Zawgyi





Ref – GSM Arena

Unicode

ကြိုတင်မကြေငြာထားတဲ့ Motorola Moto E6 Plus စမတ်ဖုန်းဟာ ယနေ့မှာ Geekbench ပေါ် ရောက်လာခဲ့ပြီး အရေးပါတဲ့ Specs အချို့ကိုပါ သိရှိခွင့်ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလတုန်းက Motorola E6 ကိုမြင်ခဲ့ရပြီး အဆိုပါဖုန်းမှာ Snapdragon 430 ကို အသုံးပြုထားခဲ့တယ်။ အခု Moto E6 Plus မှာတော့ MediaTek Helio P22 ကို ပြောင်းလဲအသုံးပြုလာပြီး Clock ပိုမြင့်တဲ့ 2.0GHz Cortex-A53 Cores တွေနဲ့အတူ ပိုသေးတဲ့ 14nm Process တည်ဆောက်ပုံဖြစ်ပါတယ်။

မနှစ်က Moto E5 Plus တုန်းကတော့ 2GB နဲ့ 3GB RAM မန်မိုရီရွေးချယ်မှုတွေ ပါဝင်တာကြောင့် အခုနှစ် Moto E6 Plus ဟာ အနည်းဆုံး 4GB မဟုတ်ရင်တောင် 2 GB / 3GB RAM တော့ ဆက်ပါလာမယ်လို့ မျှော်လင့်ရတယ်။ E6 Plus ဟာ Single-core စမ်းသပ်ချက်မှာ အမှတ် 820 ရရှိခဲ့ကာ Multi-core မှာတော့ 3637 ရလဒ်ထွက်ထားပါတယ်။

Moto E5 မိသားစုဖြစ်တဲ့ E5, E5 Plus နဲ့ E5 Play တို့ဟာ မနှစ်က ဧပြီလမှာ မိတ်ဆက်ခဲ့ကြတာကြောင့် Moto E6 Plus ဟာလည်း မကြာခင်အမှာစာ စတင်လက်ခံလာမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena