ဈေးနှုန်းသက်သက်သာသာ၊ မျက်နှာပြင်ကျယ်ကျယ်နဲ့ အင်တာနက်ကောင်းကောင်းသုံးချင်တဲ့သူတွေအတွက်ဆိုရင်တော့ Moto C Plus ဖုန်းက ရွေးချယ်သင့်တဲ့ဖုန်းပါ။

တန်ဖိုးသင့်တင့် ဖုန်းတွေထဲမှာဆိုရင်တော့ Moto C Plus ဖုန်းက လူကြိုက်များတဲ့ ဖုန်းအမျိုးအစားဖြစ်ပါတယ်။

သူ့ကို အမေရိကန်ဒေါ်လာ ၁၃၁ ဒေါ်လာနဲ့ Moto စမတ်ဖုန်း ကုမ္ပဏီက စတင်ရောင်းချနေပါတယ်။

မျက်နှာပြင် အရွယ်အစား

Moto C Plus ဖုန်းရဲ့ မျက်နှာပြင်က ၅ လက်မ ရှိပြီး resolution က 1280×720 ရှိပါတယ်။

ကင်မရာ

အရှေ့ကင်မရာကတော့ Megapixel 8 ပါဝင်ပြီး focus ဖြတ်ရာမှာလည်း မြန်ဆန်ပါတယ်။ အဲ့ဒီအပြင် LED Flash မီးတွေလည်းပါဝင်ပါတယ်။

အနောက်ကင်မရာကတော့ Megapixel 2 ရှိပြီး မျက်နှာကို သူ့အလိုလို Focus ဖြတ်တဲ့ စနစ်လည်း ပါဝင်ကာ Flash မီးလည်း ပါဝင်ပါတယ်။

Processor

ဖုန်းမှာ 1 GB ဒါမှမဟုတ် 2 GB Ram ပါရှိပြီး၊ 1.3 GHz quad-core processor ပါဝင်ပါတယ်။ Storage ကတော့ 16 GB ရှိပါတယ်။ Micro SD ကဒ်ထပ်စိုက်ရင် 32 GB အထိ မှတ်နိုင်ပါတယ်။

အဲ့ဒီအပြင် ဘက်ထရီကလည်း 4000 mAh ဖြုတ်လို့တပ်လို့ရတဲ့ ဘက်ထရီ သုံးထားတကြောင့် ကြာရှည်ခံမှာပါ။

Dual SIM ကဒ်ပါဝင်ပြီး 4G စမတ်ဖုန်းလည်းဖြစ်ပါတယ်။

Android 7.0 Nougat ကို သုံးထားပါတယ်။

အရောင်

ဖုန်းမှာ ပုလဲဖြူ၊ ရွှေရောင်၊ အမည်းရောင်နဲ့ အနီရောင်နဲ့ ထုတ်လုပ်ထားကာ ဥရောပ၊ လက်တင်အမေရိက နဲ့ အာရှ ဖိစိဖိတ်ဒေသတွေမှာတော့ စတင်ရောင်းချနေပါပြီ။