Motorola က Moto E20 ကို ပြီးခဲ့တဲ့ ၁ ပတ်မှာ ကြေညာခဲ့ပြီး Android 11 Go Edition စမတ်ဖုန်း ဖြစ်ပါတယ်။ ကုမ္ပဏီက Moto E20 ထက် ပိုစွမ်းရည်မြင့်တဲ့ စမတ်ဖုန်း ၁ လုံးကိုလည်း ဖန်တီးနေပါတယ်။ အဲဒီ စမတ်ဖုန်းက Moto E40 ဖြစ်ပြီး @evleaks က အဲဒီ စမတ်ဖုန်းရဲ့ သတင်းအချက်အလက် တချို့ကို မျှဝေလိုက်ပါတယ်။

Moto E40 မှာ Octa-core Processor ပါလာမှာ ဖြစ်ပြီး နာမည်အတိအကျကို မသိရသေးပါဘူး။ E20 မှာ ထည့်ထားတဲ့ Unisoc T606 ဖြစ်နိုင်သလို ပိုကောင်းတဲ့ Chipset လည်း ထည့်သွင်းထားနိုင်ပါတယ်။ T606 ကလည်း အညံ့စားမဟုတ်ဘဲ Cortex-A75 Core ၂ လုံးနဲ့ A55 Core ၆ လုံး ပါပါတယ်။

Motorola prepares Moto E40 in Europe with a price tag of 160 euros - Geek  Tech Online

E40 မှာ 90Hz Refresh Rate ထောက်ပံ့ထားပြီး ၆.၅ လက်မ 720p+ မျက်နှာပြင် ပါလာမှာက E20 နဲ့ ကွဲပြားနေပါတယ်။ E20 မှာ ၆.၅ လက်မ 60Hz မျက်နှပြင်ပဲ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ E40 ရဲ့ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားမှာ ဖြစ်ပြီး 48MP Main ကင်မရာ ပါလာမှာပါ။ Android Go ဖုန်းတွေထဲမှာ 48MP Main ကင်မရာ ပါလာတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။ ကျန်တဲ့ ကင်မရာ ၂ လုံးအကြောင်း မသိရသေးပေမယ့် Ultrawide နဲ့ Macro+Depth ကင်မရာတွေ ဖြစ်နိုင်ပါတယ်။

E40 ရဲ့ တခြား Specs တွေဟာ Moto G20 နဲ့ တူညီကောင်း တူညီနိုင်ပါတယ်။ Moto G20 မှာ Unisoc T700 Chipset ၊ ၆.၅ လက်မ 720p+ 90Hz မျက်နှာပြင်နဲ့ 48+8+2+2MP Quad ကင်မရာတွေ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ E40 နဲ့ G20 ဟာ ဆက်စပ် နိုင်စရာ ရှိပါတယ်။

Ref : gsmarena