္အသင္းေတြကို ကိုယ္စီအႏုိင္ရၿပီး ခ်န္ပီယံဆုကို ေနာက္တစ္ခါ ျပန္လုခဲ့ရကာ ဒီတစ္ႀကိမ္မွာေတာ့ Samsung Galaxy အသင္းဟာ SK Telecom အသင္းကို သုံးပြဲျပတ္အႏုိင္ရရွိၿပီး လက္စားေျခႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ဆုေၾကးေငြကေတာ့ အေမရိကန္ေဒၚလာ ၁.၇ သန္းေက်ာ္သာ ရရွိခဲ့ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီၿပိဳင္ပြဲဟာ LOL သမုိင္းတေလ်ာက္မွာ အေကာင္းဆုံးၿပိဳင္ပြဲလုိ႔ လူေတြက လက္ခံထားၾကကာ ေနာက္ဆုံးဖိုင္နယ္ပြဲစဥ္ေတြကို အင္တာနက္မွ ၾကည့္ရႈခဲ့သူ စုစုေပါင္းဦးေရ သန္း ၆၀ ေက်ာ္ထိ ရွိခဲ့ပါတယ္။

[Unicode]

တစ်ချိန်က ကွန်ဆိုးဂိမ်းစက်တစ်လုံးမှာ သို့မဟုတ် Arcade ဂိမ်းစက်တစ်ခုမှာ လူသားကစားသူ နှစ်ဦး ဘေးချင်းတိုက် ယှဉ်ပြိုင်ခဲ့ပြီး နောက်ပိုင်းမှာ LAN လိုကယ်နက်ဝပ်ချိတ်ဆက်ယှဉ်ပြိုင်ရာကနေ အခုတော့ အိမ်ကနေ ထိုင်ရာမထ နိုင်ငံတကာပြိုင်ပွဲတွေကို ဝင်ရောက်နိုင်တဲ့ထိ အီလက်ထရောနစ် အားကစား (Esports) က တိုးတက်ခဲ့ပါပြီ။

၂၀၁၈ နှစ်ကုန်ခါနီးထိ ကျင်းပခဲ့သမျှ Esports ပွဲတွေထဲမှာ ဆုကြေးငွေ (Prizepool) အများဆုံးအဖြစ် မှတ်တမ်းတင်ထားတဲ့ Esports ပြိုင်ပွဲကြီးတွေကို ဗဟုသုတအနေနဲ့ မိတ်ဆက်ပေးပါရစေ။

၁. The International 2018

၂၀၁၈ ခုနှစ် သြဂုတ်လမှာ ကျင်းပခဲ့တဲ့ Valve ကုမ္ပဏီမှ ကြီးမှူးကျင်းပတဲ့ ၎င်းတို့ရဲ့ Dota 2 ဂိမ်း နှစ်ပတ်လည်ပြိုင်ပွဲကြီးမှာ အသင်းပေါင်း ၁၈ သင်းဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး စုစုပေါင်း ဆုကြေးငွေ အမေရိကန် ဒေါ်လာ ၂၅.၅၃ သန်းထိ ချီးမြှင့်ခဲ့ပါတယ်။ ဒီလိုချီးမြှင့်နိုင်တာဟာ Valve ကုမ္ပဏီက The International (အတိုကောက် Ti) ပြိုင်ပွဲနီးကပ်လာတဲ့အခါ ဒစ်ဂျစ်တယ်မှတ်စုစာအုပ်ဖြစ်တဲ့ Compendium တွေကို ထုတ်ရောင်းပြီး ရောင်းရငွေရဲ့ ၂၅% ကို ဆုကြေးငွေထဲ ပေါင်းထည့်ပေးခဲ့လို့ ဖြစ်ပါတယ်။ ပထမဆုကို ဥရောပ အသင်းတစ်ခုဖြစ်တဲ့ OG အသင်းကရရှိခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၁၁.၂၃ သန်းကျော် ပိုင်ဆိုင်ခဲ့ပါတယ်။

၂. The International 2017

ဒုတိယနေရာမှာတော့ ၂၀၁၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ Ti7 Dota 2 ချန်ပီယံရှစ်က စုစုပေါင်း ဆုကြေးငွေ ၂၄.၇၈ သန်းနဲ့ တည်ရှိနေပါတယ်။ Valve အတွက်တော့ နှစ်စဉ်ရောင်းချတဲ့ Compendium တွေကနေ ရတဲ့ငွေကို ဆုကြေးငွေထဲ ပေါင်းထည့်ခြင်းဖြင့် ဆုကြေးတွေ တိုးတက်လာခဲ့သလို နှစ်စဉ် ဝယ်ယူချင်အောင်လည်း In-game Item တွေ၊ Quest တွေနဲ့ ဆွဲဆောင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် Ti ချန်ပီယံကတော့ ဥရောပအသင်းပဲဖြစ်တဲ့ Team Liquid ဖြစ်ကာ ပထမဆုအဖြစ် ဒေါ်လာ ၁၀.၈၆ သန်းကျော် ရရှိခဲ့ပါတယ်။

၃. The International 2016

တတိယနေရာမှာ ၂၀၁၆ ခုနှစ်က ကျင်းပခဲ့တဲ့ Ti6 ပြိုင်ပွဲက စုစုပေါင်းဆုကြေးငွေ အမေရိကန်ဒေါ်လာ ၂၀.၇၇ သန်းဖြင့် ရပ်တည်နေပြန်တယ်။ ဒီနှစ်မှာတော့ တရုတ်အခြေစိုက်အသင်း Wings Gaming က အနိုင်ရရှိခဲ့ကာ ချန်ပီယံအသင်းအဖြစ် ဆုကြေးငွေဒေါ်လာကိုးသန်းကျော်ကို ရရှိသွားခဲ့ပါတယ်။

၄. The International 2015

၂၀၁၅ ခုနှစ် ဇူလိုင်မှ သြဂုတ်လအထိ ကျင်းပခဲ့တဲ့ Dota 2 ပြိုင်ပွဲကြီးမှာ စုစုပေါင်းဆုကြေးငွေ ၁၈.၄၂ သန်းကျော် ချီးမြှင့်ခဲ့ပါတယ်။ ဒီနှစ်မှာ Dota 2 ဂိမ်းဟာ အရှိန်အဟုန်ကောင်းကောင်းနဲ့ လူကြိုက်များခဲ့ပြီး လစဉ် ကစားသူများပြားစွာ ရှိခဲ့တဲ့ ကာလတွေလည်း ဖြစ်ပါတယ်။ ချန်ပီယံဆုကို အမေရိကန်အသင်းတစ်သင်းဖြစ်တဲ့ နာမည်ကြီး Evil Geniuses မှဆွတ်ခူးရရှိခဲ့ကာ ဒေါ်လာ ၆.၆၃ သန်းကို ရရှိခဲ့ပါတယ်။ အနိုင်ရရှိသူတွေဟာ တစ်ယောက်ကို ဒေါ်လာတစ်သန်းကျော်ရရှိခဲ့ခြင်းဖြစ်ပြီး Evil Geniuses အသင်းရဲ့ Mid-lane ကစားသမား Sumail ဟာ ထိုစဉ်က အသက် ၁၆ နှစ်သာ ရှိပါသေးတယ်။

၅. The International 2014

၂၀၁၄ ခုနှစ်ဟာ Dota 2 ဂိမ်းကို Beta Key တွေနဲ့မဟုတ်ဘဲ လူတိုင်းလွတ်လပ်စွာ စတင် ဆော့ကစားနိုင်လာခဲ့တဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Esports သမိုင်းတလျောက်မှာ ဆုကြေးငွေ အမေရိကန်ဒေါ်လာဆယ်သန်းကို စတင်ချီးမြှင့်နိုင်ခဲ့တဲ့ ပထမဆုံးပြိုင်ပွဲအဖြစ်လည်း သမိုင်းဝင်ခဲ့တယ်။ ထိုစဉ်က အသင်း ၁၆ သင်းသာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆုကို တရုတ်အသင်း Newbee မှ ရရှိခဲ့ပါတယ်။ ပထမဆုကတော့ အမေရိကန်ဒေါ်လာ ငါးသန်းပါ။

၆. LOL World Championship 2016

League of Legends ဂိမ်းဟာ အမှန်တကယ်တော့ Dota 2 ဂိမ်းထက် ကစားသူ ပိုများပြားပြီး MOBA အမျိုးအစားတူဖြစ်ပေမယ့် ကစားပုံအနည်းငယ် ကွဲပြားတဲ့ ဂိမ်းတစ်ခုပါ။ ဒါ့အပြင် ပြိုင်ပွဲဖွင့်ပွဲတွေကို အင်မတန် ခမ်းနားစွာ ကျင်းပလေ့ရှိတာကြောင့် လူသိများပါတယ်။ ၂၀၁၆ ခုနှစ် အောက်တိုဘာမှာ ဆော့ကစားခဲ့တဲ့ LOL World Championship ပွဲကို အမေရိကန်နိုင်ငံမှာ ကျင်းပခဲ့ကာ စုစုပေါင်း ဆုကြေးငွေ ၅.၀၇ သန်း ပေးအပ်ခဲ့တယ်။ ဖိုင်နယ်မှာ တောင်ကိုရီးယားအခြေစိုက် အသင်းနှစ်သင်းဖြစ်တဲ့ SK Telecom T1 နဲ့ Samsung Galaxy တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကာ SK Telecom အသင်းက ၃ – ၂ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ကာ ဆုကြေးငွေ ဒေါ်လာ ၂ သန်းကျော်ကို ပိုင်ဆိုင်ခဲ့တယ်။ ဒီပွဲဟာ LOL သမိုင်းတလျောက် ဆုကြေးအများဆုံးပွဲလည်း ဖြစ်ပါတယ်။

၇. LOL World Championship 2017

၂၀၁၇ ခုနှစ်မှာ ကျင်းပခဲ့တဲ့ LOL World Championship ပြိုင်ပွဲကိုတော့ တရုတ်နိုင်ငံမှာ ကျင်းပခဲ့ပြီး စုစုပေါင်းဆုကြေးက အမေရိကန်ဒေါ်လာ ၄.၉၅ သန်း ပေးအပ်ခဲ့ပါတယ်။ ၂၀၁၆ တုန်းက ဖိုင်နယ်ရောက်ခဲ့တဲ့ ကိုရီးယားအသင်းနှစ်သင်းဟာ ဆီမီးဖိုင်နယ်မှာ အိမ်ရှင်တရုတ်အသင်းတွေကို ကိုယ်စီအနိုင်ရပြီး ချန်ပီယံဆုကို နောက်တစ်ခါ ပြန်လုခဲ့ရကာ ဒီတစ်ကြိမ်မှာတော့ Samsung Galaxy အသင်းဟာ SK Telecom အသင်းကို သုံးပွဲပြတ်အနိုင်ရရှိပြီး လက်စားခြေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆုကြေးငွေကတော့ အမေရိကန်ဒေါ်လာ ၁.၇ သန်းကျော်သာ ရရှိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီပြိုင်ပွဲဟာ LOL သမိုင်းတလျောက်မှာ အကောင်းဆုံးပြိုင်ပွဲလို့ လူတွေက လက်ခံထားကြကာ နောက်ဆုံးဖိုင်နယ်ပွဲစဉ်တွေကို အင်တာနက်မှ ကြည့်ရှုခဲ့သူ စုစုပေါင်းဦးရေ သန်း ၆၀ ကျော်ထိ ရှိခဲ့ပါတယ်။